အပိုင်း ၅၀ - သူတို့မှာ မကောင်းတဲ့အကြံအစည်ရှိရင် ဒီအတိုင်း ဖျက်ဆီးလိုက်မယ်

191 19 0
                                    

ဤ အမျိုးသမီးစီးပွားရေးသမားသည် သူ့ထံမှ ဆေးလုံးကို ဝိညာဉ်ကျောက်တုံး ၃၀၀၀ ဖြင့် ဝယ်ကာ ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ဖြင့် ပြန်ရောင်း၏။

၎င်းသည် အနည်းငယ် မလွန်ပေဘူးလား။

ဟန်မူယဲ့၏လေသံတင်းတင်းအား ကြားလျှင် ပိုင်စုကျန်း ပြုံးလျှက် လျှောက်လာသည်။

"စီနီယာအစ်ကိုဟန်... ကျွန်မလည်း ပိုက်ဆံရှာရတာ မလွယ်ပါဘူး။ အမြင့်ဆုံးအရည်အသွေး တိမ်မြူဆေးလုံးရဲ့ စျေးကွက်တန်ကြေးက ဝိညာဉ်ကျောက်တုံး ၄၀၀၀ နဲ့ ၅၀၀၀ ကြားမှာပဲရှိတာပါ"

"ညီမ ယွီရှက အဲဒီစျေးနှုန်းနဲ့ ဝယ်သွားတယ်ဆိုတာ အရမ်းအရေးတကြီးလိုလို့ပါ"

"ဒီလိုလုပ်ပါလား။ သူမဆီက ရတဲ့ အကျိုးအမြတ်အားလုံးကို ရှင့်ကို ပေးမယ်လေ"

ပိုင်စုကျန်းက အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးအား ဟန်မူယဲ့ကို တွန့်ဆုတ်စွာ ပေးသည်။

ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးအား ယူလိုက်ကာ သူ၏အိတ်ကပ်ထဲကို ထည့်လိုက်သည်။ ထို့နောက် သူက တင်းမာစွာ ပြောသည်။

"အမြင့်ဆုံးအရည်အသွေးတိမ်မြူချီဆေးလုံးကို ဝယ်တဲ့လူတွေအကုန်လုံးက အရေးပေါ်လိုတဲ့သူတွေချည်းမလား"

ပိုင်စုကျန်း၏အပြုံးမှာ တောင့်တင်းသွား၏။ သူမက ပြန်မဖြေပါ။

ဟန်မူယဲ့က ကျောက်စိမ်းပုလင်းငယ် ၂လုံးအား ထုတ်လိုက်ကာ ကောင်တာ၌ တင်လိုက်သည်။

"ကျုပ်ခင်ဗျားကို စျေးကွက်တန်ကြေးရဲ့တစ်ဝက်ကိုပဲ တောင်းမယ်။ ပြီးတော့ ဆေးအမယ်တွေကို ခင်ဗျား ကျခံပေးရမယ်"

ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဟု သတ်မှတ်လိုက်ခြင်းက တန်ကြေးမှာ နှစ်ဆ ဖြစ်သွားခြင်းပင်။

ပိုင်စုကျန်း၏အမူအရာက သိပ်မကောင်းတော့ပါ။ သူမက စကားပြောရန် ပြင်လိုက်စဉ် ဟန်မူယဲ့ လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

"ခင်ဗျား ယူမလား"

"မယူဘူးဆိုရင် ကျုပ်ပေးတဲ့ သဘောတူညီချက်ကို မေ့လိုက်ပါ"

တုနှိုင်းမဲ့ ဓားထိန်းWhere stories live. Discover now