အပိုင်း ၇၆ - ပြောင်းပြန်ဓားသိုင်း၊ ဘယ်သန်ဓား

161 17 0
                                    

ဓားစံအိမ်က အံ့အားသင့်နေသော လူစုအား ကြည့်ကာ ထူးမခြားနားစွာ ပြောသည်။

"ငါက သေမျိုးအစားအစာတွေ မစားခဲ့တာ နှစ် ၃၀ တောင်ရှိသွားပြီ"

"ထိုင်ကြ..."

ဓားစံအိမ်အကြီးအကဲက သူတို့အား ကြည့်ကာ ပြောသည်။

ဟန်မူယဲ့ကလည်း အားလုံးကို အချက်ပြကာ လူတိုင်းကို ထိုင်စေသည်။

ဓားစံအိမ်အကြီးအကဲက လက်ဝှေ့ယမ်းလိုက်လျှင် စားပွဲပေါ်၌ သေရည်ခွက်များ ပေါ်လာ၏။

ဟန်မူယဲ့က အလျင်အမြန်ထကာ သေရည်အိုးအား ကိုင်လျှက် ခွက်များအား သေရည်များဖြင့် ဖြည့်လိုက်သည်။

"ကျွန်တော်တို့က အကြီးအကဲနဲ့အတူ ထိုင်တာ ရှားပါးတယ်။ အားလုံး..."

ဟန်မူယဲ့က ခွက်ကို မြှောက်လျှက် ပြောသည်။

သူ၏အမြင်တွင် ဓားစံအိမ်အကြီးအကဲမှာ ကုမ္မဏီ တစ်ခု၏အုပ်ချုပ်သူသာ ဖြစ်သည်။

သူတို့က အချင်းချင်း သိပ်စကား မပြောဖြစ်သော်လည်း သူသည် လူသားတစ်ဦးသာ ဖြစ်သည်။ သူတို့က အချိန်ကြာကြာ ပြောဆိုဆက်သွယ်လာပါက သေချာပေါက် ရင်းနှီးလာပေလိမ့်မည်။

သူသည် ဓားစံအိမ်၌ ကြာကြာ ကျင့်ကြံခြင်းမရှိသေးခြင်းကြောင့်ပေလော မသိပေ၊ သူသည် ကျင့်ကြံဆင့်မြင့်မားသူများကို အထင်ကြီးသော သဘောထား မရှိသေးပေ။

အကြီးအကဲနှင့်အတူ သေရည်သောက်သည်လား။

ဟွမ်လောင်လျှိုနှင့် တခြားလူများကလည်း အလျင်အမြန် သေရည်ခွက်ကို မြှောက်လိုက်ကြသည်။

သူတို့သည် ဓားစံအိမ်အကြီးအကဲနှင့် အတူတူသေရည်သောက်ခွင့်ရမည်ကို မဆိုထားနှင့်၊ အတူတူထိုင်ရန်ပင် အဆင့်မှီသည်ဟု မည်သည့်အခါကမှ မတွေးမိကြပေ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ ဓားစံအိမ်အကြီးအကဲနှင့်အတူ သေရည်အတူသောက်ခွင့်ရသူများမှာ ကမ္ဘာမြေအဆင့်ကျင့်ကြံသူများသာ ဖြစ်သည်။

ဓားစံအိမ်အကြီးအကဲက ပြုံးလျှက် သေရည်ခွက်ကို မြှောက်သည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောသည်။

တုနှိုင်းမဲ့ ဓားထိန်းWhere stories live. Discover now