သမင်တောင်ကုန်း၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း အခြေစိုက်စခန်း။
ဂိုဏ်းသူ၊ဂိုဏ်းသားများသည် တကွဲတပြား ထိုင်ကာ ဝမ်းသာအားရ ပြောဆိုနေကြသည်။
ယနေ့တိုက်ပွဲတွင် ဓားစံအိမ်အကြီးအကဲ၏ကောင်းကင်ဓားသည် သူတို့၏စိတ်လှုပ်ရှားမှုကို အမြင့်ဆုံး နှိုးဆွခဲ့သည်။
ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည်ကား တိုက်ပွဲရလဒ် ဖြစ်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ဓားဂိုဏ်းကြီးလေးဂိုဏ်းတွင် နောက်ဆုံးနေရာကို ယူမည့်သူမှာ တခြားဂိုဏ်းမှ ဖြစ်သွားနိုင်သည်။
တခြားတစ်ဖက်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ကြီးမားသော အောင်ပွဲသည် အနောက်ဘက်နယ်စပ်ကုန်းမြေအား တဖန် ပြန်လည်လှုပ်ခတ်ပေဦးမည်။
ဂိုဏ်းက အင်အားကြီးထွားလာခြင်းအတွက် သူတို့ မပျော်ရွှင်ရပေဘူးလား။
တောင်ထိပ်တွင်ကား အစိမ်းရောင်ရွက်ဖျင်တဲများ ရှိသည်။
၎င်းအထဲမှ တစ်ခုတွင် ဟန်မူယဲ့သည် မော့ယွမ်နှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။
ထိုအခိုက်တွင် မော့ယွမ်၏မျက်နှာမှာ ပြာနှမ်းနေသော်လည်း သူ့မျက်လုံးများ တောက်ပနေ၏။
"ကောင်လေးဟန်... အကြီးအကဲကောင်းက အဲဒီဓားချက်ကို သုံးတဲ့အချိန် ငါဟာ သူနဲ့ ပေတစ်ထောင်အကွာပဲရှိတယ်"
မော့ယွမ်က စိတ်လှုပ်ရှားစွာ ပြောသည်။
"ငါ့ရဲ့ ဓား ၁၀,၀၀၀ တို့အိမ်အပြန် ဘာကို လိုအပ်နေသေးသလဲ ငါ နားလည်သွားတယ်"
သူက လက်သီးတင်းတင်းဆုပ်ကာ ပြောသည်။
"လိုနေတာ တကယ့် ဓား ၁၀,၀၀၀ ပဲ"
{P.S. ဓားသိုင်းပညာများကို ဆိုလိုသည်}
"နှစ် ၂၀၀ ကြာပြီးတာတောင် ငါဟာ အချိန်တွေ ဖြုန်းမိနေတုန်းပဲ"
"အပြင်စည်းဂိုဏ်းမှာ ရှိနေတဲ့ ဓားသိုင်းတွေက ငါ့ရဲ့ ဓားဆန္ဒအပေါ်မှာ သက်ရောက်မှုအားနည်းတယ်"
...
ထိုအခိုက်တွင် မော့ယွမ်သည် အနည်းငယ် ရူးသွပ်သယောင် ရှိနေသည်။ သူသည် သူ့အတွေးအမြင်များကို အဆက်မပြတ် ပြောဆိုကာ ဓား ၁၀,၀၀၀ တို့အိမ်အပြန်နှင့်ပတ်သက်၍ ကောက်ချက်များ ချနေသည်။
YOU ARE READING
တုနှိုင်းမဲ့ ဓားထိန်း
Fantasyမူရင်းနာမည်_ Maximum Comprehension: Taking Care of Swords In A Sword Pavilion မူရင်းစာရေးဆရာ_ I Am Not A Chibi ဘာသာပြန်_ ဦးဝင်းချို