အပိုင်း ၇၈ - ခေါင်းလောင်းသံ တညံညံ

142 16 0
                                    

ထန်မင်းက ငြင်းပယ်မည် ပြုစဉ်မှာပင် ဟန်မူယဲ့က နောက်ထပ် ကျောက်စိမ်းပုလင်းငယ်တစ်လုံးအား ထုတ်ယူလိုက်သည်။

"အစ်ကိုထန်... ဒီဆေးပုလင်းကို အံ့ဖွယ်အကြီးအကဲကို ပေးပေးပါ"

ထန်မင်းက ခေါင်းညိတ်ကာ ယူလိုက်သည်။

သူကိုယ်တိုင်အတွက်က ပြဿနာမရှိပေ။ သို့သော်လည်း အံ့ဖွယ်အကြီးအကဲထံသို့ ပေးပို့ရမည့်အရာကို ငြင်းပယ်ခြင်းက မသင့်တော်ပါ။

လက်ဆောင်မှာ သေးငယ်သော်လည်း အဓိပ္ပာယ်များစွာ ရှိသည်။ အံ့ဖွယ်အကြီးအကဲက ထိုဆေးလုံးကို တန်ဖိုးထားမည်မဟုတ်သော်လည်း ၎င်းနောက်ကွယ်မှ အလေးထားမှုကို လျစ်လျူရှုမည် မဟုတ်ပေ။

"စီနီယာအစ်ကိုထန်... အားလုံးကို ဂရုစိုက်ဖို့ ပြောပေးပါ။ ချင်သုံးပါးဓားဂိုဏ်းဟာ ချောင်ပိတ်ရိုက်ခံရတဲ့ ခွေးလိုပဲ။ အန္တရာယ်ကြီးတယ်"

ထန်မင်းက ဆေးပုလင်းများကို သိမ်းဆည်းလိုက်လျှင် ဟန်မူယဲ့က ထပ်ပြောသည်။

ခုနက သူသည် ဓားတစ်လက်ကို ဆွဲထုတ်လိုက်စဉ်က ချင်သုံးပါးဓားဂိုဏ်းသည် အမှန်တကယ် အသည်းအသန်အခြေအနေသို့ ရောက်နေကြောင်း သိခဲ့ရသည်။

သို့သော်လည်း သူတို့မှာ နောက်ဆုံးအကြိမ် သေခြင်းရှင်ခြင်းတိုက်ပွဲအတွက် ပြင်ဆင်နေကြကာ ကျင့်ရှန်းဓားဂိုဏ်းထံသို့ ထွက်ပြေးရန် စီစဉ်နေကြ၏။

တိုက်ပွဲအနေအထားက မတော်တဆ ပြောင်းလဲသွားခြင်းလည်း ဖြစ်နိုင်သည်။

ထန်မင်းက ခေါင်းညိတ်ကာ ဓားပို့ဆောင်သည့်အဖွဲ့နှင့်အတူ ပြန်ထွက်သွားသည်။

သူသည် တောင်ကုန်းဂိတ်တံခါးမှ ထွက်လာပြီးနောက်တွင် ဟန်မူယဲ့ ပေးလိုက်သော ပုလင်းငယ်အား ထုတ်ယူလိုက်သည်။

သူက သိပ်အများကြီး မတွေးသော်လည်း ဆေးလုံးက အနည်းငယ် တန်ဖိုးရှိလောက်သည်။

၎င်းတန်ဖိုးက အနည်းငယ်ရှိပါက သူသည် ဝိညာဉ်ကျောက်တုံးအနည်းငယ်ဖြင့် လှဲလှယ်နိုင်သည်။

တခြားလူများကို ကျောခိုင်းကာ သူသည် ပုလင်းငယ်အား ဖွင့်လိုက်သည်။

တုနှိုင်းမဲ့ ဓားထိန်းWhere stories live. Discover now