Part 1

5.5K 211 2
                                        

မီးရောင်ဖျဖျလေးပင် မရှိသည့် အခန်းကျဥ်းလေးထဲတွင်..ဒေါ်ယွန်းမီ ၏ လက်ချောင်းတို့ ကွန်ပြူတာကီးဘုတ် ပေါ်တွင် ပြေးလွှားလှုပ်ရှားနေသည်။စာရေးဆရာမတစ်ယောက်အတွက် ကီးဘုတ်ဟာ ကစားစရာတစ်ခုလို သွက်လက်စွာ ဆော့ ကစား နိုင်သည်။

ကွန်ပြူတာ၏ အလင်းသည် သူမ မျက်နှာပေါ် ကျရောက်အလင်းဟပ်နေ၍... မျက်မှန်ထူထူ အောက်မှ ‌သူမ မျက်လုံးတို့သည် ကွန်ပြူတာစခရင်ပေါ်တွင် ပေါ်လာသော စာသားတွေကို စူးစိုက်စွာ ကြည့်နေသည်။သူမ မနေ့ညထမင်းစားပြီးတည်းက ခုလို ထိုင်၍ စာရေးနေခြင်းဖြစ်သည်။ ယခု နောက်နေ့ည ထမင်းစားချိန် သို့ရောက်နေပေမဲ့ သူမ လက်တို့ကတော့ အားရှိဆဲ။ ပြေးလွှားဆဲ။သူမကိုယ်တိုင်လည်း တက်ကြွဆဲ။သူမ မျက်လုံးများက အားအင်အပြည့်နှင့် ရှိဆဲ။

"အန်တီ..."

ဒေါ်ယွန်းမီ ‌သည်အခန်းအပေါက်၀ တွင် ရပ်နေသော သူ၏ အခေါ်ကို အရေးမစိုက်ဘဲ စာကိုဆက်၍ ရိုက်နေသည်။

"အန်တီ..."

"၀င်မလာခဲ့နဲ့ လွမ်းစစ်အိမ် ငါစာရေးနေ
တယ်.. နင် မမြင်ဘူးလား"

အထဲသို့ ၀င်လက်စခြေလှမ်းတို့ တစ်ချက် တုံ့ဆိုင်းသွားပေမဲ့ "လွမ်း" ဒေါ်ယွန်းမီ အနားသို့ ဆက်လျှောက်လိုက်သည်။ ဘယ်တုန်းက ဒေါ်ယွန်းမီ စကားကို လွမ်း အရေးစိုက်ဖူးလဲ။

"အန်တီ..."

" အမြဲ ဂျစ်ကန်ကန် နဲ့ ထွက်သွားစမ်း"

မျက်မှန်ကို မာန်ပါပါချွတ်ရင်း ရှေ့မှ "လွမ်း" ကို စိုက်ကြည့်ကာ ဆိုသည်။ ဒေါ်ယွန်းမီ၏ မျက်လုံးအစုံက ကြိမ်းစပ်ကာ အနားယူရန် လို‌အပ်နေသည်ကို သိသော်လဲ သူမ အရေးမစိုက်အားပေ။သုံးခွန်းမြောက် ခေါ်ပြီးချိန်၌ ဒေါယွန်းမီ လွမ်း ကို တည့်တည့်မတ်မတ်နှင့် စူးရှစွာ ၊ မလိုလားစွာ ‌ကြည့်လိုက်၏။

"အန်တီ လွမ်း ရဲ့ စာတွေ ဖတ်ပြီးပြီလား"

"ဘာစာလဲ အရင်လို ပေါက်ကရလေးဆယ်တွေပဲမလား ငါစိတ်မ၀င်စားဘူး လွမ်းစစ်အိမ် ဒါပဲမလား ထွက်သွားစမ်း"

"မဖတ်ရသေးဘဲ ဘာလို့ လွမ်း စာတွေက ပေါက်ကရ ‌ဖြစ်ရမှာလဲ အန်တီရဲ့"

Yes Aunty, I'm Gay Where stories live. Discover now