Part 2
မျက်ရည်စက်တွေကြား အိပ်ပျော်သွားသည့် လူတစ်ယောက်အဖို့ အိပ်မက်ဟာ လှဖို့ လုံး၀ မဖြစ်နိုင်ပါ။"လွမ်း" ပြန်မသွားချင်သည့် ငယ်စဥ်ကလေးဘ၀ ကို ရှိုက်ငင်ရင်းက အိမ်မက်တွေအဖြစ် ပြန်သွားရတော့သည်။"အစ်ကိုရေ...မေ့ သမီးလေးကို စောင့်ရှောက်ပါနော် မေ သမီးလေးကို စိတ်မချဘူး"
သစ်သားအိမ်အိုလေးထဲမှာ ၃နှစ်သားအရွယ် ကလေးငယ် တစ်ဦးကို စောင့်ရှောက်ဖို့ မကြာခင်လူ့ဘ၀မှ ထွက်သွားတော့မည့် မိန်းမတစ်ယောက်ဟာ ခင်ပွန်းသည်ကို အားကိုးတကြီး ဆက်တိုက်မှာနေသည်။ ခင်ပွန်းဖြစ်သူလည်း လူနာအမျိုးသမီး၏ လက်ကို ကိုင်၍ နှစ်သိမ့်နေသလို စောင့်ရှောက်ပါမည်ဟု ကတိကို အထပ်ထပ်ပေးနေသည်။ ထိုသုံးနှစ်သားကလေးဟာ ဘာမျှနားမလည်ဘဲ ဘေးနားမှာ ငြိမ်နေသည်။
"မေ မေ သတိထားပါအုံး...မေ မေ့ မိန်းမ သတိထားပါအုံးကွာ မိန်းမ"
မိန်းမ ဆုံးမှ အော် ၍ ခေါ်ကာ ငိုနေသော အဖေ ကြောင့် "လွမ်း" လည်း ငိုသည်။အဖေ က "လွမ်း" လေးကို ဖက်၍ ငိုသလို အဖေငိုတော့ လွမ်း လည်း ပိုငိုမိသည်။
"လွမ်း လွမ်း ဘာတွေ မက်လို့ ငိုနေရတာလဲ လွမ်း လွမ်း..ထ ထတော့ ထ"
"ဟင်"
မျက်ရည်များနှင့် ချွေးစက်တို့ ရောနေသော "လွမ်း" ဟာ မောဟိုက်စွာ ထ လာခဲ့သည်။ ငိုပြီး အိပ်တိုင်း ခုလို ငယ်ဘ၀ကို ပြန်မြင်ကာ "လွမ်း" ပင်ပန်းရသည်။ ဖေဖေ နှင့် နေစဉ်က အမြဲတစေ ပြန်ပြောင်းပြောပြ၍ ထိုအချိန်ကို ထင်ရှားပြတ်သားစွာ ပုံဖော်ကြည့်နိုင်သည်။
"ရေချိုးလိုက်လေ ငါစောင့်နေပေးမယ်"
"ခနလေးနော် ငါမြန်မြန်ချိုးလိုက်မယ်"
"အင်း"
"လွမ်း" ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းမလေး ဖြူလုံး သည် နာမည်နှင့်လိုက်အောင် ဖြူဖြူဖွေးဖွေးနှင့် ချစ်စရာကောင်းသည်။ ဖြူစင်သန့်ဟူသော နာမည်ရင်းပင် ခေါ်သံမကြားရသည်မှာ ကြာလှပြီ။ရှမ်းလူမျိုးဖြစ်သည်မို့ စကားသံက သူများနှင့် မတူပဲ သေး၍ ချိုသာသည်။ ဖြူးလုံး၏ ဖြူစင်သော အပြုံးတို့ကို သဘောကျသည်ဟု "လွမ်း" အမြဲပြောသည်။"လွမ်း" ဘ၀မှာ တွယ်တာ စရာ ဒေါ်ယွန်းမီ အပြင် ဖြူလုံးပါ ရှိနေပါသေးသည်။

YOU ARE READING
Yes Aunty, I'm Gay
General Fictionအန်တီယွန်းမီ နဲ့ လွမ်းစစ်အိမ် ဆိုတဲ့ အမျိုးသမီးနှစ်ယောက်...သွေးသားမတော်စပ်ပေနဲ့ တစ်အိမ်တည်းမှာ နေကြရက်သားပဲ....သူတို့ကြားက ဆက်နွယ်မှုက ဘာများဖြစ်မလဲ... သည်တစ်ပုဒ်မှာတော့ ချစ်ခြင်းမေတ္တာဟာ သံယောဇဉ်ကို အခြေခံ၍ ဖြစ်ပေါ်လာပုံကို လွမ်းငယ် ရဲ့ မျက်ရည်တွေ...