"အန်တီ..အန်တီ"
အိပ်ယာနိုးလျှင် နွေးထွေးသော အန်တီ့ ရင်ခွင်ထဲတွင် ရောက်နေမည်ဟု "လွမ်း"
ထင်ထားပေမဲ့လည်း ဖြစ်မလာခဲ့ပါ။ရေ
ချိုးခန်းထဲသို့ ဝင်ကြည့်ရန် ခြုံလက်စ စောင်ကို ရင်ဘတ်တွင် လျားလိုက်သည်။ ရေချိုးခန်းထဲ ဝင်ကြည့်သော်လည်း အန်တီ့ ကို မတွေ့သောကြောင့် ကုတင်ဘေးတွင် ကျနေသော အန်တီ့ ညဝတ်အကျီ်ကို ယူဝတ်၍ အောက်ထပ်သို့ ပြေးဆင်းလာသည်။"အန်တီ"
"လွမ်း.."
"လိပ်ပြာလေး"
လှေကားထိပ်မှ အကျီ်ဖားလျားနှင့် "လွမ်း" ထံသို့ ယွန်း ရော ရဲမင်းသူပါ အကြည့်တို့ ပုံကြခဲ့သည်။ ယွန်း၏ ဖားလျားသော ည၀တ်အက်ျနှင့် လွမ်း ဟာ သူစိမ်းရှေ့မှာ ရပ်မိနေနှင့်ပြီး ဖြစ်၏။
"လွမ်း...အထဲ ဝင်တော့"
ခုံမှ ဆတ်ခနဲရပ်၍ အထဲ ဝင်ခိုင်းပေမဲ့ "လွမ်း" အောက်ထပ်သို့ ဆင်းလာသည်။ရဲမင်းသူ၏ အကြည့်အောက်တွင် ခြေလှမ်းမမှားပေမဲ့ အန်တီ့အကြည့်အောက်တွင်တော့ လမ်းပျောက်ရသည်။ ညကမှ ချစ်တင်နှီးနှောခဲ့သည်မလား။ဘ၀၏ ပထဆုံးသော အတွေ့အကြုံကို အန်တီ ဖြည့်စွမ်းခဲ့သည်မလား။ဒါကိုတွေးမိတော့ လွမ်း ပါးလေးဟာ ရဲခနဲ နီဖြန်းသွားရသည်။
"မနက်စောစော ဘာလာလုပ်တာလဲ ကိုရဲမင်းသူ"
"ဒါက..."
"ရဲ ကို အလုပ်ကိစ္စနဲ့ တို့ ချိန်းလိုက်တာ"
"ဒါပေမဲ့..."
"အပေါ်တက်တော့..လွမ်းစစ်အိမ် မင်းအကျီ်သွားလဲသင့်တယ် မထင်ဘူးလား"
"လွမ်း" အပေါ်ထပ်သို့ မတက်သေးဘဲ ရပ်နေသောကြောင့် "ယွန်း" ကိုယ်တိုင် ဆွဲကာ အပေါ်ထပ်သို့ လိုက်ပို့သည်။
"ဘာတွေ ဖြစ်နေတာလဲ လွမ်း"
"ဘာဖြစ်လို့လဲ အန်တီ ...အန်တီကိုယ်နဲ့တောင် ဒီအက်ျကို ၀တ်ပြီး အဲ့လူရှေ့ ထိုင်ဖူးတာပဲကို..လွမ်းကိုယ်နဲ့ ဖားပါတယ် ဒါက"
"မဆိုင်တာတွေ မပြောနဲ့...ရေချိုးပီ့း အ၀တ်လဲတော့"
"ဪ...အန်တီအက်ျ၀တ်ထားလို့ ရဲမင်းသူက အထင်လွှဲနေမှာ စိုးလို့လား"
KAMU SEDANG MEMBACA
Yes Aunty, I'm Gay
Fiksi Umumအန်တီယွန်းမီ နဲ့ လွမ်းစစ်အိမ် ဆိုတဲ့ အမျိုးသမီးနှစ်ယောက်...သွေးသားမတော်စပ်ပေနဲ့ တစ်အိမ်တည်းမှာ နေကြရက်သားပဲ....သူတို့ကြားက ဆက်နွယ်မှုက ဘာများဖြစ်မလဲ... သည်တစ်ပုဒ်မှာတော့ ချစ်ခြင်းမေတ္တာဟာ သံယောဇဉ်ကို အခြေခံ၍ ဖြစ်ပေါ်လာပုံကို လွမ်းငယ် ရဲ့ မျက်ရည်တွေ...