Part 12

2.9K 158 3
                                    

"ယွန်း"သည် ရဲမင်းသူ ပြန်သွားမှ "လွမ်း" ကုတင်ဘေးနားသွားကာ ခေါင်းမြီးခြုံထားသည့် စောင်ကို လှပ်လိုက်သည်။ မျက်ဝန်းထဲမှာ ဒေါသအပြည့်နှင့်စောင့်ကြိုနေသော "လွမ်း" ကို စောင်အောက်မှတစ်ဆင့် တွေ့လိုက်ရ၍ လန့်ပင် လန့်မိသည်။

"ကလေး မအိပ်သေးဘူးမလား...ဘာလို့ ဒေါ်အေးကို လိမ်ခိုင်းရတာလဲ...ဒေါ်အေးက လိမ်ရင် စကားထစ်တယ်..မသိဘူးလား"

"ဘယ်သိမလဲ...ဒေါ်အေးလိမ်တာလဲ မသိသလို သူများတွေလိမ်တာလဲ မသိဘူး"

"ဘာကို ဒေါသထွက်နေတာလဲ ကလေးရဲ့"

ယွန်းက လွမ်း၏ ဆံဆ‌လေးများကို သပ်၍ မေးတော့...

"ဘာမှ မဟုတ်ပါဘူး...ဖယ်တော့  ဆေးက အိပ်ချင်တယ်ထင်တယ် အိပ်တော့မယ်.."

"အင်းပါ...အိပ်ပေါ့...မနက်ဖြန်မနက်ကျ အိမ်ပြန်ကြမယ်..ဒါပေမဲ့ဒေါ်အေးက လူနာစောင့်ကုတင်ပေါ် အိပ်မှာ တို့မှာ အိပ်စရာမရှိဘူး..ဟိုဘက်တိုးပါအုံး တူတူအိပ်ရအောင်"

"ဘာကို အတူတူအိပ်မှာလဲ..."

မျက်လုံးပြူးကြောင်ကြောင်နှင့် မိမိကိုယ်ကြည့်လာသည့် "လွမ်း" ကို"ယွန်း"  ရယ်မိသည်။

"ဘာရယ်တာလဲ"

"ဆေးရုံမှာတော့ ကလေးတွေးသလို မလုပ်ပါဘူး...ကဲ  ကဲ ဟိုဘက်ကိုတိုး"

စကားပြောချိန်မပေးဘဲ ဘေးမှ အတင်းတိုးတိုက်ဝင်လှဲသော "ယွန်း" ကြောင့် "လွမ်း" သည် ကုတင်တစ်ဖက်သို့ ကိုယ်ကိုကြွ၍  ရွှေ့ပေးလိုက်ရ၏။

"အဲ့ထိတိုးနေရင် ညကျ ပြုတ်ကျမှာပေါ့..လာ  ပြုတ်ကျမှာကြောက်ရင်  ဖက်ထာလို့ရအောင် ရင်ခွင်ထဲ ၀င်ပြီး ကပ်နေ"

"မလိုပါဘူး... အဲ့လောက် အိပ်ရေးမဆိုးဘူး"

"အတိတ်မေ့တဲ့သူက သိတာကျလို့... ကဲ လာပါဆို...တို့က အိပ်ချင်နေပြီ"

ယွန်းဟာ ပြောရင်းဆိုရင်းကပင် "လွမ်း"ကို မိမိဘက်သို့ ‌တိုးလာအောင်   ခါးကို ဖက်၍ ဆွဲယူလိုက်ပြီး မိမိလက်ကို ခေါင်းအုံးလုပ်၍ "လွမ်း" ကို ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။ ရင်ခွင်ထဲရောက်သည့်တိုင် မိမိကို ပြူးကြည့်နေသော "လွမ်း" နှုတ်ခမ်းကို ဖွဖွက‌ေလး နမ်းလိုက်ပြီး...

Yes Aunty, I'm Gay Tempat cerita menjadi hidup. Temukan sekarang