ရေစက်တွေကြားထိုင်ရင်း.ဒူးပေါ်လက်တင်ကာ မျက်နှာမှောက်၍ ...စိတ်ရှိလက်ရှိထိုင်မိနေသည်။"လွမ်း" ဘဝမှာ ငယ်ဘဝ အိပ်မက်ဆိုးတွေကြောင့် မဟုတ်လျှင် ငိုရသည်က ချစ်ရသည့် အန်တီ့ကြောင့် ဖြစ်သည်။ငယ်ကတည်းက ငိုကျင့်ဟာ ယခုတိုင် နေသားကျနေဆဲ။အန်တီ့အားမကျေနပ်သည့်အခါ ဖွင့်ဟပြောရမည့်အစား ငိုခဲ့ဖူးသည်။သူမက လျစ်လျှူရှုလျှင်လည်း ငိုရသည်။
အန်တီ၏ ရင့်သည်း သည့် စကားတွေကြောင့်၊လျစ်လျှူရှုမှုများကြောင့်၊မိမိကို လမ်းဘေးတိရိစ္ဆာန်တစ်ကောင် ကဲ့သို့ မလိုချင်သည့် အကြောင်းကို တွေးမိရင်း ငိုခဲ့ရသည်။တစ်ရက်သာ ဖြစ်ခဲ့ဖူးသော အန်တီ့ချစ်သူ ဘဝ ကို "လွမ်း" မက်မောသည်။ လိုချင်သေးသည်။ဝတ္ထုစာတွေနှင့် ထမင်းစားဖို့ မေ့နေသော အန်တီ့စားရေး ကို ဂရုစိုက်ပေးချင်သည်။အသိပြုမှု ကို လိုချင်သည်။ အန်တီ့ လက်တွဲဖော် တစ်ယောက် ဖြစ်ချင်သည်။
"လွမ်း...အထဲမှာ ရှိနေတယ်မလား...လွမ်း"
ယောက်ယက်ခက်ကြ အတွေးများကြားမှ အန်တီ့ဟအသံက စူးစူးနစ်နစ် ဝင်လာသည်။ ရေစက်လက် ကိုယ်နှင့် တံခါး ဖွင့်ပေးရန် ရေချိုးခန်းမှ ထွက်လာသည်။
"ဘာခိုင်းစရာရှိလို့လဲ အန်တီ"
"မင်း...ဘာလို့ ဒီလောက် စိုရွှဲနေ
ရတာလဲ""သြော်...ဘာမှ မတက်နိုင်ပေမဲ့ ငိုဖို့တော့ တက်နိုင်တယ်လေ...ဒါကြောင့် ငိုနေတာ"
နှုတ်ခမ်းတစ်ဖက်တည်း တွန့်အောင် ပြုံးပြသည့် "လွမ်း" ပုံစံသည် တမင် အာရုံစိုက်ခံရအောင် ပြုံးပြနေသည်နှင့် တူသည်။ မထူးတော့ပြီမို့ ငိုရသည့်အကြောင်းများကို ကွယ်ဝှက်စရာမလိုတော့ပြီ။မကြာခင် သူ့အနားမှ ခွာတော့မည်မလား။အစွန်းကုန်သော အထီးကျန်ခဲ့ကြောင်းကို အန်တီအား လွမ်း သိစေချင်ပါသည်။
"အထဲဝင်...ငါ ခေါင်းသုတ်ပေးမယ်"
"သနားလို့လား အန်တီ မလိုပါဘူး....ဒီအိမ်ကို စရောက်တဲ့ ညကနေ ခုညထိ ငိုခဲ့တာပဲ....အန်တီသနားရင်တောင် သည်လောက်လေးနဲ့ မရဘူး"
အားမရှိဘဲ ဖြူဖက်နေသည့် "လွမ်း" ကို တွန်း၍ အထဲသို့ ဝင်ကာ တဘတ်တည်ကို ကောက်၍ ကိုင်လိုက်သည်။
أنت تقرأ
Yes Aunty, I'm Gay
قصص عامةအန်တီယွန်းမီ နဲ့ လွမ်းစစ်အိမ် ဆိုတဲ့ အမျိုးသမီးနှစ်ယောက်...သွေးသားမတော်စပ်ပေနဲ့ တစ်အိမ်တည်းမှာ နေကြရက်သားပဲ....သူတို့ကြားက ဆက်နွယ်မှုက ဘာများဖြစ်မလဲ... သည်တစ်ပုဒ်မှာတော့ ချစ်ခြင်းမေတ္တာဟာ သံယောဇဉ်ကို အခြေခံ၍ ဖြစ်ပေါ်လာပုံကို လွမ်းငယ် ရဲ့ မျက်ရည်တွေ...