အမြဲ လှပနေတက်သည့် ကျုံးဘေး မြင်ကွင်းသည် ယနေ့အတွက်လည်း မနေ့ကလို ဝမ်းနည်းစရာ ကောင်းသည်ဟု "လွမ်း" တွေးမိသည်။ ယခုမှ အချိန်ဟာ ခပ်စောစောကလေးရှိသေးသည်။နေပင် သိပ်မပူသေး ထို့ကြောင့်ပင် လမ်းလျှောက်သူ လွမ်းတို့လို စက်ဘီးစီးသူချင်း ရောနေသည်။
"ဖြူလုံး"
ဘေးမှ ထိုင်နေသော ဖြူလုံး ကို မကြည့်ဘဲ နာမည်ကိုသာ ခေါ်၍ နန်းတော်ဘက်ကို လွမ်း ဟယ တမေ့တမောကို ငေးနေသည်။
"အင်း"
လွမ်း ငိုတော့မည့် မျက်ဝန်းအိမ်တို့ကို ဘေးတိုက်အနေအထားမြင်ရသည့်မို့ ဖြူလုံး စိတ်မကောင်း ဖြစ်မိသည်။နှစ်ယောက်သာ သက်ပြင်း ပြိုင်တူ ချလိုက်မိကြသည်။ ဖြူလုံး၏ လေလံသော သက်ပြင်းဟာ လွမ်းအတွက် ဆိုပေမည့် လွမ်း ၏ သက်ပြင်းမှာတော့ ရှုပ်ထွေးမှုတွေက များလွန်းသည်။အဓိကဟာတော့ အန်တီ့ကြောင့်၊ လွမ်း ကို ချစ်ယောင်ယောင်နှင့် အရေးတယူ မရှိသည့် အန်တီ့ကြောင့်။မိမိနှင့် အိပ်စက်ပြီးနာရီပိုင်းမျှအကြာတွင် တစ်ခြားယောကျာ်း၏ လက်မောင်းတို့ကို အားကိုးအားထား တွဲယှက်ခဲ့သည့် အန်တီ့ကြောင့်၊ ပြီးတော့ မိမိကြောင့်။
"ငါ့အန်တီက...ငါ့ကို ဘာလို့ထားသွားလဲ သိလား"
အဝေးသို့ ငေးနေသော "လွမ်း" မျက်ဝန်းတို့ကို ဖြူလုံး ဆွေးဆွေလေး ငေးေနသည်မှာ ကြာပြီ။ နှစ်သိမ့်ပေးချင်သော်လည်း ဘယ်လို နှစ်သိမ့်ရမည်ကိုလည်း စဥ်းစား၍ မရသေးပါ။ လွမ်းဟာ လက်ကလေးနာရုံနှင့် ငိုမည့်သူမဟုတ်မှန်းလည်း ဖြူလုံး သိနေ၍ ပို၍ပင် စိုးရိမ်ရသည်။
"သူနဲ့ ရဲမင်းသူက ချစ်သူတွေတဲ့...သတိမထားမိခဲ့တဲ့ ငါကပဲ မှားခဲ့တာပေါ့ဟာ...ဖြူလုံး နင်သိလား"
ဖြူလုံးထံသို့ "လွမ်း" အကြည့်တို့ ရောက်မလာသေးချေ။ "လွမ်း" ၏မျက်တောင်ဖျား ခိုနေသည့် မျက်ရည်စက်တို့ကို သုတ်ပေးချင်ပေမဲ့လည်း ဖြူလုံး စိတ်ထဲတွင် သိမ်းထားသည်။ လွမ်း ပြောပါစေ။ခနနေမှ ခနနေမှသာ ချော့ရမည်ဟု ငြိမ်သက်စွာ နားထောင်ပေနေရသည်။
"မိန်းကလေးတစ်ယောက်ရဲ့ လက်တွဲဖော်က တစ်ခြားမိန်းကလေး တစ်ယောက် ဖြစ်တာက သူ့အတွက် စိတ်ကူးယဥ်ဆန်ဆန် ဝတ္ထုတစ်ပုဒ်လိုပဲတံ့။ ငါတို့ ဆက်ဆံရေးဟာ အဓိပ္ပာယ် မဲ့တဲ့ ဆက်ဆံရေးတစ်ခုပဲတဲ့"
KAMU SEDANG MEMBACA
Yes Aunty, I'm Gay
Fiksi Umumအန်တီယွန်းမီ နဲ့ လွမ်းစစ်အိမ် ဆိုတဲ့ အမျိုးသမီးနှစ်ယောက်...သွေးသားမတော်စပ်ပေနဲ့ တစ်အိမ်တည်းမှာ နေကြရက်သားပဲ....သူတို့ကြားက ဆက်နွယ်မှုက ဘာများဖြစ်မလဲ... သည်တစ်ပုဒ်မှာတော့ ချစ်ခြင်းမေတ္တာဟာ သံယောဇဉ်ကို အခြေခံ၍ ဖြစ်ပေါ်လာပုံကို လွမ်းငယ် ရဲ့ မျက်ရည်တွေ...