တင်းမာနေသည့်အခြေအနေမဟုတ်ပေမဲ့ ပြိုင်ပွဲ၀င်အားလုံး၏ စူးစိုက်မှုဟာ မှုတ်ဆိတ်မွှေးဖြူဖြူနှင့် ဗိုက်ရွှဲရွှဲ ဒိုင်လူကြီး၏ လက်ထဲမှ စာရွက်မှာပဲ ရှိကြသည်။ဒိုင်လူကြီး ၏ စကားကို စောင့်စားေနကြစဉ် တိတ်ဆိတ်နေကြသည်မို့ အသံရှုသံပင် မကြားရ။
ဟုတ်သည်။အသက်ပင် မရှုနိုင်ပါ။
စိတ်လှုပ်ရှားတိုင်း ဆုပ်ကိုင်ခွင့်ရှိသည့် လက်တစ်စုံကို သတိရသည်။စိတ်လှုပ်ရှားသလောက် ဖစ်ညှစ်ဆုပ်ကိုင်ခွင့်ရှိသည့် "ဖြူလုံး" လက်တစ်စုံကို တမ်းတမိသည်။ခုတော့ အေပရွန်ကိုသာ ဆုပ်၍ ရလာဒ်ကို စောင့်နေရသည်။"ပထမဆု ရတဲ့ ပြိုင်ပွဲဝင် ကတော့ ကျော်သီဟ"
ဆုရရှိသူ နာမည် ကြားသည်နှင့် "လွမ်း" ဝမ်းနည်းမိသည်။ သူမ ဆုမရတော့ပါ။ဝမ်းနည်းသည်။မိမိကိုယ်ကိုလည်း စိတ်ပျက်မိသည်။ကျော်သီဟမှ လွှဲ၍ အားလုံးစိတ်ပျက်ရမည် ထင်ပါသည်။
"ကဲ...အားလုံး စိတ်မပျက်လိုက်နဲ့နော် နောက်ထပ်ပြိုင်ပွဲတွေကျ ဆုရအောင် ကြိုးစားကြနော်...ဖိုက်တင်း"
အဖွဲ့ခေါင်းဆောင်စီမှ အားပေးစကားကြောင့် အနည်းငယ် စိတ်သက်သာရပြန်သည်။ ထပ်၍ ဝေးနေရအုံးမည်။ကြိုးစားရအုံးမည်။
"အနီ..နောက်ပြိုင်ပွဲတွေ ရှိသေးတယ်လား"
ဘေးနားမှ သူငယ်ချင်းကို "လွမ်း" ကပ်၍ မေးလိုက်သည်။
"အင်းလေ...ဒီပြိုင်ပွဲက နှစ်လ တစ်ခါလေ...အနီ တို့က ငါးလ နေမှာဆိုတော့ နောက်နှစ်လ နေရင် တစ်ပွဲရှိသေးတယ် အဲ့တာ ပြီးတော့ နောက်ဆုံး ပြိုင်ပွဲရှိတယ်လေ"
"အစ်ကိုကျော်က..ကျတော့ အလုပ်ရပြီပေါ့နော်"
"အင်းလေ...သူဆန္ဒရှိရင် ဒီမှာ နေပြီး အလုပ်ရပြီလေ ဆရာရှင်းပြတုန်းက နင် မသိလိုက်ဘူးလား"
"အင်း"
ဆရာ ရှင်းပြစဉ်က လွမ်း စိတ်တွေ ပျံနေခဲ့သည်။တကာ်တော့ ဆရာရှင်းပြမှ မဟုတ်ဘဲ အန်တီ့ဘေးက ထွက်လာတည်းက စိတ်က အန်တီ့အနား ကျန်ခဲ့သည်ကိုး။
"ကဲလာ သွားနားကြမယ်"
"အင်း အင်း"
ခုမှ နေရထိုင်ရ သက်သာတော့သည်။ ဝမ်းနည်းမှုေတာ့ ရှိနေပါသေးသည်။ ကြိုးစားသင်ယူဖို့သာ တွေးမိသည်။အလုပ်လိုချင်သည်။ဆုရချင်သည်။ ချစ်ရသူများ၏ အနားသို့ ပြန်ချင်သည်။
YOU ARE READING
Yes Aunty, I'm Gay
General Fictionအန်တီယွန်းမီ နဲ့ လွမ်းစစ်အိမ် ဆိုတဲ့ အမျိုးသမီးနှစ်ယောက်...သွေးသားမတော်စပ်ပေနဲ့ တစ်အိမ်တည်းမှာ နေကြရက်သားပဲ....သူတို့ကြားက ဆက်နွယ်မှုက ဘာများဖြစ်မလဲ... သည်တစ်ပုဒ်မှာတော့ ချစ်ခြင်းမေတ္တာဟာ သံယောဇဉ်ကို အခြေခံ၍ ဖြစ်ပေါ်လာပုံကို လွမ်းငယ် ရဲ့ မျက်ရည်တွေ...