Part 3

3.3K 184 4
                                        

Part 3

သူ၏ဖေဖေကိုယ်တိုင်  ‌ယွန်းအိမ် ဟု ခေါ်ကာ ယောကျာ်းတန်မဲ့ မိန်းမတစ်ဦး၏ ခြေသလုံးဖက်ကာ ငိုကြီးချက်မ အတင်း ‌ထိုးပေးခဲ့သည်။ထိုအချိန်ကတော့ သည်မိန်းမကို ယွန်းအိမ် ဟု လွမ်း မှတ်ယူခဲ့သည်။တစ်ပတ်လောက် နေမှ ဒေါ်ယွန်းမီ ဟု သိခဲ့ရသည်။

"ယွန်းအိမ် ငါတောင်းပန်တယ်နော် သမီးလေးကို ‌စောင့်ရှောက်ပေးပါနော်"

"ဘာ နင်မရှက်ဘူးလား ကိုစစ်"

"အစ်ကို ရှက်နေဖို့ အခြေအနေ မဟုတ်တော့ဘူး ယွန်းအိမ်ရယ်"

"ရည်စား‌ဟောင်းစီကို သမီးအား စောင့်ရှောက်ဖို့ ပေးတဲ့ အဖေ အဖြစ် ဇာတ်လမ်းတစ်ပုဒ်ရေးခိုင်းနေတာလား ကိုစစ်....ဟမ်"

"မင်းကြိုက်သလို ခေါင်းစဥ်တပ်ပါ ယွန်းအိမ် အစ်ကို ခံနိုင်ပါတယ်....အစ်ကို့ သမီးလေးကို တစ်ယောက်တည်း ဘယ်လို ထားခဲ့ရမလဲ"

‌ဖေဖေက အားကိုတကြီး ရွတ်နေသော ဒေါ်ယွန်းအိမ်ဆိုသည့် မိန်းမကြီး၏ မိမိအား စိုက် ကြည့်သော အကြည့်များကို လွမ်း ကြောက်ရွံခဲ့ရသည်။ယခုပြန်တွေးတိုင်း ထိုမျက်လုံးများဟာ စူးရဲစွာ စိုက်ကြည့်ခြင်းမဟုတ်ဘဲ ရွံရှာစပ်စုပ်သော မျက်လုံးများဟု နားလည်လာရတော့ ရင်နာနာနှင့်က လက်ခံထားရပြန်သည်။

"အို ဒါကတော့…...ကိုယ့်ဘာသာ ကမြင်းလို့ ရတဲ့ ကလေးပဲ....မစောင့်ရှောက်နိုင်ဘဲ ‌မယူခဲ့သင့်ဘူး"

"မင်း ပြောလည်း အစ်ကို ခံရမှာပါပဲ...ဒါပေမဲ့ အရှက်မဲ့စွာ သမီးလေးကိုတော့ စောင့်ရှောက်ဖို့ ခေါ်ထားပေးပါ....နင် သူ့ကို အခိုင်းအစေ လုပ်ခိုင်းလဲ ရပါတယ်....ငါ သမီးကို သူ့တစ်‌ေယာက်တည်း မထားခဲ့ရရင်ပဲ သေပျော်ပါပြီ"

ကိုစစ် လက်တို့သည် ယွန်းအိမ်ခြေထောက်တို့ကို ဖက်ထားဆဲပါ။ခုနှနှစ်အရွယ် ကလေးတစ်ယောက်အဖို့ နားလည်ရန် ခက်သည် ဆိုပေမယ့်လည်း "လွမ်း" သည် အရွယ်ရောက်နေပြီ ထိုအခြေအနေကို သုံးသပ်နိုင်စွမ်းရှိခဲ့ပြီ။
ရည်းစားဟောင်းစီကို မည်သည့်ဦးနှောက်နှင့် စွန့်ပစ်ခဲ့မှန်းကို"လွမ်း"  နားမလည်နိုင်သေးပါ။"အခိုင်းအစေ " အဖြစ် ခေါ်ထားပေးရန်ပင် ခြေထောက်အား ဖက်ကာ တောင်းဆိုနေသော အဖေ့မှာ လွမ်း ကို မလိုချင်ဘဲ ရှိလှသည်ဟု လွမ်း ၀မ်းနည်းစွာပင်  လက်ခံနေမိသည်။

Yes Aunty, I'm Gay Where stories live. Discover now