တစ်လဆိုသည့် အချိန်သည် လူနှစ်ယောက်ကြား အငွေ့အသက်တွေ၊အမှတ်တရတွေ၊ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဂရုစိုက်မှုတွေ အပြည့်အဝ ဖလှယ်ဖို့ တကယ်ကို မလုံမလောက်ဖြစ်ရသည်။အနားမှ ထွက်သွားလျှင်...ထိုလူ၏ အဝေးမှာ နေနိုင်ဖို့ အတွက် အားအင်တွေ အမှတ်တရတွေ တပုံတပင် လိုအပ်သည်။အမှတ်တရအခိုက်အတန့်များမှ ရမည့် အားအင်ကို လွမ်း လိုအပ်ပါသည်။
အိပ်နေသည့် အချိန်များမှာ ခိုးပေးခဲ့သည့်အနမ်းတွေ၊နွေးထွေးမှုတွေကို ဖော်ပြဖို့ back hug တွေ၊ကြင်ကြင်နာနာ ဖက်ထားရသည့် ထွေးပွေ့မှုတွေ၊ချစ်ရသူကို စားစေချင်သည့် မိမိလက်ရာဖန်တီးမှုလေးတွေ၊ အရာရာအတွက် တကယ်ကို နည်းသည့် ရက်အကန့်အသတ်ဖြစ်သည်။ သည်နှစ်ရက်ကလေးနှင့် ဘယ်လိုမှ လောက်မည် မထင်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် အန်တီ့၏ နဖူးသို့ ခပ်ဖွဖွအနမ်းတစ်ပွင့်ဖြင့် နှုတ်ဆက်ချင်ေသာ်လည်း မရဲ။ မျက်ရည်ဖြင့် မကျမိအောင် ထိန်းရသည်။အသားချင်း ထိချိန်မတော်တဆ အန်တီ နိုးသွားလျှင် ဆိုသည့်အတွေးနှင့် နှုတ်ဆက်အနမ်းပင် မပေးရသေးသော ချစ်ရသူအန်တီ့ကို ထားခဲ့ဖို့ လွမ်း ရွေးချယ်သည်။
"လွမ်း..ပြန်လာတဲ့ အထိ စောင့်နေပေးမယ် မလားဟင်...လွမ်း အန်တီ့ရဲ့ လက်တွဲဖော် တစ်ယောက် ဖြစ်ဖို့ ဘယ်လောက်ထိ ပြင်ဆင်လာနိုင်မလဲဆိုတာကို...အန်တီ စောင့်နေပေးနော်..လွမ်း မဟုတ်တဲ့ ဘယ်သူနဲ့မှ...ချစ်ခြင်းေမတ္တာအကြောင်းတွေ မပြောပါနဲ့...လွမ်း ပိုင်တဲ့ အန်တီ့အနမ်းတွေကိုလည်း ဘယ်သူ့ကိုမှ အပိုင်မပေးလိုက်ပါနဲ့...အန်တီ့ လက်တွဲဖော်က "လွမ်း" ပဲမလို့..."လွမ်း"ကို သတိရနေပေးနော်....လွမ်း ပြန်လာတဲ့အထိ စောင့်ပေးနော်"
အမြတ်တနိုး ဆုပ်ကိုင်ဖူးသည့် လက်ဖမိုးလေးကို စိတ်ဖြင့်သာ ကိုင်၍ နောက်ဆုံးသော အနမ်းတစ်ပွင့်ကို လေထဲမှသာ အသာအယာ ပေးလိုက်သည်။ပြီးမှ ကိုင်တိုင် ဖန်တီးထားသော နှစ်နှစ်စာ ပြက္ခဒိန် နှစ်ခုကို စားပွဲပေါ်သို့ တင်လိုက်သည်။နာမည် အသီးသီး တပ်ထားသည်မို့ နေ့လယ်ပိုင်းကျရင် ဖြူလုံး လက်ထဲကို သေချာပေါက် တစ်ခု ရောက်မှာပါ။

KAMU SEDANG MEMBACA
Yes Aunty, I'm Gay
Fiksi Umumအန်တီယွန်းမီ နဲ့ လွမ်းစစ်အိမ် ဆိုတဲ့ အမျိုးသမီးနှစ်ယောက်...သွေးသားမတော်စပ်ပေနဲ့ တစ်အိမ်တည်းမှာ နေကြရက်သားပဲ....သူတို့ကြားက ဆက်နွယ်မှုက ဘာများဖြစ်မလဲ... သည်တစ်ပုဒ်မှာတော့ ချစ်ခြင်းမေတ္တာဟာ သံယောဇဉ်ကို အခြေခံ၍ ဖြစ်ပေါ်လာပုံကို လွမ်းငယ် ရဲ့ မျက်ရည်တွေ...