စိတ်ကူးယဥ်အိပ်မက်ထဲမှာ အတူရှိနေချိန် "ယွန်း" အပြုံးများက သိပ်ကို လှပေနသည်။ယွန် သည်လို တောက်တောက်ပပ မပြုံးရတာ ကြာခဲ့ပြီ။အပြုံးက လှသည်။ဆန္ဒပြည့်၀၍ ပျော်သော အပြုံးမို့ ရွှင်ပျပျနိုင်သည်။
သူမ "လွမ်း" ၏ ဆံနွယ်များကို သပ်၍ နားနောက်သို့ ထားလိုက်သည်။ ပြီးမှ ဆံနွယ်များလွတ်သွားသော ပခုံးပေါ်၌ ခေါင်းလေးစောင့်ငဲ့ကာ မှီနွဲ့လိုက်သည်။"မင်း နဲ့ ခုလိုအတူရှိနေရတာကိုသဘောကျတယ်"
"ဒါပေမဲ့...အန်တီ ပြန်သွားဖို့လိုတယ်လေ"
"ဟင့်အင်း...တို့ သာ ပြန်သွားလိုက်ရင် မင်းနဲ့ အတူရှိမနေနိုင်ဘူးဆိုတာ တို့ သိတယ်...ပြီးတော့ တို့ မျက်လုံးဖွင့်လိုက်တာနဲ့ မင်းက တို့ ဘေးရှိနေမှာ မဟုတ်ဘူး..မင်းနဲ့ အတူ ဒီမှာပဲ နေမယ်"
"ဒါပေမဲ့ ဒါက အန်တီ့အတွေး သပ်သပ်လေ"
"ဟင့်အင်း...တို့ အတွေးကို တို့ပိုင်တယ်...ပြီးတော့ ဒီအတွေးထဲမှာ တို့ မင်းကို နှောင်ထားလို့ရတယ်"
"ယွန်း" ကိုယ်တိုင် သတိရလာဖို့ ငြင်းဆန်နေသည်။စိတ်ကူးယဥ်အိပ်မက်ထဲမှာ ဖြစ်ဖြစ် "ယွန်း" သည် "လွမ်း" အနား နေချင်သည်။မျက်လုံးဖွင့်လိုက်သည်နှင့် ပျောက်ကွယ်သွားမည့် "လွမ်း" ကို "ယွန်း" မခွဲချင်သေးပါ။ မခွဲနိုင်ပါ။မခွဲရက်ပါ။
"မဟုတ်တာ...အန်တီသာ မျက်လုံး ဖွင့်ကြည့်လိုက် အန်တီ ပထမဆုံး မြင်ရတဲ့သူက "လွမ်း" ပဲ ဖြစ်မှာပါ"
"တို့ မယုံဘူး...ခုလဲ အတူရှိနေတာပဲ ခုလို ပဲ နေချင်တယ်"
"အကြာကြီး သတိလစ်နေတာ မကောင်းဘူး...ပြီးတော့ အန်တီ အသားအသောက်တွေ စားဖို့ လိုတယ်...ခုလို ညှိုးငယ်နေတာ "လွမ်း" မလိုချင်ဘူး"
ယွန်း၏ လက်ကလေးကို လွမ်း ရင်ခွင်ထက်ထိ ဆွဲယူကပ်လိုက်သည်။နှလုံးခုန်သံတွေဟာ မြန်နေကြောင်း သိစေချင်သည်။နှလုံးသား၏ နွေးထွေးမှုဖြင့် ရစ်နှောင်ချင်မိသည်။အန်တီ့အား ဤသြိ့ လှဲကာ မနေစေချင်ကြောင်း သိစေချင်သည်။
"ယုံပါနော်...အန်တီ မှတ်မိသေးတယ်မလား...အန်တီ နေမကောင်းတုန်းက "လွမ်း" ဘေးနားမှာ ရှိနေခဲ့တယ်လေ...နိုးလာတော့လည်း အန်တီ့ဘေးမှာ ရှိနေခဲ့တယ်လေ...ခုလည်း အဲ့လိုပဲ အန်တီမျက်လုံးဖွင့်လိုက်တာနဲ့ "လွမ်း" ကို တွေ့ရမှာပါ....လွမ်း မလိမ်ပါဘူး"

YOU ARE READING
Yes Aunty, I'm Gay
General Fictionအန်တီယွန်းမီ နဲ့ လွမ်းစစ်အိမ် ဆိုတဲ့ အမျိုးသမီးနှစ်ယောက်...သွေးသားမတော်စပ်ပေနဲ့ တစ်အိမ်တည်းမှာ နေကြရက်သားပဲ....သူတို့ကြားက ဆက်နွယ်မှုက ဘာများဖြစ်မလဲ... သည်တစ်ပုဒ်မှာတော့ ချစ်ခြင်းမေတ္တာဟာ သံယောဇဉ်ကို အခြေခံ၍ ဖြစ်ပေါ်လာပုံကို လွမ်းငယ် ရဲ့ မျက်ရည်တွေ...