Part 4

2.4K 155 4
                                    

Part 4

"အန်တီ ဘက်က လျစ်လျှူရှုလည်း "လွမ်း" ကတော့  "လွမ်း" နည်းလမ်းအတိုင်း  ဆက်လုပ်ရမှာပဲ"

ဟု တွေးကာ လွမ်း လှေကားသို့တက်နေရင်းမှ ပြန်ဆင်းကာ ထမင်းစားခန်းဘက်သို့ ထွက်သွားသည်။

"ဒေါ်အေး အမဲသား ရှိလား"

" ရှိတယ် လွမ်းရဲ့ အန်တီနေ့လယ်လောက် အပြင်သွားမလို့ သူမရှိခင် အမဲသားကြော်ခိုင်းထားလို့ ၀ယ်ခိုင်းထားလို့လေ"

"ဟုတ်လား  သြော် မေ့နေတာ ဒေါ်အေး သမီးအခန်းလေး ရှင်းပေးပါအုံး"

"အခုလား "လွမ်း" လေး"

"ဟုတ်တယ် ဒေါ်အေး"

"အေးပါ အေးပါ သွားရှင်းပေးမယ်နော်"

ဒေါ်အေး အခန်းရှင်းရန် အပေါ်ထပ်သို့ တက်သွားသည်။ အကြံအစည် အောင်မြင်သော "လွမ်း" ၏ မျက်နှာထက်တွင် ကျေနပ်နေဟန် အပြုံး တစ်ပွင့် ပေါ်လာသည်။

"အန်တီ "လွမ်း" ကို ဘာစကားမှ မပြောဘဲ လျစ်လျူရှုလိုက်တာကို "လွမ်း" က ငြိမ်ခံနေမယ်လို့ ထင်လို့လား "

ကျေကျေနပ်နပ် ကြုံး၀ါးက အမဲသားပန်းကန်ကို ယူ၍ ဆေးကြောကာ ချက်ပြုတ်ရန် စတင်လိုက်သည်။ ဆေးကြောနေရင်းမှ အရင် ဒေါ်အေးကို ကူရအောင်ဟု ခေါ်‌ထားသော ကောင်မလေးကို သတိရသွားသည်။

"မိဆွေ ညည်း ကို ဘယ်သူမှ သင်မထားဘူးလား"

ကျောင်းကအပြန် အိမ်ထဲ ၀င်၀င်ချင်း လွမ်း အသံများဆူညံ‌ေနရာ ထမင်းစားခန်းသို့ ပြေးသွားခဲ့ရဖူးသည်။

"မိဆွေ မေ့သွားလို့ပါ မမရယ်"

"နင့်ဦးနှောက်က အ့လောက်တောင် တုံးရသလားဟမ်"

ဒေါ်အေးဟာ ဘေးမှာ ရှိနေပေမဲ့ ဘာမှ ၀င်မပြော။ဟင်းချက်ရာ နေရာနားမှာ အမဲသားအိုးဟာ ပြန့်ကျဲနေသည်။ထိုကောင်မလေးလက်မှာလဲ နီရဲပြီး အပူလောင်နေမှန်း သိလိုက်ရသည်။

"အန်တီ....ဆူ စရာကို ခနနေမှ ဆူပါ...ဒီမှာ သူ့လက်မှာ အပူလောင်နေတယ် မဟုတ်လား"

ဒေါ်အေးတောင် ငြိမ်ကုပ်နေသည့် အချိန် အကြောင်းစုံမသိရသေးသည့် သူမဟာ ထိုအခြေအနေထဲ ကိုယ့်သဘေယအတိုင်း ၀င်ပါခဲ့သည်။

Yes Aunty, I'm Gay Donde viven las historias. Descúbrelo ahora