ယွန်းဘေးမှာ ပုံမပျက်ရှိနေသော ထမင်းပွဲကို ကြည့်၍ ဒေါ်အေး ဝမ်းနည်းရသည်။အချိန်မှန်မှန် ထမင်းပွဲ ပြင်ပြီး စာကြည့်ခန်းထဲ ယူလာပေးပေမဲ့လည်း လာပြန်ယူချိန်တိုင်း တစ်ဇွန်းနှစ်ဇွန်းသာ စားထားသော ထမင်းပွဲ များစွာရှိသည်။ကော်ဖီခါးခါးတွေတော့ သူမ ကုန်အောင် သောက်ပစ်တက်သည်။တစ်ခါတစ်ရံ လေးခွက်လောက်အထိ သူမ သောက်သည်။
"ယွန်း...ထမင်းတော့ ကောင်းကောင်း စားအုံးမှပေါ့ကွယ်"
"အင်း"
ထမင်းပွဲလာပို့သည့် ဒေါ်အေး စိတ်မကောင်းဖြစ်ရ၍ ထမင်းစားရန် ပြောမိသည်။ သို့ပေမဲ့လည်း "အင်း" ဟု ဆိုသော "ယွန်း" မှာက စာရေးမပျက် ဆက်၍ ရေးနေသည်။
"ကော်ဖီတွေ သောက်တာ တစ်နေ့ သုံးခွက် တစ်ခါတစ်လေ လေးခွက်...စာရေးတာလည်း ရေးတာ ဆိုပေမဲ့ နည်းနည်းတော့ အိပ်ပါဦးလေ"
"အင်း"
တစ်နေ့လျှင် အနည်းငယ်သာ အိပ်သော "ယွန်း" သည် အိပ်ရေးအပျက်များ၍ မျက်ကွင်းတို့ မဲနေသည်။အစားကောင်းကောင်း မစားဘဲ ကော်ဖီဒဏ်ကြောင့် ယခင်ကထက် ပို၍ ပိန်လာသည်က ဒေါ်အေး အမြင်။မကြာခဏ နာတက်သော အစာအိမ်ဒဏ်ကို မသိချင်ယောင် ဆောင်၍ မိုက်ရူးရဲဆန်ကာ စာကိုသာ ဆက်၍ရေးသည်က ယွန်း သာလျှင် သိပါ၏။မခံနိုင်လျှင် အကိုက်အခဲ ပျောက်ဆေးကို ၀တ်ကျေတန်းကျေ သောက်သည်။
"သမီး ကိုယ့်ဘာသာ နှိပ်ဆက်နေတာလား...ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲကွယ် တကယ်လို့ "လွမ်း"လေး ပြန်လာရင် သူ...."
စကားဘယ်လောက်ပြောပြော အရေးမစိုက်သော "ယွန်း" က "လွမ်း" နာမည် ကြားသည်နှင့် ဒေါ်အေးကို မော့၍ ကြည့်သည်။သူမ မျက်ဝန်းတွေ ယခင်လို မတောက်ပတော့။ ပင်ပန်းနွယ်နေကြသည်။ညှိုးမှိန်နေသော အကြည့်ဟာ ယွန်း ဝေဒနာကို ဖုံးကွယ်မထားနိုင်ကြ။
"ကျွန်မ စာဆက်ရေးဦးမယ်..."
"အင်းပါကွယ် "
မစားမှာ သိရက်နှင့် ထမင်းပွဲကို ထပ်၍ ထားခဲ့ကာ ဒေါ်အေး အခန်းထဲမှ ထွက်သွားသည်။ အငွေ့တထောင်းထောင်းထနေသော ကော်ဖီခွက်ကို စိတ်မပါဘဲ တစ်ငုံသောက်မိသည်။စားချင်စဖွယ် ထမင်း ဟင်းတွေကိုတော့ လျစ်လျှူရှုလိုက်သည်။ ထမင်းဟာ အသက်ရှင်ဖို့ စားကြသည်ဟု ဆိုဖူးသည်။ဒါဆို ယွန်း အတွက် လိုမှ မလိုအပ်ပဲ။ဘာကြောင့် စားနေရမည်လဲ။ဒေါ်အေးအား စာဆက်ရေးအုံးမည်ဟု ပြောပြီးဖြစ်သော်လည်း စာကို က်၍ မရေးဖြစ်တော့။
VOUS LISEZ
Yes Aunty, I'm Gay
Fiction généraleအန်တီယွန်းမီ နဲ့ လွမ်းစစ်အိမ် ဆိုတဲ့ အမျိုးသမီးနှစ်ယောက်...သွေးသားမတော်စပ်ပေနဲ့ တစ်အိမ်တည်းမှာ နေကြရက်သားပဲ....သူတို့ကြားက ဆက်နွယ်မှုက ဘာများဖြစ်မလဲ... သည်တစ်ပုဒ်မှာတော့ ချစ်ခြင်းမေတ္တာဟာ သံယောဇဉ်ကို အခြေခံ၍ ဖြစ်ပေါ်လာပုံကို လွမ်းငယ် ရဲ့ မျက်ရည်တွေ...