Part 7

2.9K 157 7
                                        

ကျုံးဘေးက လေများသည် ယခင်ကလို လတ်ဆက်သည်ဟု "လွမ်း" မခံစားရ‌ေတာ့‌ေပ။‌သောကမှုန်တို့ ရောယှက်ကာ ရှုရှိုက်လိုက်တိုင်း ၀မ်းထဲမှ လှိုက်၍ ဝမ်းနည်းစေသည် ဟု သာထင်မိ‌ေတာ့သည်။စက်ဘီး နင်းရသည်ကလဲ ပင်ပန်းစရာ ကောင်းသည်ဟု လွမ်း ပင်ပန်းနေရင်းက နာကျင်မှုဟာ သိသာလာသည်။ ချိန်းများ တင်းနေရော့သလားဟု စိတ်လိုက်မာန်ပါတွေးကာ စောငါ့စောင့်နင်း‌ေသးသည်။တင်းနေသော ချိန်း ပြတ်သွားလျှင်တော့ တွန်းသွားရုံပေါ့ ဟု လွမ်း  ပေါ့ပေါ့က‌ေလးသာတွေးသည်။
လမ်းတစ်လျောက်တွင်လည်း လူရှုပ်သည်ဟု မြင်မိသည်။ အလကားနေ အားရပါးရ ရယ်နေသော လူတစ်စုကို တွေ့လျှင် မနာလို၀န်တိုကာ မြင်ပျင်းကပ်စွာ လွမ်း ကြည့်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ပိုင်လေး အခန်းထဲသို့ ရောက်ရန်သာ သူ့စိတ်က သိပ်စောနေသည်။ ထိုအခန်းလေးတွင် ရှိနေလျှင် အားရပါးရ ငိုခွင့်ရှိမည်။ လွမ်း ၀မ်းနည်းမှုတွေဟာ ချွေးတွေနဲ့အတူ ရေနှင့် ပါသွားလိမ့်မည်။‌ေရဟာ ခေါင်းကနေ တိုက်ရိုက်ကျခံရ၍ မွန်းကျပ်နေလိမ့်မည်။ဒါဆိုလျှင် အသက်ရှုရန် ရုန်းကန်နေရ၍ အန်တီ့ကို ခဏတဖြုတ်မတွေးမိပဲနေလိမ့်မည်။အန်တီ့အား မတွေးမိလျှင် လွမ်း နည်းနည်းဖြင့် သက်သာရာရမည်။သို့ပေမဲ့ လွမ်းဟာ ရှင်သန်ရန် အသက်ကို‌ေတာ့ လု၍ ရှုရမည်။

"လွမ်း...နင်‌တစ်ယောက်တည်း မနေချင်ရင် ငါနဲ့ လာအိပ်ပါ့လား"

"ရပါတယ်...အဆင်ပြေတယ်နော် နင်လည်း ပြန်
တော့လေ"

"အင်း..အဆင်မပြေရင် ဖုန်းဆက်လိုက်"

"အေးပါ"

လွမ်းသည် ကိုယ့်အတွေးနှင့်ကိုယ်မို့ နောက်ကနေ လိုက်ပါလာသော ဖြူလုံးကို မေ့နေခဲ့သည်။ကိုယ်တိုင်ပင် စက်ဘီးကို မြန်မြန်နင်းလာခဲ့သလား နှေးနှေးသာ နင်းနေသလား စဉ်းစား၍ မရတော့ပါ။
ဖြူလုံးနှင့် လမ်းခွဲကာ...ကိုယ်ပိုင် အခန်းလေးထဲသို့သာ တစိုက်မတ်မတ် သွားသည်။ဖြူလုံးထည့်ပေးထားသော နားမလည်သေးသော ထိုင်းသီချင်းများကို အသံကျယ်၍ ဖွင့်ထားမိသည်။

"ငါရဲ့ ငိုသံတွေကို သီချင်းသံအောက် ဖုံးကွယ်ထားတော့လည်း... ငါ ကိုယ်တိုင် ကြားနေရတာပဲလေ..ဒါကိုက သိပ်စိတ်ပျက်ဖို့ ကောင်းတယ်"

Yes Aunty, I'm Gay Where stories live. Discover now