"ယွန်း"
ဒေါ်အေးသည် "လွမ်း" လက်ကို စုပ်ကိုင်ရင်း အိပ်ပျော်နေသည့် ယွန်း ပခုံးကို ပုတ်၍ နိုးလိုက်သည်။
"ဟင်...ဘာလို့လဲ ဒေါ်အေး"
"မနက် ၆နာရီရှိပြီ..ဒေါ်အေး ခနပြန်အုံးမယ်"
"ဟုတ်..ပြန်လေ"
ဒေါ်အေးသည် ယွန်း၏ ၀တ်ပြီးသားအ၀တ်များပါသည့် ခြင်းတောင်းတစ်ခုဆွဲ၍ အိမ်သို့ ပြန်သွားပြီး ခနကြာမှ "ယွန်း"လည်း မျက်နှာသစ် ကိုယ်လက်သန့်စင်ရန် ရေ ချိုးခန်းသို့ဝင်လိုက်သည်။ပြန်ထွက်လာတော့ ဒေါ်အေး ဖျော်ပေးထားခဲ့သော အငွေ့ပါးပါးသာကျန်တော့သည့် ကော်ဖီခါးခါးခွက် ကို ကိုင်ရင်း "လွှမ်း" ဘေးမှာ ပြန်ထိုင်သည်။ ကော်ဖီခါးခါးတွင်ပါသော ကဖိန်းဓာတ်များ၏ အကူအညီနှင့် သတိကပ်ခါ လွမ်း အနားနေရသည်။အမှားကြီးကြီးကို ပြုမိသူဟာ သတိနှင့်နေရမည် ဆိုသလို ဒေါ်ယွန်းမီ ဟာ ထိုသဘောကို နားလည်သူပီပီ တစ်နေ့လျှင် သုံးလေးနာရီမျှသာ အိပ်နိုင်ခဲ့သည်။
"သတိရပါတော့ကွယ်..."
ရင်ထဲမှ ဆန္ဒအပြည့်ဖြင့် "ယွန်း" ရေရွတ်မိသည်။မသောက်ဖြစ်သေးသော ကော်ဖီခွက်ကို ဘေးမှ စားပွဲပေါ်တင်ရင်း...မနေ့က ဒေါ်အေးဆီက တောင်းထားသည့် လပ်သည်းညှပ်လေးကို ကောက်ကိုင်လိုက်သည်။
"အရင်ကရော...လက်သည်းတွေကို ဘယ်သူ ညှပ်းပေးလဲဟင်...သူပဲ မဟုတ်လား...တို့ မြင်ဖူးသားပဲ...အဲ့နေ့က ခြံထဲက ဒန်းပေါ်မှာ"
"လွမ်း" နဲ့ လမ်းခွဲပြီး နှစ်ပတ်လောက်က လမ်းလျှောက်ချင်၍ "ယွန်း" ခြံထဲ ဆင်းလာခဲ့သည့်ေန့ကို ပြန်လည် တွေးတောမိသည်။အစက လမ်းလျှောက်ကာ ဇာတ်လမ်းအနေအထားကို သုံးသပ်ရန် လာခဲ့ပေမဲ့ ဒန်းပေါ်မှ ဖြူလုံးနှင့် "လွမ်း" တို့ကြောင့် ရှေ့ဆက်မသွားဖြစ်ပဲ "ယွန်း" ရပ်၍ ကြည့်နေမိသည်။ "ယွန်း" ကို ကျောပေးထားသည့် အနေအထားဖြစ်သည်မို့ သူတို့ "ယွန်း" ကို သတိမထားမိခဲ့ကြပါ။ ယွန်း တစ်ယောက်ကတော့ သူတို့ကို ပူးတွဲ မြင်ရုံသာမက သူတို့ပြောသမျှ အလုံးစုံကို သ၀န်တိုရင်းကပင် နားထောင်ခဲ့ရသည်။
YOU ARE READING
Yes Aunty, I'm Gay
General Fictionအန်တီယွန်းမီ နဲ့ လွမ်းစစ်အိမ် ဆိုတဲ့ အမျိုးသမီးနှစ်ယောက်...သွေးသားမတော်စပ်ပေနဲ့ တစ်အိမ်တည်းမှာ နေကြရက်သားပဲ....သူတို့ကြားက ဆက်နွယ်မှုက ဘာများဖြစ်မလဲ... သည်တစ်ပုဒ်မှာတော့ ချစ်ခြင်းမေတ္တာဟာ သံယောဇဉ်ကို အခြေခံ၍ ဖြစ်ပေါ်လာပုံကို လွမ်းငယ် ရဲ့ မျက်ရည်တွေ...