Part 5

3.4K 176 16
                                        

တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော လက်တစ်စုံကြောင့် အေးစက်စက်နှင့် ကြောက်စရာကောင်းလှသော အိပ်မက်ထဲတွင်တောင်မှ လုံခြုံသည်။ နွေးထွေးရသည်။အတိတ်‌နွံထဲက ထိုလက်တစ်စုံကို တခုပ်တရ လှမ်းဆွဲထားမိသည်။ထိုလက်အား ဆွဲကာ အားပြည့်ရန် လေတစ်ချက်ကို ဆွဲကာ ရှုရှိုက်ရုန်းကန်လိုက်တော့ ယွန်း မောဟိုက်စွာ နိုးလာနိုင်ခဲ့သည်။ 

"ဟင်...လွမ်း"

"ယွန်း" အိပ်ယာမှ နှိုးလာချိန် ဘေးတွင် "လွမ်း" အိပ်ပျော်နေသည်။မိမိ လက်ကို ဆုပ်ကိုင်ထားသော  "လွမ်း" လက်တို့ကို ငေးနေမိသည်။ခြောက်ချားရသော အတိတ်နွံထဲကနေ အားကိုးတကြီး ဆုပ်ကိုင်နိုးထနိုင်ခဲ့သည်က သည်လက်နွေးနွေးကလေး တစ်စုံ ဖြစ်နေခဲ့သည်ကြောင့် ယွန်း ပြုံးလိုက်မိသည်။

"အိပ်မက်ထဲက လက်တစ်စုံက မင်းပဲလား "လွမ်း"...အေးစက်စက် အတိတ်တွေထဲတောင်မှ နွေးထွေးလုံခြုံစေတဲ့ လက်တစ်စုံက မင်း ရဲ့ လက်တွေပေါ့"

‌ဒေါ်ယွန်းမီ စိတ်ထဲက ကျေနပ်ကာ လိုလိုလားလား ပြုံးလိုက်သည်။

"လွမ်း...လွမ်း "

"ရှင်...နိုးနေပြီလား အန်တီ"

"အင်း...ရေ တိုက်ပါအုံး ရေဆာလို့"

"ဟုတ်..‌"

"ဒေါ်အေး ရော"

"သူ့ကို အိပ်ခိုင်းထားတယ် ..ရေရပြီ"

ရေသောက်ရန် "ယွန်း" ထထိုင်လိုက်သည်။"လွမ်း" ကမ်းပေးသော ရေ
ခွက်ကို ယူလိုက်သည်။

အန်တီ "လွမ်း" တောင်းပန်ပါတယ်နော် "

"အင်း...တို့ လည်း ပြန်တောင်းပန်တယ်နော်...နောက်ဆို  အ့လို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံဘူးလို့ ကတိပေးတယ်နော်"

"အန်တီ ဘယ်လိုပဲ ဆက်ဆံဆက်ဆံ ရပါတယ်...ဒါပေမဲ့ "လွမ်း" ကို ထွက်မသွားခိုင်း"

"လွမ်း" စကားတို့ ရပ်တန့်သွားအောင် "ယွန်း" နှုတ်ခမ်းခြင်း ဖိကပ်ကာ တားလိုက်သည်။ရုတ်တရက် အနမ်းခံလိုက်ရသော လွမ်း ဟာ စိုးထိတ်စွာပင် တုန်ယင်နေမိသည်။ယွန်း သူ့အပေါ်တွင် ဆက်ဆံသည်က တစ်ခြားစီ ဖြစ်နေသည်မို့ လွမ်း မယုံရဲစွာ ဒေါ်ယွန်းမီကို ကြောင်၍ ကြည့်နေမိသည်။

Yes Aunty, I'm Gay Où les histoires vivent. Découvrez maintenant