Part 15

2.9K 147 2
                                        

"ယွန်း"ဘေးပတ်လည်သို့ အထိတ်တလန့် ရှာဖွေမိသည်။အဖြူရောင် အနားသတ်မှ အမှောင်ဟာ ပိန်းပိတ်နေလေသည်။အဖြူရောင် ဟုတ်သည် သူမဖိထိုင်နေသော စောင်၏ အနားသတ်။

အမှောင်တွေ ကြီးစိုးနေ၍ ဘာတစ်ခုမှ မမြင်နိုင်ပေမဲ့ အသံတစ်ခုဟာ စူးရှစွာနှင့် ။မှတ်လုံးအစုံကို မှိတ်၍ စိတ်ကိုထိန်းလိုက်မှ ကလေးတစ်ယောက်ငိုနေသည်။အသံလာရာဟာ အခန်းထောင့်မှာ။ ဘာလို့များ သည်းသည်းထန်ထန် ငိုနေရသလဲ။ ယွန်းဟာ  အဖြူရောင်စောင်မှ ရွေ့၍ဆင်းပြီး  စမ်းတဝါးဝါး နှင့် အသံကြားရာ အခန်းထောင့်သို့ ထသွားသည်။အမှောင်ထဲမှ နေသားမကျစွာ ခြေလှမ်းဟာ ယိုင်နဲ့နေသည်။
တစမ်းစမ်းဖြင့် တရွေ့ရွေ့ သာ သွားနေရသည်။

"မင်း ဘာလို့ ငိုနေတာလဲ"

"လွမ်း...မှာ ဖေဖေမရှိတော့ဘူး.... သူ သေသွားပြီလို့ အိပ်မက် မက်တယ်"

သူမ ကို မော့မကြည့်ဘဲ ဖြေသည့်စကားသံများ ဟာ ငိုသံများရောယှက် နေသည်။ အားမရှိ၍လား ငိုနေ၍လား ထိုကလေး၏ အသံမှာ တိုး၍ နှေးသည်။တိတ်ဆိတ်မှု‌ေကြာင့် တစ်လုံးခြင်းကို သေချာကြားနေရသည်။အို....ရှိုက်နေလိုက်တာများ။

ယွန်း ထိုကလေးမကို နှစ်သိမ့်ဖို့ ကြိုးစားကြည့်သည်။မရ။  စကားလုံးများ ရှာမတွေ့ခဲ့ပါ။သူမ ဒီအခြေအနေမျိုးကို ဘယ်လိုနှစ်သိမ့်ပေးရမလဲ။ယွန်း တွေဝေနေစဉ်မှာပဲ ထိုကလေး
မလေး ထိုင်နေရာမှ ထရပ်သည်။

"ဘယ်သွားမလို့လဲ"

ရှေ့မှ ထသွားသော "လွမ်း" ကြောင့် "ယွန်း" မေးသည်။"လွမ်း" မဖြေဘဲ ကုတင်ခြေရင်းသို့  သွားကာ ကြမ်းပြင်တွင် လှဲအိပ်ပြီး ဆက်၍ ဆက်၍ ငို‌ေနသည်။ သူ့ကိုယ်လေးမှာ ကွေးကာ နဖူးနှင့် ဒူးကို ထိနေအောင် ကွေးနေပြီ။

"ဘာလို့ ငိုနေတာလဲ..."

"အန်တီကြောင့်ပေါ့..သူကလည်း "လွမ်း" ကို လမ်းဘေးခွေးတစ်ကောင်လောက်တောင် တန်ဖိုးမထားဘူး...မလိုချင်ဘူး လွမ်း လွမ်း  သူ့ကို ကြောက်တယ်.."

"လွမ်း" ငိုသံမထွက်အောင်  လကျ‌သေး‌သေး‌လေးကို  လကျသီးစုပျလုပျ၍ ငုံခဲထားသည်။ထို့ကြောင့် တစ်ခါရှိုက်ငိုတိုင်း ကိုယ်လေး သိမ့်နေအောင် တုန်သည်ကို "ယွန်း" အမှောင်ထဲမှာ ရှင်းနေအောင် တွေ့ရသည်။ "ယွန်း" တောင်းပန်ပြီး နှစ်သိမ့်ပေးချင်ပေမဲ့ သူမခြေထောက်တို့က လက်ရှိ နေရာမှာပဲ အမြစ်တွယ်သလို ရပ်နေသည်။သူမ ပြောစရာ စကားတို့ ဒုတိယအကြိမ် ပျောက်ရှခဲ့ပြန်သည်။

Yes Aunty, I'm Gay Donde viven las historias. Descúbrelo ahora