Part 11

2.6K 132 3
                                    

"လွမ်း...လှဲနေလေ ဘာလို့ ပြတင်းပေါက်နားသွားရပ်နေတာလဲ လေတွေ တိုက်နေတာလေ"

ဆေးရုံအခန်းထဲ ဝင်လာလာခြင်းမှာ ပြတင်းပေါက်နား ရပ်နေ‌သည့် "လွမ်း" ကို မြင်ပြီး လက်မှ ခြင်းကို ကဗျာကယာချ၍ "လွမ်း" ကို ကုတင်ပေါ်ထိုင်ရန် ယွန်း တွဲခေါ်သည်။ ပြီးမှ ဘေးမှ ဝင်ထိုင်လိုက်ပြီး "လွမ်း" နဖူးသို့ အ‌ဖျားငွေ့ကို စမ်းသပ် အတည်ပြုသည်။ အဖျားငွေ့မရှိဘူး ဆိုမှ ယွန်း၏ မျက်နှာတွင် ပြုံးယောင်သမ်းလာတော့၏။

"အန်တီယွန်းကလည်း..."လွမ်း" ကဖျားနာ လူနာမှ မဟုတ်တာ...လေလေး နည်းနည်းတိုက်တာ ဘာမှ မဖြစ်ပါဘူး"

"မရပါဘူး...နည်းနည်းလည်း မရဘူး များများဆိုရင် ပိုတောင် အဆင်မပြေသေးတယ်...ဒါပေမဲ့ ဒေါ်အေးကရော ကလေး ကို တစ်ယောက်တည်းထားပြီး ဘယ်သွားနေတာလဲ"

"ယွန်း" မျက်နှာမှာ စိတ်တိုသည့် အမူအယာထက် "လွမ်း" ကို စိတ်ပူသည့် အမူအရာက ပို၍ ထင်ရှားသည်။ "လွမ်း" ပင် သတိထားမိသည်။ "ယွန်း" စီမှ "ကလေး" ဟုသုံးနှုန်းသည်ကိုလည်း "လွမ်း" သဘောကျ၍ ပြုံးမိသေးသည်။

"ရှိပါတယ်...ဗိုက်အောင့်လို့တဲ့ ရေချိုခန်းထဲမှာ"

"အင်း...ဗိုက်ဆာနေပြီမလား  ခေါက်ဆွဲဘူးပါလာတယ် ပြုတ်ပေးမယ်"

"ရပါတယ် ဒေါ်အေးထွက်လာမှ ပြုတ်ပေးပါလိမ့်မယ်...အဆာသေးပါဘူး"

"ဟုတ်လို့လား...ဘာမှ မစားရသေးတဲ့ကလေး က ဗိုက်တကယ် မဆာဘူးလား"

"ယွန်း" သည် "လွမ်း" ၏ မျက်လုံးများကို တစ်လှည့်  ‌ဗိုက်နားကို တစ်လှည့် ကြည့်၍  "မယုံဘူး" ဟူသော အကြည့်ဖြင့် တရားခံစစ် စစ်ပြီး ဘေးမှ ထကာ ရေနွေးအိုး တည်သည်။ ခေါက်ဆွဲဘူးကို ဖောက်၍ အထဲမှ အထုပ်လေးများကို ခါ၍ ဘေးသို့ ချလိုက်ပြီး..."လွမ်း" ဘက်သို့ လှည့်၍ "ဆရာမကြီးပါ" ဟူသော သဘောဖြင့်  ပြုံးပြလိုက်‌ေသး၏။ ခေါက်ဆွဲဘူးပြုတ်သည်ကို တကယ့်စာဖိုးမှူးပုံစံ ဖမ်းနေသည်မို့ "လွမ်း" အသံထွက်အောင် ရယ်လိုက်တော့၏။

"အန်တီယွန်းက စာဖိုမှူးလား...ခေါက်ဆွဲပြုတ်တာတောင်မှ စတိုင်ကျတယ်"

Yes Aunty, I'm Gay Donde viven las historias. Descúbrelo ahora