ဆေးရုံက ဆင်းပြီး တစ်လလောက်အထိ ယွန်းအနားကို ကပ်နိုင်သည့်အချိန်ပို၍ လွမ်း ကပ်နေမိသည်။အန်တီ အလုပ်ကိစ္စ မရှိသည့်အချိန်ဘဲ အိမ်မှာ နေရသည့်အချိန်များမှာ စာဖတ်ခန်းအထိ လိုက်၍ ကပ်နေသည်မို့ ယွန်းလည်း စာဖတ်ခန်းထဲ သိပ်မရောက်ဖြစ်။ယခုလည်း အန်တီယွန်းရေချိုခန်း၀င်နေချိန် အခန်းဘက်သို့ ခနဆိုကာ ကိုယ့်အခန်းကို လာပြီး ကိုသုတ စီ ဆက်သွယ်ရသည်။
"hi..အကို သုတ အကူအညီတစ်ခုလောက်တောင်းချင်လို့"
ဟူသော messengerမှ စာကြောင်းလေးတစ်ခုကြောင့် သုတသည် တအံ့တသြနှင့် အကောင့်ကို သေချာအောင် ထပ်၍ စစ်လိုက်သည်။ထို့နောက် စာပြန်မပို့ဘဲ ဖုန်းခေါ်လိုက်၍ အသံကြားနှင့် အတည်ပြုချင်မိသည်။
"လွမ်း...နင်လား"
"ဒါပေမဲ့ နင် အတိတ်မေ့နေတာဆို"
"ဘာ...လိမ်တာပေါ့ ဘာလို့လဲ"
"အင်းပါ..နင်အဆင်မပြေရင် မပြောပါနဲ့..ငါက ဘာကူညီရမှာလဲ"
"အဲ့တာ အကူအညီ တောင်းစရာမလိုပါဘူး...ငါက ဖြူလုံးကို တကယ် ချစ်တာပါ"
"အင်းပါ...နောက်တစ်ခုကရော"
"ဘာ.."
သုတ ထိုင်နေရာမှ ရုတ်တရက် ထရပ်လိုက်သည်။
"နင် ဘာလုပ်ဖို့ စဥ်းစားနေတာလဲ "လွမ်း"
"အဆင်မပြေလို့ မဟုတ်ပါဘူး..နင် ဒီလိုလုပ်ဖို့ နင့်အသက်က သိပ်ငယ်သေးတယ်လေ"
"မဟုတ်သေးပါဘူးဟာ...နင် သေချာ စဥ်းစားပြီးပြီလား ဒါက နင်အတွက် အန္တရာယ် မများဘူးလား"
"အေးပါ...နင့်သင်တန်းက လူတွေ ပါတယ်ဆိုရင်တော့ စိတ်ချပါတယ်"
"အင်းပါ ငါ လျှို့ဝှက်ပေးထားမယ် ဒါပေမဲ့..နင် အန္တရာယ် တစ်ခုခု ဖြစ်လာခဲ့ရင် ငါကတော့ ဖွင့်ပြောရမယ်နော်"
"အဆက်အသွယ်လဲ မဖြတ်ရဘူး"
"ငွေရော"
"ဪ စုထားတာလား လောက်ပါ့မလားဟ"
"အေးပါ...ဖြူ့ကို ပြန်မပြောပါဘူး စိတ်ချ"
"နင်သာ ဂတိတည်နော်..အဆက်အသွယ် မဖြတ်ကြေး"
KAMU SEDANG MEMBACA
Yes Aunty, I'm Gay
Fiksi Umumအန်တီယွန်းမီ နဲ့ လွမ်းစစ်အိမ် ဆိုတဲ့ အမျိုးသမီးနှစ်ယောက်...သွေးသားမတော်စပ်ပေနဲ့ တစ်အိမ်တည်းမှာ နေကြရက်သားပဲ....သူတို့ကြားက ဆက်နွယ်မှုက ဘာများဖြစ်မလဲ... သည်တစ်ပုဒ်မှာတော့ ချစ်ခြင်းမေတ္တာဟာ သံယောဇဉ်ကို အခြေခံ၍ ဖြစ်ပေါ်လာပုံကို လွမ်းငယ် ရဲ့ မျက်ရည်တွေ...