"လိပ်ပြာ...ထ... ဘယ်လို လုပ်ပြီး ဒီနေရာမှာ အိပ်ပျော်နေရတာလဲ..."
သူမ၏ ပုခုံးလေးကို ပုတ်ရင်း လှုပ်နိုးလိုက်သည့် မမညွှန်း၏ အသံကြောင့် လိပ်ပြာ ခေါင်းလေး ဆတ်ခနဲ ဖြစ်သွားရသည်။
ဘုရားရေ။ ဘယ်နှစ်နာရီတောင် ရှိသွားပြီလဲ။ လိပ်ပြာ အိပ်ပျော်သွားတာလား။
"မမညွှန်း... ဘယ်နှစ်နာရီ ရှိသွားပြီလဲ"
အလန့်တကြားနှင့် မေးလာသည့် လိပ်ပြာကို ကြောင်အန်းအန်းနှင့် ကြည့်ရင်း ညွှန်းသည် သူ လက်ကောက်ဝတ်မှ နာရီကို ကြည့်လိုက်သည်
"ကိုး နာရီ ရှိပြီ လိပ်ပြာ... တစ်ညလုံး ဒီမှာ အလုပ်လုပ်ရင်း အိပ်ပျော်သွားတာလား..."
ညွှန်း၏ အမေးကို မဖြေနိုင်သေးဘဲ အနီနားမှ ဖုန်းကို ဆွဲယူကြည့်လိုက်မိသည်။
ဘာတွေ ဘယ်လို ဖြစ်ကုန်တာလဲ။
ည ၇း၃၀ လောက်က အရမ်း ပင်ပန်းလာလို့ ၉ နာရီ လောက်ပြန်ထမယ် ဆိုပြီး နှိုးစက်သေချာ ပေးခဲ့တာပါ။
ဘာကြောင့် မမြည်ရတာလဲ။ ဘာကြောင့် မနိုးခဲ့ရတာလဲ။
ဒါဆိုရင် မမညွှန်း ခိုင်းထားတဲ့ စီးကွင့်တွေလည်း ပြီးအောင် မလုပ်လိုက်ရဘူး။ ခဏနေ ဆန်းသစ်လ တို့ ရောက်လာတော့မှာ။
"မမညွှန်း... လိပ်ပြာ.. ၊ လိပ်ပြာ အိပ်ပျော်သွားတယ်... လိပ်ပြာ...ကုတ်အင်္ကျီ"
ကတုန်ကယင် အသံဖြင့် ပြောလာသည့် လိပ်ပြာကြောင့် ညွှန်းမမှီ လိပ်ပြာ ရှေ့မှ ကုတ်ကလေးအား ဆတ်ခနဲ ဆွဲယူလိုက်တော့ လိပ်ပြာ ကြောက်လန့်တကြား မျက်လုံလေး မှိတ်ထားလိုက်မိသည်။
အဆိုးဆုံး အခြေအနေကိုပဲ မျှော်လင့်ထားတာပါ။
လစာ ဖြတ်မယ်လို့ပဲ ပြောမလား။ နင့်ကို အလုပ်ဖြုတ်လိုက်ပြီ လို့ပဲ ပြောမလား။ဒါဆို လိပ်ပြာရဲ့ ရည်မှန်းချက်တွေ အကုန်လုံး ပျောက်ဆုံးကုန်ပြီပေါ့။
"လိပ်ပြာ... ဟာ...တော်လိုက်တာ.... လှလိုက်တာ..."
"ဟင်..."
မမညွှန်း လက်ထဲမှ ကုတ်အင်္ကျီ ဆီသို့ အကြည့်ရောက်သွားတော့ လိပ်ပြာ ကိုယ့် မျက်လုံးတောင် ကိုယ် မယုံနိုင် ဖြစ်သွားရသည်။ ဘယ်လို ဖြစ်ပြီး စီးကွင့်တွေက အကုန် ထိုးပြီးသာ: ဖြစ်သွားရတာလဲ။
YOU ARE READING
🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)
Romanceသာယာမူ အရှိသည့် အိမ်ထောင်ရေး တစ်ခုကို ပိုင်ဆိုင်ထားသည့် စေတမန်သည် သူ့ နှလုံးခုန်သံကို ရပ်တန့်သွားလောက်အောင် လိပ်ပြာငယ်လေးက သူ့နှလုံးသား ရင်ပြင်ပေါ်မှာ တိုးတိုးလေး လာနား သွားသည့် နောက်...