🦋 အခန်း (၂၁) 🦋

111 3 4
                                    


"ခွန်း မင်း ဒီကို ဘာလာလုပ်တာလဲ"

ကွန်ဒို တိုက်ခန်းအောက်ရပ်ထားသည့် ကားတံခါးကို ဖွင့်ဖွင့်ချင်း တွေ့လိုက်ရသည်် က လက်နှစ်ဖက်ကို စတိုင်ကျကျ ပိုက်ထားပြီး နွဲ့နွဲ့လေး ရပ်နေသည့် ခွန်း၀သန်။

အနက်ရောင် ကိုယ်ကျပ် ဂါဝန်ကို ဒူးအထက်ထိအောင် ဝတ်ဆင်ထားတော့ တစ်ကိုယ်လုံးက ကောက်ကြောင်းတို့က ထင်းခနဲ့။

အနီရောင် ဒေါက်ချွန် ဖိနပ်ကို ဝတ်ဆင်ထားသည် ကိုက ပုရိသ ယောင်္ကျားများ ဆီမှ "နိိုး" ဆိုသော စကားကို မလိုချင်ဘူး ဆိုသည့် အဓိပ္ပာယ်ကို ဆောင်သည်။

လည်ပင်းတွင် ညွတ်နေအောင် ဆွဲထားသည့် စိန်ဘယက်ကလည်း လင်းလက်ပြိုးပြက်နေသည်။

ရောင်စုံတင်ထားသည့် သူမ မျက်နှာက စေတမန်နဲ့ အလွန်ချစ်ခဲ့ကြပြီးမှ စိတ်ကောက်နေသည့် ချစ်သူကို လာချော့ သလိုမျိုး မျက်ဝန်းမှာလည်း အလွမ်းတွေ စီလို့

"ခဏလောက် စကားပြောရအောင် နော် မောင်.."

"ကိုယ့်မှာ အချိန်မရှိဘူး.. ခွန်း၀သန်... ပြောစရာ ရှိလျှင် ရှေ့နေ့ နဲ့ ပြောပါ.."

"မောင် "

ခွန်း၀သန်၏ ဆောင့်အော်သံကြောင့် ကားပေါ်သို့ တက်မည် လုပ်နေသည့် ခြေလှမ်းတို့ တုန့်ခနဲ ဖြစ်သွားရသည်။

ဒါကို အခွင့်ကောင်းယူကာ သူမက ခြေတစ်လှမ်းတိုးသည်။

တံခါးနား ရပ်နေသည့် သူ့ရင်ခွင်နှင့် ရင်ဘက်ချင်း ထိိအက်မတတ် နီးကပ်စွာ ရပ်လိုက်ပြီး သူ့ ကိုယ်သင်းနဲ့ကို တစ်၀ကြီး ရူရိူက်ပြလိုက်သည်။

"မောင်... အရင်က အတိုင်း Dior Sauvage သုံးနေတုန်းပဲ..."

သူမ၏ အပြုအမူကြောင့် နောက်သို့ ဆုတ်ရင်း လက်ကို ပိုက်လိုက်တော့ ဟွန့်ခနဲ မဲ့ပြုံးကို မျက်နှာပေါ်မှာ ဆင်ယင်သည်။

"ခွန်း၀သန် မင်း ဒီလိုတွေ လာလုပ်နေတာ လက်ခံဖို့ ကိုယ့်မှာ အချိန်မရှိဘူး... ကိုယ် လက်လည်း လက်ခံမှာ မဟုတ်ဘူး..."

"အချိန်မရှိလည်း ပေးကို ပေးရမယ်မောင်... ခွန်းပြောမယ့် အကြောင်းအရာတွေက မောင့်ကို စိတ်ဝင်စားစေမှာပါ... ရော့..."

🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)Where stories live. Discover now