🦋 အခန်း (၃၀) 🦋

106 1 0
                                    

တုန်ယင်နေသော လက်တစ်စုံကို မြဲနေအောင် ဆုပ်ကိုင်ထားသည့် မမညွှန်း ၏ လက်ထဲမှ လိပ်ပြာ လက်လေးက ရုန်းထွက်ချင်နေသည်။

တရားခွင်ကြီး တစ်ခုလုံး၏ အနောက်ဆုံးသော ခုံလေးမှာ နေရာယူထားရပေမယ့် မျက်လုံးအစုံတို့က တံခါးပေါက်လေး ရှိရာသို့သာ အကြည့်တစ်ချက်မှ မလွဲနိုင်လောက်အောင် ကျောက်ချ ထားသကဲ့သို့ပင်။

ဘာကြောင့် ကြာနေရတာလဲဟင် ဆိုသည့် မေးခွန်းကို အထပ်ထပ် အခါခါမေးမိပြန်တော့ မမညွှန်း က ပြုံး၍ ကြည့်သည်။

တရားရုံး တစ်ခုလုံးသည်လည်း လူအများဖြင့် ပြည့်နှက်လို့ လာသည်။

အချို့သော သူများတောင် နေရာ မရရှိ၍ တံခါးနှင့် လှေကားခြေရင်းမှာ ရပ်စောင့်ရသည့် အဖြစ်သို့ပင်။

မကြာပါ။

အနောက်ဖက် တံခါးလေး ဖြတ်ခနဲ ပွင့်သွားရပြီး အရှေ့ဘက် စာရေးတွဲခေါ်လာသည့် စေတမန် သည် တရားရုံးထဲသို့ ဝင်ရောက်လာသည်။

တစ်ချိန်က သူ့အား ရွံရှာသည့် အကြည့်တွေနှင့် ကြည့်ခဲ့၊ပြောခဲ့ ကြသည့် လူအများ၏ မျက်လုံးတွေမှာ အခုတော့ သူ့အပေါ် သနားသည့် အကြည့်၊ မျှော်လင့်ချက်တွေ ပေးသည့် အကြည့်တွေနှင့်။

တရားခွင် တစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်တော့ တရားခွင်၏ နောက်ဆုံးခုံမှာ ထိုင်နေသည့် လိပ်ပြာ။

သူ့ကို မျှော်ကြည့်နေသည့် မျက်လုံး၀ိုင်းလေးတွေနှင့် ဆုံတွေမိတော့ စေတမန် အကြည့်တို့ကို လွှဲပစ်လိုက်သည်။

ဒီအမူနှင့် သူ လွတ်မြောက်ခဲ့သည် ဆိုရင်တောင်မှ လိပ်ပြာ အပေါ် ကျူးလွန်မိခဲ့သည်က တစ်သက်စာ လွတ်မြောက်မည့် အပြစ်မျိုး မဟုတ်။

ရုတ်တရက် ဆိုသလို တရားခွင်တစ်ခုလုံးမှာ ထိုင်နေသည့် လူအများ မတ်တပ်ထရပ်ကြသည်။

ဒါဟာ တရားသူကြီး ဝင်ရောက်လာပြီ ဆိုသည့် သဘောပင်။

အပ်ကျသံတောင် မကြာားရတော့သည့် ထို အခန်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက် သွားသည်။

"အဘ () စေတမန် သည် နှစ်ဘက်သက်သေများထွက်ချက်အရ စွပ်စွဲခံရသူ ဦးစေတမာန်အနေနှင့် ပြစ်မှုကျူးလွန်ခြင်းထင်ရှားမရှိသဖြင့် အမှုမှ တရားသေ လွှတ်လိုက်သည်"

🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)Donde viven las historias. Descúbrelo ahora