မျက်နှာကျက်မှ ကြမ်းပြင် အထိရှိသော ဧည့်ခန်း ပြတင်ပေါက်ကြီးမှာ ခပ်ရွရွလေး မှီထားရင်း လက်ထဲမှလည်း ၀ိုင်နီတစ်ခွက်ကို ဟန်ပါပါလေး ဆုပ်ကိုင်ထားသည်။
မျက်လုံးအစုံက စူးရှနေပြီး နူးညံမူ အလျင်းမရှိသည့် အပြုံးကို ဆင်လိုက်သည်က စေတမန်၏ ကား ခြံထဲသို့ ချိုးကွေ့ ဝင်လာသည်ကို တွေ့လိုက်ရ၍ ဖြစ်သည်။
ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် ချောမွေ့လွန်းသော မျက်နှာ၊ ယောင်္ကျားဆန် လွန်းသော အမူအရာတို့နှင် မဲနက် နေသော မျက်ခုံးမျက်လုံးတို့က ပံပိုးထားသည့် စေတမန်ကို သူမ အရမ်းကို မက်မောသည်။
လွန်ခဲ့သော အနှစ် ၂၀ က အတိုင်း ဘာမှပြောင်းလဲ မသွား။ ပိုပြီး ရင့်ကျက်လာသည့် ခန့်ညားမူက သူကို ပိုပြီး တတ်မက်စေတာ။ ဘာမှ မရှိတဲ့ အောက်ခြေ ကျောင်းသားလေး ဘ၀ကနေ နာမည်ကြီး ဒီဇိုင်နာ တစ်ယောက်၊ ကုမ္မဏီ ကြီး တစ်ခုလုံး၏ CEO နေရာ အထိ ရောက်အောင်ကို သူမ ဆွဲခေါ်လာခဲ့သည်မှာ တစ်ချိန်မှာ သူ့ကို ဆုံးရူံးဖို့ မဟုတ်။
"မောင်... "
အာဏာရှင် အသံနှင့် ဆင့်ခေါ်လာသည့် ခွန်း၀သန်ကို သူ တစ်ချက် စုတ်ထိုးလိုက်ပြီး မာနတို့နှင့် ငဲ့စောင်းကြည့်လိုက်သည်။
သူမ ဒီနေ့ လုပ်သွားသည့် လုပ်ရပ်သည် ဘယ်လောက် အကျည်းတန် ရုတ်ဆိုးလိုက်သလဲ။ သူမ ပြန်သွားတော့ ကုမ္မဏီက ဝန်ထမ်းတွေရဲ့ ပါးစပ်ဖျားမှာ ဒီအကြောင်းကိုပဲ တတွတ်တွတ် ပြောကျန်ရစ်ခဲ့သည်။
ယောင်္ကျားဖြစ်သူ၏ ဂုဏ်သိက္ခာ ဘယ်လောက်ထိ ထိခိုက်သွားမည် ဆိုတာ ခွန်းဝသန် ဘယ်တော့မှ ထည့်မစဉ်းစား။ သူမ လုပ်ချင်တာ လုပ်ရဖို့ လိုချင်တာ ရဖို့ဆိုလျှင် ဘယ်သူ့ကိုမှ ငဲ့မကြည့်တတ်သည့် တစ်ကိုယ်ကောင်းဆန်သည့် လုပ်ရပ်တွေက ဘယ်တော့မှ ဖျောက်မှာလဲ။
"မင်း ဘာပြောချင်သေးလို့လဲ ခွန်း၀သန်.."
"မောင့်ကို.. အိမ်ရောက်မှ ဆက်ရှင်းမယ်လို့ ခွန်း ပြောခဲ့တယ်လေ...ခွန်း မကျေနပ်ဘူး.. မောင်... မောင်.. အဲဒီ ကော်ဖီခွက်ကို ဘယ်သူ လာထားသွားလဲ ဆိုတာကို ရှင်းပါ..."
CZYTASZ
🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)
Romansသာယာမူ အရှိသည့် အိမ်ထောင်ရေး တစ်ခုကို ပိုင်ဆိုင်ထားသည့် စေတမန်သည် သူ့ နှလုံးခုန်သံကို ရပ်တန့်သွားလောက်အောင် လိပ်ပြာငယ်လေးက သူ့နှလုံးသား ရင်ပြင်ပေါ်မှာ တိုးတိုးလေး လာနား သွားသည့် နောက်...