🦋အခန်း (၂၇)🦋

118 4 0
                                    

ကျောပြင်ထက် သွေးစများ မချောက်သွေ့သည့် ခံစားမူကြောင့် ငယ်လေး မှောက်ရပ်သားလေးသာ အိပ်ခွင့်ရသည်။

ဒေါ်လေးကတော့ သူမကို စကားတစ်ခွန်းမှ မပြောသလို ထပ်လည်း မရိုက်တော့။ လစ်လျူရူခံထားရခြင်းကသာ ငယ်လေးအတွက် အကောင်းဆုံး အခြေအနေ တစ်ခု ဖြစ်လာသည်။ အခန်းထဲမှ ထွက်ခွင့်ရပြီး မီးဖိုချောင်ထဲသို့လည်း ဝင်ခွင့်ရသည်။ ရေချိုးခန်း သုံးစွဲခွင့်ကိုလည်း ပြန်ရသည်။

" အဲဒီ သတင်း..သေချာလား.. "

မီးဖိုချောင်ထဲမှ ဒေါ်လေး ချန်ထားခဲ့သည့် ထမင်းကြမ်းခဲလေးကို ဆီလေးအနည်းငယ်နှင့် အသံမထွက်အောင် လူးစားနေမိစဉ် ကြားလိုက်ရသည့် စကားဖြစ်သည်။

ဒေါ်လေးက ဧည့်ခန်းထဲမှ ဖုန်းနှင့် တစ်ယောက်ယောက်နှင့် စကားပြောနေခြင်းပင်။

"ဒါ... ခွန်းအတွက် အခွင့်ကောင်းပဲ.. အထည်ဆိုင် မီးလောင်သွာတာ ဆိုတော့ ဟေမန်ချိုရဲ့ ပစ္စည်းတွေ တော်တော်ပါသွားမှာပေါ့... ရဲတွေကလည်း ရိူ့မီးလား သာမန် လောင်ကျွမ်းတာလား မခွဲခြားနိုင်ဘူး ဆိုတော့ ဘယ်သူ့မှလည်း လိုက်ဖမ်းလို့ မရ၊ ဘာမှလည်း ပြန်ရမှာ မဟုတ်ဘူး...အဲဒါဆိုရင် ဟို အဘွားကြီးက စေတမန်နဲ့ ခွန်းကို ပြန် ကြည်ဖြူနေမှာ အမှန်ပဲ.. ခွန်း အမြန် လူပ်ရှားမှ ဖြစ်မယ်"

လက်ထဲမှာလည်း သံမဏိ မီးခြစ်လေး တစ်ခုကို ဖွင့်လိုက် ပိတ်လိုက်နှင့် ဆော့ကစားနေသည့် ဒေါ်လေးသည် ကျေနပ်မူတို့ အပြည့်နှင့် အပြုံးတစ်ခုကို ငယ်လေး တွေ့မြင်ရသည်။

ဒေါ်လေး ပြုံးနေရင် ငယ်လေး အရမ်းကြောက်မိတာမို့ ထမင်းလုပ်ကို မြန်မြန် ပါးစပ်ထဲ ထည့်လိုက်ကာ ပန်းကန်လေးကို တိိုးတိုးလေး ဆေးလိုက်သည်။

ဒေါ်လေး ငယ်လေးကို မျက်ကွယ်ပြုနေသရွေ့တော့ ငယ်လေး နာကျင်ရမှာ မဟုတ်။

"ဟဲ့ လာဦး..."

ဒေါ်လေး၏ ခေါ်သံကြောင့် အခန်းထဲသို့ ပြန်ဝင်တော့မည့် ခြေလှမ်းတို့ တုန့်ခနဲ ဖြစ်သွားရပြီး ဒေါ်လေး ရှိရာဆီိသို့ ခေါင်းကို မြေကြီး ထိမတတ် ငုံထားရင်း လျှောက်လာလိုက်သည်။

🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)Tempat cerita menjadi hidup. Temukan sekarang