"ဒီမှာ ကြည့်ဦး လိပ်ပြာ အားလုံး မှားနေတယ်... ညွှန်းပြောတာကို သေချာ နားမထောင်တာလား..."
မမညွှန်း၏ လေသံမြင့်မြင့်နှင့် ပြောလိုက်သည့် အသံကြောင့် လိပ်ပြာ ရှက်ရှက်နှင့် ခေါင်းလေးငုံရင်း ခါးယမ်းပြလိုက်သည်။ လိပ်ပြာတို့ စတူဒီယို ထဲမှာလည်း လိပ်ပြာတို့ အပြင် အခြားသော ဒီဇိုင်နာတွေလည်း ရှိသည်မို့ လိပ်ပြာတို့အား ကွက်ကြည့်ကွက်ကြည့် လုပ်လာ၏။
ညွှန်းမမှီသည် အလုပ်ပြင်ပ အချိန်တွင်သာ သူ၏ လက်အောက် ငယ်သား များအား သူငယ်ချင်းပေါင်း ပေါင်းလေ့ရှိပေမယ့် အလုပ်နှင့် ပက်သက် လာလျှင်တော့ တိကျ သေချာမှ ကျေနပ်တတ်သူ ဖြစ်သည်။
အခုတော့ လိပ်ပြာ၏ အမှားတစ်ခုကြောင့် မမညွှန်းပါ နာမည်ပျက် အရှက်ရ သွားစေသည့် အဖြစ်မျိုးနှင့် မီတင်းထဲမှာ ဖြစ်လာခဲ့သည်။
မနေ့က လိပ်ပြာကို လုပ်ခိုင်းခဲ့သော အလုပ်မှာ မနက်ဖြန် ဆန်းသစ်လ၏ ဖစ်တင်း အတွက် စီးကွင့်များ အပြီးထိုးထားရန် ဖြစ်သည်။
လိပ်ပြာ တစ်နေကုန်လုံး ထိုးထားခဲ့ပေမယ့် အခု ထိုးထားသည့် အရောင်က လွဲနေသည်တဲ့။
မမညွှန်းပြောသည်တော့ သူ သေချာကို မနေ့က zoom မီတင်းမှာ ပြောလိုက်သည်က ခရမ်းရောင်။ သို့ပေမယ့် လိပ်ပြာ ထိုးလိုက်မိသည်က ခဲရောင် ဖြစ်လို့နေသည်။
"လိပ်ပြာ... ပြောပါဦး... ဒါက ဘယ်လို ဖြစ်တာလဲ... ညွှန်း သေချာပြောတာကို လိပ်ပြာက နားမထောင်တာလား..."
"မဟုတ်ပါဘူး... မမညွှန်းရယ်... လိပ်ပြာ နားကြားလွဲသွားလို့ပါ... လိပ်ပြာက မမ ခဲရောင်လို့ ပြောလိုက်တယ် ထင်လို့ပါ...."
"လိပ်ပြာ... မသေချာရင် ပြန်မေးရတယ်လေ... အခုတော့ ဘယ်လို လုပ်မှာလဲ.... "
"လိပ်ပြာ... ပြန်လုပ်ပေးပါမယ်... လိပ်ပြာ အရောင်ပြန်လဲပေးမယ်လေ..နော် မမညွှန်း..."
"မင်း ပြောတော့ လွယ်တယ်.. လိပ်ပြာ..၊ အလုပ်က မလွယ်ဘူး... မနက်ဖြန် ဆန်းသစ်လ တို့ မလာခင် အပြီးလုပ်ရမှာ... ဒီလို အလွှဲသေးသေးလေး အတွက်နဲ့... ကုမ္မဏီ တစ်ခုလုံး နာမည် မပျက်ချင်ဘူး..."
ESTÁS LEYENDO
🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)
Romanceသာယာမူ အရှိသည့် အိမ်ထောင်ရေး တစ်ခုကို ပိုင်ဆိုင်ထားသည့် စေတမန်သည် သူ့ နှလုံးခုန်သံကို ရပ်တန့်သွားလောက်အောင် လိပ်ပြာငယ်လေးက သူ့နှလုံးသား ရင်ပြင်ပေါ်မှာ တိုးတိုးလေး လာနား သွားသည့် နောက်...