🦋အခန်း (၈) 🦋

211 7 2
                                    

ပြတင်းပေါက်မှ နေရောင်ခြည်တွေ တိိုးဝှေ့ဝင်လာသည်ကြောင့် ပိတ်ထားသည့် စေတမန် မျက်ဝန်းတွေကို ဖွင့်လိုက်မိသည်။

ဘေးနားရှိ ဗီဒို အပုလေးပေါ်က ဖုန်းကို လက်ဖြင့်လှမ်းစမ်းလိုက်ပြီး ပြနေသည့် နာရီကို တစ်ချက်ကြည့်လိုက်တော့ နံနက် ၇ နာရီ။

သူ့ဘေးနားမှာတော့ နွေးထွေးသည့် ခန္ဓာကိုယ် လေးနှင့် တစ်ညတာလုံး မက်မောစွာ နမ်းရိူက်ခဲ့ရသည့် ကိုယ်သင်းရနံ့လေး ပိုင်ရှင်။

ခေါင်းအုံးပေါ်သို့ ဝဲကျနေသည့် လိပ်ပြာ၏ ဆံနွယ်လေးများကို တစ်မြတ်တနိုး နမ်းရှိက်လိုက်ပြီး အဝတ်မဲ့နေသော သူမ ပုခုံးသားလေးကို သူ နှုတ်ခမ်းကြိီး ထွေးအပ်ထားရင်း တစောင်းမြင်နေရသည့် သူမ၏ မျက်နှာလေးကို မက်မောစွာ ငေးမောကြည့်မိသည်။

စောင်လေးကို ပုခုံးသားလေးအထိ ဆွဲတင်ပေးမယ် လုပ်လိုက်တော့ သူမ၏ ကျောပြင် နုနုလေးပေါ်မှာ အထင်သား မြင်လိုက်ရသည့် ဒဏ်ရာ အမာရွတ်များ။

အကြိမ်ပေါင်းများစွာ အရိုက်ခံထား ရသလို ကျောပြင် အပြည့် အရိူးရာ အမာရွတ်များက ဖြူဖွေးဝင်းဥ နေသည့် အသားလေးမှာ မြင်မကောင်းလောက်အောင်ကို နေရာ အပြည့်ယူထား၏။

"ကလေးရယ်... ဘယ်လို ဘ၀ တွေကို ဖြတ်သန်း ခဲ့ရတာလဲ"

အပေါ်ဝတ်မဲ့နေသည့် သူ့ရင်ဘတ်ကြီးကို သူမ ကျောပြင်လေးနှင့် ထိကပ်လိုက်ပြီး အနောက်မှ နွေးထွေးနေအောင် သိမ်းဖက်ထားလိုက်သည်။

နီရဲနေသော နားရွက်ကလေးအား သူ့ နမ်းရိူက်လိုက်မိတော့ သူမ ကိုယ်လုံးလေး လွန့်လူးရင်း နှိိုးလာသည်။

"လိပ်ပြာ ကလေး... ကိုယ် နမ်းလိုက်လို့.. နိုးလာတာလား...."

သူမ၏ နား နားလေးကို ကပ်ကာ တိုးတိုးကလေး ဆိုလိုက်မိသည်။

"ဦးမန်.."

ကြောက်စိတ် ရှက်စိတ် သိမ်ငယ်စိတ်တွေနှင့် ကို့ ကိုယ် ကိုယ် သတိ ထားမိချိန်တွင် သူ့ ရင်ခွင်ကြီးထဲမှ ရုန်းထွက် နိုင်အောင် ကြိုးစားကြည့်မိသည်။

မြဲမြန်သော လက်များနှင့် အတင်းချည်နှောင် ထားသည့် သူ့လက်များက သူမ ကိုယ်လုံးလေးအား သူ့ရင်ခွင်ထဲသို့ ပြန်ကာ ဆွဲသွင်းလိုက်တော့ သူမ အသားလေးများ တစ်ဆတ်ဆတ် တုန်နေသည်။

🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)Where stories live. Discover now