"အားလုံးပဲ မင်္ဂလာပါရှင်.. ဒီကနေ့ ဇွန်လိုင်လ ၃ ရက်နေ့မှာ ကျရောက်သည့် မြန်မာ အမျိုးသမီးများနေ့ အထူးအစဉ် အနေနှင့် အင်တာဗျူး ဖိတ်ကြားထားသည့် သူကတော့ လိပ်ပြာငယ်လေး ပဲ ဖြစ်ပါတယ် "
ကင်မရာသည် အင်တာဗျူးနေသည့် မိန်ကလေးဆီမှ ရွေ့ပြောင်းလာပြီး လိပ်ပြာဆီသို့ ဦးတည် ချိန်ရွယ်လိုက်တော့ သူမ အချိုသာဆုံး နှုတ်ခွန်းဆက်သည်။
"မင်္ဂလာပါ.. လိပ်ပြာ...မတွေ့ရတာတောင် ကြာပြီနော်..."
"ဟုတ်ကဲ့..မမ"
"လိပ်ပြာ ဒီနေ့တော့ လိပ်ပြာရဲ့ ပြောင်းလဲမူနှင့် စလိုက်ကြရအောင်၊ လိပ်ပြာ အဲဒီနေ့က နဲ့ အခု လိပ်ပြာ ဘာတွေ ကွာခြားသွားသည်လို မြင်မိလဲ.. ဘယ်လိုတွေ ပြောင်းလဲ သွားတယ်လို့ ခံစားရလဲ လိပ်ပြာ"
"လိပ်ပြာ အတွက်ကတော့ အကြီးမားဆုံး ပြောင်းလဲမူကြီးပါပဲ...လိပ်ပြာ မယ်ိုင်လဲ သွားအောင်၊ ကိုယ့်ကိုကိုယ် ခွန်အားတွေ ရှိအောင် လေ့ကျင်ခဲ့တယ်.. လိပ်ပြာ ချစ်ရတဲ့ သူတွေ ခင်ရတဲ့ သူတွေ ဆီကလည်း ပံပိုးမူတွေ အများကြီး ရခဲ့တယ်"
"လိပ်ပြာရဲ့ အကြောင်းက အဲဒီ အချိန်တုန်းက တရားရုံးမှာ ရှိနေခဲ့သည့် သူတွေရော၊ အခုအချိန် အထိရော လူတွေရဲ့ နှုတ်လုံးသားကို ဖမ်းစား နိုင်ဆဲပဲနော်.. လိပ်ပြာ.. ၊ ဒါတွေ မကပဲ.. လိပ်ပြာရဲ့ ဘ၀အကြောင်းကို "လိပ်ပြာလှောင်အိမ်" ဆိုတဲ့ နာမည်နဲ့ ရုပ်ရှင် ဇာတ်ကားရိုက်ကူး သွားမယ်လို့ သိရတယ်.. အဲဒီ အပေါ်မှာရော လိပ်ပြာ ဘယ်လို မြင်မိသလဲ.. လိပ်ပြာ ရဲ့ ဘ၀တစ်ခုလုံးကို ချပြလိုက်ရမှာ ဆိုတော့ လိပ်ပြာ ကြောက်ရွံမူတို့ ရှိနေလား..."
ခေါင်းလေးကို ခပ်ဖြည်းဖြည်းလေး ခါရမ်းရင်း လိပ်ပြာ အလှဆုံး ပြုံးလိုက်သည်။
"လိပ်ပြာလှောင်အိမ်က လိပ်ပြာ တစ်ဦးတစ်ယောက်တည်းရဲ့ ဇာတ်လမ်း မဟုတ်ပါဘူး. လိပ်ပြာလိုမျိုး အဖြစ်တွေကို ရင်ဆိုင် ကြုံတွေ ခဲ့ရတယ့် သူတွေ၊ ခက်ခဲ ရုန်းကန် ခဲ့ရတဲ့ သူတွေရဲ့ သရုပ်ကို ထင်ဟတ်အောင် ဖန်တီးထားတာပါ. ဒီ ရုပ်ရှင်ဟာ..အခြား သူတွေကို တွန်းအားပေးဖို့၊ သူတို့လည်း သူတို့ရဲ့ အတားအဆီးတွေကို ကျော်လွှားနိုင်ပြီး အမှောင်မိုက်ဆုံးအချိန်တွေမှာတောင် မျှော်လင့်ချက်ကို ရှာတွေ့နိုင်တယ်ဆိုတာကို အသိပေးဖို့ ရည်ညွှန်းတယ် လို့ လိပ်ပြာ မြင်မိပါတယ်"
YOU ARE READING
🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)
Romanceသာယာမူ အရှိသည့် အိမ်ထောင်ရေး တစ်ခုကို ပိုင်ဆိုင်ထားသည့် စေတမန်သည် သူ့ နှလုံးခုန်သံကို ရပ်တန့်သွားလောက်အောင် လိပ်ပြာငယ်လေးက သူ့နှလုံးသား ရင်ပြင်ပေါ်မှာ တိုးတိုးလေး လာနား သွားသည့် နောက်...