" ချီးယား...."အအေးခွက်များနှင့် ဝိုင်ခွက်များကို တေ့တိုက်လိုက်သည့် အသံများဖြင့် ဟိုတယ်ခန်းမ ဘားထဲတွင် ဆူညံသွားသည်မမညွှန်း၏ မျက်နှာတွင်လည်း မိုရသကဲ့သို့ ပြုံးပျော်လျက်ရှိသည်။ မပျော်ဘဲ နေနိုင်မလား။ အဆိုးထဲက အကောင်းဖြစ်ခဲ့ရသည်ပဲလေ။ဆန်းသစ်လ၏ မန်နေဂျာကြီးသည် ဆန်းသစ်လနှင့် စာချုပ်ကို ဖြတ်သိမ်းလိုက်သည့် အကြောင်းကို အင်တာဗျူးတစ်ခုတွင် ဖြေဆိုခဲ့ပြီးနောက် သူ၏ နေရာတွင် မည်သူကို အစားထိုးမည်ဆိုတာကို သတင်းမီဒီယာ သမားများက စိတ်ဝင်တစား ရှိခဲ့သည်။အဓိကပိုင်ကို အစားထိုးလိုက်ရာဝယ် မိန်းကလေးများ၏ အသဲစွဲ ဖြစ်လာရုံသာမက လိပ်ပြာတို့ ကုမ္မဏီလည်း မီဒီယာ အများကြီး၏ ထောက်ပံမှူ့ဖြင့် ပို၍တောင် ကျော်ကြားသွားသည်ဟု မမညွှန်းက ဆိုတော့ လိပ်ပြာ အရမ်း ဝမ်းသာ မိပါသည်။ငယ်စဉ်က အရိုးနစ်နေအောင် ဒုက္ခတွေ ခံခဲ့ရသည့် ပိုင်ကို ဒီိလို အောင်မြင်တဲ့ မော်ဒယ်လ်တစ်ယောက် အဖြစ် တစ်ဘက်တစ်လှမ်းမှ ပါဝင် ကူညီပေးလိုက်ရသည့် အတွက် ကိုယ့်ဘာသာ ကိုယ်လည်း ဝမ်းသာလို့ မဆုံး။အားလုံး၏ မျက်နှာတွင် ပိတိ အပြုံးများဖြင့် ဝေဆာနေပေမယ့် ဦိးမန်၏ မျက်နှာတွင်တော့ ယခင်က အတိုင်း အေးစက်မာကျောနေသည်။ပို၍ပင် ခက်ထန် လာသယောင်။"ပိုင် ကိုတော့ မမညွှန်း အရမ်းကြိုက်သွားပြီ..""ဗျာ...."ညွှန်းမမှီိ၏ တည့်တိုး စကားကြောင့် လိပ်ပြာဘေးမှ ပိုင် နေရ ခက်လာသည်ကို လိပ်ပြာ သတိထားမိသည်။"ဪ... တို့က သဘောရိုးပြောတာပါ.... ပိုင် ရဲ့ လုပ်ရည်ကိုင်ရည်ကို သဘောကျတယ်လို့... ဟုတ်တယ် မဟုတ်လား... ဦးမန်... ပိုင်နဲ့ စာချုပ် ချုပ်ထားရင် ကောင်မလား... တော်ကြာ တစ်ခြား တိုက်တွေက က ဦးသွားမယ်..."ဘာမှပြန်မပြောမိသေးဘဲ သူ လိပ်ပြာကို သာ ငဲ့စောင်းကြည့်လိုက်သည်။တမင် သူနဲ့ ရှောင်နေသည်က အသိသားကြီး။သူမ ဘယ်လိုပဲ ရှောင်နေပါစေ ညတိုင်း သူမ၏ အဆောင်ရှေ့ကို သူရောက်နေတတ်တာကိုတော့ သိထား ပုံ မရ။"ဒီကိစ္စကို နောက်မှ အေးအေးဆေးဆေး ဆွေးနွေးမယ်.. ညွှန်းမမှီ... "လေသံပြတ်ပြတ်နှင့်ပင် ဝင်ပြောလိုက်သည့်ကြောင့် ရယ်မောနေသည့် သူတို့ ဝိုင်းလေး ငြိမ်သက်သွားသည်။ပိုင် က နာရီ ကို တစ်ချက် လှမ်းကြည့်ပြီး...."ဒါဆိုရင် ကျွှန်တော် ပြန်လိုက်တော့မယ်... ဒီလို အခွင့်အရေးကြီိး ပေးတဲ့ အတွက် ဦးစေတမန်နဲ့ တစ်ဖွဲ့သားလုံးကို ကျေးဇူးတင်ပါတယ်...""ဟင်...အစောကြီး ပြန်တော့မလို့လား.. ပိုင်..."မမညွှန်းက ပိုင်၏ လက်ကို မဆွဲထားရုံတမင် ဝင်တားတော့ ပိုင်မှာ ဖင်တကြွကြွနှင့်ပင်"ဟုတ်ကဲ့ မမညွှန်း...ကျွန်တော် မနက်ဖြန် ပြင်ပ ကြော်ငြာ ရူတင် ရှိနေလို့... စောစော နားလိုက်ချင်တယ်....""ဟုတ်လား... နာမည် ကြီး သွားရင်တော့... မမညွှန်းတို့ တိုက်ကို မမေ့သွားရဘူးနော်... စာချုပ်ကိစ္စကိုလည်း အသေအချာ ဆွေးနွေးပြီး စကားဆက်ပြောချင်တယ်...""မမေ့ပါဘူးဗျာ... လိပ်ပြာ ခေါ်ရင် ဘယ်နေရာ ရောက်ရောက် ချက်ချင်း ထလာမှာပါ...."ပိုင် အပြောကြောင့် စကားလုံးတွေ နင် သွားသည့် မမညွှန်းကို အားလုံးက ပြုံးရင်း ကြည့်နေသည်။"အေးပေါ့လေ... သူငယ်ချင်းဆိုတော့လည်း... ယုံလိုက်ပါမယ်...."ညွှန်းမမှီ ၏ စကားကြောင့် ရဲတက်သွားသည့် လိပ်ပြာ၏ မျက်နှာလေးကို စေတမန် စားတော့ဝါးတော့ မတတ် စိုက်ကြည့်နေလိုက်သည်။ရင်ထဲက စူးရှသည့် ခံစားမူကြီးကိုလည်း မနှစ်မျို့။အဓိက ပိုင်၏ မျက်နှာမှာလည်း တစ်ချက် နှစ်နှစ်ကာကာကို ပြုံးလိုက်ပြီး လိပ်ပြာ မျက်နှာလေးကို ငေးမောကြည့်နေသည်။မငြင်းဆန်သည့် သူ့ ကိုယ်၌က လိပ်ပြာလေး ပေါ်မှာ မရိုးသားလို့ပဲပေါ့။မင်းနဲ့ လိပ်ပြာက ဘယ် အဆင့်ထိတောင် ပက်သက်မူ ရှိနေရတာလဲ။"ဒါဆိုရင် ဖုန်းဆက်လိုက်ပါ မမညွှန်း... ၊ လာ.. လိပ်ပြာ... ငါ ပြန်လိုက်ပို့ ပေးမယ်...."လိပ်ပြာ၏ လက်ကလေးကို ဆတ်ခနဲ ဆွဲလိုက်သည့် အဓိကပိုင်၏ လုပ်ရပ်ကြောင့် စေတမန် လည်း စိတ်တို့ လွတ်ထွက်သွားရင်း ထိုင်နေရာမှ ၀ုန်းခနဲ ထရပ်လိုက်မိသည်။"ဦိးမာန်...."ဘာဖြစ်သွားမှန်း နားမလည်သည့် မျက်လုံးတွေက သူ့ အပေါ်သို့ ကျရောက်လာတော့မှ မျက်မှောင်ကြီး ကြုတ်ထားသည့် မျက်နှာကို အနည်းငယ် လျော့လိုက်ရင်း"လိပ်ပြာက ကိုယ်တို့ရဲ့ အဖွဲ့သားပါ... ပြန်လို့ မရသေးဘူး... အဓိကပိုင်... မင်း ပြန်နှင့်လိုက်..."မာကျောကျွတ်ဆတ်နေသည့် အမိန့်ပေးသံကြောင့် လိပ်ပြာရဲ့ လက်ကောက်ဝတ်လေးကို အဓိက ပိုင်က လွတ်ပေးလိုက်သည်။"ဒါဆိုလည်း နင် ပြန်မယ်ဆိုလျှင် ဖုန်းဆက်လိုက်.. ငါ လာခေါ်ပေးမယ်...ဘယ် အချိန်ပဲ ဖြစ်ဖြစ်...""ခုနကတော့ စောစောနားရမှာဆို..."အချိန်အခါ နားလည်မူ မရှိသော ဒီဇိုင်နာမလေး၏ စကားကြောင့် ပိုင်နှင့် စေတမန် တို့၏ ကြားမှာ တင်းမာမူ ပို၍ မြင့်မားလာ၇သည်။"ကဲ... ကဲပါ.... ဘယ်သူမှလည်း ပြန်ပို့စရာ မလိုဘူး.... ဒီကုမ္မဏီမှာ အလေ့အကျင့်လေး တစ်ခုရှိတယ်.. ပိုင် ရဲ့... ၊ ဒီလိုမျိုး ပွဲတွေ လုပ်ရင် အားလုံးက သောက်ကြ စားကြ မှာဆိုတော့ ဘယ်သူ့ကိုမှ ကားပေး မမောင်းဘူး... ၊ အခု ဟိုတယ် အရှေ့မှာ ညွှန်းတို့ အတွက် ကားတွေ အသင့်စောင့်နေပြီးသား..အားလုံးပြီးမှ တစ်ခါတည်း အားလုံးပြန်ကြမှာ.. ပိုင် စိတ်ချလက်ချ ပြန်ပါ...ညွှန်းတို့ လိပ်ပြာကို သေချာ ဂရုစိုက်လိုက်ပါမယ်...""ရပါတယ်.. ပိုင်... ပြန်နှင့် လိုက်နော်.. ငါ အဆင်ပြေပါတယ်.... "စိတ်မချသည့် ပိုင်၏ မျက်လုံးများသည် လိပ်ပြာကို တစ်ချက် လှမ်းကြည့်လိုက် စေတမန်ကို တစ်ချက်လှမ်းကြည့်လိုက်နှင့်"လိပ်ပြာ အဆောင်ရောက်တာနဲ့ ငါ့ဆီကို ဖုန်းဆက်... ငါ စောင့်နေမယ်...""အင်းပါ... ပြန်တော့နော် ပိုင်...."အားလုံးကို နူတ်ဆက်ပြီး ပိုင် ပြန်သွားတော့ စေတမန်သည် အလိုမကျမူတွေနှင့် လိပ်ပြာ၏ မျက်နှာကို စိုက်ကြည့်လိုက်ပြီိး လက်ထဲမှ အရက်ခွက်ကို ဆောင့်ခနဲ မော့ချပစ်လိုက်သည်။ဒီနေ့တော့ မမူးသရွေ့ လိပ်ပြာလေး နားကို သွားချင်နေသည့် စိတ်တွေကို တားလို့ ရမှာ မဟုတ်။"လာ.. လိပ်ပြာ...သောက်ရအောင်..."မမညွှန်း လှမ်းပေးသည့် ခွက်ကို လိပ်ပြာ ယူသောက်လိုက်မိတော့ ပူပြင်းသည့် အရာက လိပ်ပြာ၏ လည်ချောင်းထဲသို့ မဝင်မတည့်စွာ လျောဆင်းသွားသည်။"ဒါက ဘာကြီးလဲ...မမညွှန်း...""ဝီစကီ..ရှော့လေ...လာချ... အပြန် စိတ်ပူမနေနဲ့... မနက်ဖြန်ကလည်း ရုံးပိတ်ရက်...တို့တွေ ဒီနေ့ အပီကဲ မယ်ဟေ့...ရော့ လိပ်ပြာက ခါးတာ မကြိုက်ရင် ဒီ jello shot လေးကို ချ"တစ်ခွက်ပြီး တစ်ခွက် လိပ်ပြာ၏ လက်ထဲသို့ ထည့်ပေးလိုက်သည့် Jello shot လေးတွေက မခါးဘဲ သောက်လို့ ကောင်းသည်မို့ သောက်လိုက်မိတာ ဘယ်နှစ်ခွက်တွေတောင် ဖြစ်သွားမှန်း မသိတော့။ အသိတရားတို့က ရတစ်ချက် မရ တစ်ချက်နှင့် မူးဝေ သွားရသည်။ မမညွှန်းတို့ကတော့ ဆက်သောက်နေပေမယ့် သောက်လေ့သောက်ထ မရှိသည့် လိပ်ပြာကတော့ ခေါင်းတောင် မထောင်နိုင်လောက်အောင်ကို မူးဝေနေပြီ။***********************"ဦးမာန် လိပ်ပြာကို သေချာ အဆောင်ရောက်အောင် ပြန်ပို့ ပေးလိုက်နော်... ဒီကောင်မလေးက နှစ်ခွက်တည်းနဲ့ မှောက်နေတယ်... အဲဒီလိုမှန်း သိရင် မတိုက်ပါဘူး..."ကားထဲမှ အဆင်း သတိပေးသွားသည့် ညွှန်းမမှီကို ခေါင်း တစ်ချက် ငြိမ့်ပြလိုက်ပြီး အရှေ့နှင့် အနောက်ကာသည့် လိုက်ကာကို သူ ဆွဲ ပိတ်လိုက်သည်။မျက်နှာချင်းဆိုင် ထိုင်နေသည့် ခုံမှ လိပ်ပြာ၏ ဘေးသို့ အလိုလို ရောက်သွားရပြီိး တစ်ဖက်သို့ ယိမ်းယိုင် သွားသည့် လိပ်ပြာ၏ ကိုယ်လေးကို သူ့ပုခုံးကြီး ပေါ်သို့ မှီစေလိုက်သည်။လက်တစ်ဖက်ကလည်း သူမ၏ ပုခုံးလေးကို တင်းတင်းလေး ဖက်ထားမိသည်။"ဦးလေးကြီး... ဦးမန်...."ရီဝေဝေလေးနှင့် ခေါင်းလေး ထောင်မတ်လာသည့် သူမလေးက သူ့မျက်နှာကြီးကို လက်ညိုးလေး တစ်ထိုးထိုး လုပ်ရင်း..."ဦးမန်... .. သူများကို နမ်းတုန်းက နမ်းသွားတယ်... တောင်းပန် စကားလည်း မပြောဘူး..လိပ်ပြာကို အထင်သေးတယ်....အခွင့်ကောင်း သမားကြီး"ကားအဆောင့်မှာ ယိုင်နဲ့ သွားသည့် သူမ လေးကို ရင်ခွင်ထဲသို့ တင်းကျပ်နေအောင် ဆွဲဖက်ထားလိုက်သည်။ဒါတောင်မှ မကျေမနပ်ချက်တွေနှင့် မပီကလာ စကားလေးတွေကို ဆက်ပြောနေတုန်း.."ဦးမန်ကို မုန်းတယ်... တစ်ခါမှ မနမ်းဖူးတဲ့.. လိပ်ပြာကို နမ်းသွားတယ်... မတရားဘူး... လူယုတ်မာကြီး..."ပြောတော့ ကလေးရယ်။ရင်တွေ ဖွင့်ချလိုက်ပါ။ကိုယ့်ကို ကြိုက်သလိုသာ စွပ်စွဲလိုက်။မင်း ရှောင်နေတာကို ကိုယ်က ခံနိုင်ရည် မရှိဘူး။ဒါပေမယ့် မင်းလိုပဲ ကိုယ် ရဲ့ အနမ်းကလည်း ဘ၀မှာ ပထမဆုံး ပေးတဲ့ အနမ်းပဲ။လက်ခံသူက ဖြစ်ခဲ့ရပြီး ဘယ် မိန်းကလေးကိုမှ ကိုယ်က စ၍ မနမ်းခဲ့ဘူးဘူး...လိပ်ပြာလေး... မင်းက အနမ်းဦးပဲ...။"နောက် လိပ်စာ တစ်ခုကို ရောက်ပြီဗျ"ကားသမား၏ သတိပေးမူကြောင့် လိပ်ပြာတို့ အဆောင်ရှေ့ကို ရောက်နေပြီ ဆိုတာကို သတိထားမိလိုက်တော့ လိပ်ပြာကို လူပ်နိုး လိုက်ရသည်။"လိပ်ပြာ...ကလေး... ထတော့...အဆောင်ရှေ့ကို ရောက်နေပြီ..."ယိုင်နဲ့နဲ့ ခြေလှမ်းများလျှောက်လာသည့် လိပ်ပြာကို တွဲထားရင်း အဆောင်ခြံတံခါးမှ ဘဲလ်ကို တီးတော့ အမျိုးသမီး ငယ်လေးများ ထွက်လာသည်။လိပ်ပြာကို မြင်တော့ မဲ့ရွဲ့သွားကြသည့် မျက်နှာတွေက အထင်းသား.."ဘာကိစ်စလဲ....""လိပ်ပြာငယ်လေးကို ပြန်လာပို့ပေးတာပါ... သူ အရမ်းမူးနေလို့..."ဟွန့် ခနဲ မျက်နှာကို မဲ့သွားသည့် ကောင်မလေး၏ မျက်လုံးမှလည်း လိပ်ပြာကို ရွံရှာသည် ဆိုသည့် အကြည့်တွေက အပြည့်"သူကြောင့် ငါတို့ အဆောင် သိက္ခာကျတော့မှာ..ငါ့တို့ လက်မခံသင့်ဘူး... ပြန် ချင်တဲ့ အချိန်မှ ပြန်လာတယ်... မပြန်လာတဲ့ နေ့တွေတောင် ရှိတယ်... အဲဒီလို့ အကျင့်စရိုက်နဲ့ မိန်းကလေးကို ကျွန်မတို့ အဆောင်မှာ မထားချင်ဘူး.... သူ့ကို နင်ထုတ်ဖို့ အဆောင်မှူးကို ကျွန်မတို့ တင်ပြထားတယ်... ခေါ်ချင်တဲ့ ဆီကို ခေါ်သွား... ကျွန်မတို့တော့ တံခါး မဖွင့်ပေးဘူး..."အနီးနားမှ မိန်းကလေးတွေကလည်း ခေါင်းငြိမ့်ရင်း ထောက်ခံသည်။မိန်းကလေးချင်း ကိုယ်ချင်းမစာမနာ ပြောထွက်သည့် စကားတွေကြောင့် လိပ်ပြာကိုယ်စား သူ ဝမ်းနည်း သွားရသည်။လိပ်ပြာအနောက်ကို အရိပ်လို လိုက်နေသည့် စေတမန်က လိပ်ပြာ အကြာင်းကို အသိဆုံးပါ။လိပ်ပြာ ပြန်မအိပ်သည် ဆိုတာလည်း ဟိုတစ်နေ့က တစ်ရက်တည်း အလုပ်မှာ အိပ်ပျော်သွားလို့.. နောက်ကျသည့် နေ့တွေ ဆိုတာကလည်း လိပ်ပြာ ဆေးရုံတစ်ခုကို သွားသွားနေတာ သူတွေ့နေတာပဲ။အထဲထိရောက်အောင် မလိုက်ကြည့်ခဲ့လို့ ဘာလို့ သွားလဲ ဆိုတာကိုတော့ အတိအကျ မသိရပေမယ့် လူနာ တစ်ယောက်ယောက်ကို သွားကြည့်ပုံရသည်။ဝယ်သွားသည့် အသီးတွေ ၊ မု့န်တွေ ဆိုတာလည်း မနည်းလှ။သူတို့ ပြောနေသလိုမျိုး လိပ်ပြာက အကျင့်ပျက် နေသည့် မိန်းကလေး တစ်ယောက် မဟုတ်။"ဇွန်ပြည့် နင်နော်... တံခါးဖွင့်ပေး... ငါက ဒီမှာ မနေလို့ ဘယ်မှာ သွားနေရမှာလဲ...."မူးမူးလေးနှင့် ပြောလာသည့် စကားတို့ကို ဇွန်ပြည့် ဆိုသည့် မိန်းကလေးက ခါးထောက်ရင်း"နင့် ဘာသာနင့် အိပ်ချင်တဲ့ ကောင်လေး အိမ်မှာ သွားအိပ်... နောက်တစ်ခေါက်... ဘဲလ်ကို ထပ်တီးလို့ကတော့ ရဲတိုင်မယ်... ""နင်... နင်...ဇွန်ပြည့် နင် ပြန်လာနော်... တံခါး လာဖွင့်ပေးလို့...."တံခါးတိုင်များကို အတင်းတွန်းလူပ်ပြီး ဖွင့်ဖို့ လုပ်နေသည့် လိပ်ပြာကို သူ့ လက်ကြီးများနှင့် ဖက်တွယ်ထားလိုက်မိသည်။မင်းလည်း ငါ့လို့ သနားစရာ ဘ၀ပါပဲလား ကလေးရယ်. မင်းလည်း သူများရဲ့ အပြောခံ အဆိုခံ ဘ၀ လေးပဲလားကားပေါ်သို့ သူမလေးအား ပြန်ကာ တွဲခေါ်လာတော့ ကားသမားက လည်ပြန် လှည့်ကြည့်သည်။ကားသမား လက်ထဲသို့ ငွေစက္ကူ အုပ်တစ်ခုကို ထည့်ပေးလိုက်သည်နှင့် မေးရန် ပြင်နေသည့် မေးခွန်းတွေ ပျောက်ဆုံးသွားသည်။ "ဒီ လိပ်စာကို မောင်းလိုက်...""ဟုတ်ကဲ့..."ယမကာ အရက်တို့သည် ဆင်ခြင်တုံတရား တို့အား ကင်းမဲ့စေသည် ဆိုတာ သိပ်ကို မှန်နေခဲ့ပြီလား.မကြာခင် ကမှ ဝယ်ထားခဲ့သော သူ တစ်ဦးတည်းသာ ပိုင်သည့် ခြံလေးနှင့် အိမ်ထဲသို့ လိပ်ပြာလေးကို ခေါ် သွားလိုက်မိသည်။အိပ်ခန်း တံခါးကို ကိုယ်လုံးကြီးနဲ့ တိုက်ဖွင့်လိုက်ပြီး လိပ်ပြာလေးကို ကုတင်ပေါ်သို့ ညင်သာစွာ ပွေ့တင် ချသိပ်လိုက်သည်။အိခနဲ ခံစားမူကြောင့် မပွင့်တပွင့် မျက်လုံးလေးများက ဖြည်းဖြည်းလေး ပွင့်လာပြီး သူ့ မျက်နှာကြီးကို ကြည့်နေသည့် သူမလေးကြောင့် ရင်ခုန်သံတို့က တဒိန်းဒိန်း မြည်ကြွေးလာသည်။"လိပ်ပြာကို နမ်းဦး မလို့လား... နမ်းချင် နေတာလား..."မူးမူနဲ့ အရွဲ့တိုက်လာသည့် သူမက ခပ်ရွတ်ရွတ်လေးနှင့် နူတ်ခမ်းလေးကို စူကာ သူ့ မျက်နှာ အနားသို့ တိုးလာသည့် ခဏ ထိန်းချုပ်ထားခဲ့သည့် အရာအားလုံး လွတ်ထွက်ကုန်ရပြီး သူမ နှုတ်ခမ်းလေးကို အားပြင်းပြင်းနဲ့ပင် စုတ်ယူ ငုံထွေး ပစ်လိုက်သည်။ဒီိထက် ပိုပြီး ယုယ ချင်နေသည့် စိတ်က ထိန်းမရဖြစ်လာတော့ လိပ်ပြာ၏ တစ်ကိုယ်လုံးကို တင်းကျပ်စွာ သိမ်းကြုံး ပွေ့ဖက်ထားလိုက်ပြီိး ရမက် အမှောင်ထဲကိုသာ သူမကို အတင်းခေါ်ဆောင် သွားလိုက်သည်။အမှားဆိုလျှင်လည်း သိပ်ကို ချိုမြိန်လွန်းနေသည့် အမှားပဲ။အဆိပ် ဆိုရင်တောင်မှ ခုံမင်စွာ နဲ့ ကိုယ် သောက်သုံး မယ် လိပ်ပြာလေး။
VOUS LISEZ
🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)
Roman d'amourသာယာမူ အရှိသည့် အိမ်ထောင်ရေး တစ်ခုကို ပိုင်ဆိုင်ထားသည့် စေတမန်သည် သူ့ နှလုံးခုန်သံကို ရပ်တန့်သွားလောက်အောင် လိပ်ပြာငယ်လေးက သူ့နှလုံးသား ရင်ပြင်ပေါ်မှာ တိုးတိုးလေး လာနား သွားသည့် နောက်...