🦋 အခန်း (၁၉) 🦋

109 5 1
                                    

ဦးမန်အတွက် ချက်ပြုတ်ထားသည့် အစားအသောက်များကို သုံးဆင့်ချိုင့်ထဲသို့ ထည့်ကာ ကသုတ်ကရက် အိမ်ထဲမှ ထွက်ဖို့ ပြင်လိုက်ရသည်။ ဦးမန် ဆေးရုံတက်နေသည့် အချိန်အတွင်း သူ့ ဆီသို့ လာလိုက်သည့် ဧည့်သည် ဆိုသည်တွေကလည်း မနည်းလှ။ အသက်အန္တာရယ် မစိုးရိမ်ခဲ့ရပေမယ့် ပုခုံးအဆစ်လွဲနေသည့် အတွက် ဒီတစ်ပတ်လုံး သူ အလုပ်မတက်နိုင်ခဲ့ပါ။

လိပ်ပြာကိုယ်တိုင်လည်း သူ့ ဆီသို့ မကြာခဏ ရောက်ဖြစ်ပေမယ့် ဦးမန်၏ လုပ်ရပ်တွေကြောင့် ရုံးမှ လူများ ရိပ်မိသွားမည်ကို စိုးရိမ်မိသည်။ ဟိုတစ်နေ့ကပင် လိပ်ပြာ လက်ကို အတင်းဆွဲကိုင်ထားတုန်း မမညွှန်း ဝင်လာ၍ အထင်လွဲစရာ ကိစ္စများ မဖြစ်အောင် မုသားသုံးလိိုက်ရသည်။

ဒါကြောင့်လည်း မနက်အစောကြီး သွားကာ လိုအပ်သည်များ ထားပေးခဲ့လိုက်မည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။

"ကလေး..."

တစ်ယောက်တည်း တစ်ကုတ်ကုတ် ဗျာများ နေစဉ် အနောက်မှ ခေါ်လိုက်သည့် အသံကြောင့် လိပ်ပြာ ထိတ်လန့် ကာ တုန်တက်သွားသည်။

"ဦးမန်.."

မြင်လိုက်သည်က ထမင်းစားခန်း၀၌ရပ်နေသော စေတမန်။ ပတ်တီး အကြီးကြီးကို စည်းပတ်ထားသည့် သူက လိပ်ပြာကို ပြုံးကာကြည့်ပြီိး သူမဆီသို့ တစ်လှမ်းခြင်း လျှောက်လာရင်း ရင်ခွင်ထဲသို့ ဆွဲပွေ့ဖက်လိုက်တော့ လိိပ်ပြာ တောင့်တောင့်လေး ဖြစ်သွားရသည်။

"ဦးမန်... "

"ငြိမ်ငြိမ်လေး နေပါ ကလေးရယ်... ကိုယ်... မင်းရဲ့ အထိအတွေ့လေးကို အရမ်းလွမ်းလို့ပါ ..."

"ဦးမန်... ဆေးရုံက ဆင်းလာတာလားဟင်..."

စိုးရိမ်တကြီးလေးနှင့် မေးလာသည့် သူမ အသံလေးကြောင့် လိိပ်ပြာကို ရင်ခွင်ထဲမှ ထုတ်လိိုက်ပြီး မျက်နှာလေးအား ပြုံးကြည့်သည်။

မျက်နှာနုလေးပေါ်မှာ ကပိုကရိုလေး ကျနေသည့် ဆံနွယ်လေးများကို နားနောက်သို့ ဖယ်ရှားပေးလိုက်ပြီိး ပါးထက်က သနပ်ခါးနံလေးကို သူ မွှေးရူလိုက်သည်။

မြန်မာဝတ်စုံ ရင်စေ့ လက်ပြတ်ကလေးနှင့် သူမက အခုတော့လည်း လူကြီးလေး တစ်ယောက်လို။

🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)حيث تعيش القصص. اكتشف الآن