တဖြည်းဖြည်းချင်း လျှောက်လာသည့် ခြေလှမ်းတို့က တရားခွင်ရှိ မျက်မြင်သက်သေ ထွက်ဆိုရမည့် နေရာသို့ ရောက်လာသောအခါ ခွန်းဝသန် ၏ ရင်ဘတ်ထဲမှ နှလုံးသား တစ်ခုလုံး အပြင်သို့ ခုန်ထွက် တော့ မတတ် ပင်။
သူမ ပြောလိုက်သည့် စကားလုံးတိုင်းကို သတိထားရမည်။ ပြန်ခေါ်သက်သေ အနေနှင့် ခေါ်ဆိုခြင်း ခံရသည် ဆိုကတည်းက စေတမန်၏ ရှေ့နေမှာ မေးခွန်းတွေ ရှိနေပြီ ဆိုတာ ခွန်း ခန့်မှန်းမိပါသည်။
အသက်ပြင်းပြင်းရှူပြီး မေးနေတဲ့မေးခွန်းတွေကို အာရုံစိုက်ဖို့ ကြိုးစားရမည်။
အမှား အယွင်း ဖြစ်သွားလို့ မရ။
လွဲချော် သွားလို့ မရ။
စေတမန်၏ ရှေ့နေ ယွန်းနဒ္ဒါ သည် စေတမန် နှင့် သူမတို့၏ ဆက်ဆံရေးနှင့် ဦးဆုံး မေးခွန်းကို စတင် လိုက်ပြီး သူမအား ခြိမ်းခြောက်မှုတစ်စုံတစ်ရာ ပြုလုပ်ဖူးခြင်းရှိမရှိ မေးမြန်းခဲ့သည်။
ခွန်းဝသန် က ခြိမ်းခြောက်မှု တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိကြောင်း ငြင်းဆိုသော်လည်း ယွန်းနဒ္ဒါ က ဆက်လက် ဖိအားပေးရင်း
"စေတမန် က မခွန်းဝသန်ကို ကြောက်ရွံ့ နေတယ် ဆိုတာ မခွန်းဝသန် သိပါသလား.."
သူမ မဖြေခင် ခဏလောက် တုံ့ဆိုင်းသွားသည်။ ကြောက်သည်တဲ့လား မောင်။
"ကျွန်မက နည်းနည်းတော့ စိတ်ပြင်းထန်တယ် အဲဒါကြောင့် မို့လို့ နေမှာပေါ့" ဟု ဟာသတစ်ခုအနေနဲ့ ဖွင့်ထုတ်ဖို့ ကြိုးစားတော့ သူ့မ ရှေ့မှာ ဟန်ပါပါ နှင့် လက်ကိုနောက်ပိုက် ရပ်နေသော ရှေ့နေ ယွန်းနဒ္ဒါ က မျက်ခုံးလေး တစ်ချက်ကို ပင့်ရင်း
"စိတ်ပြင်းထန်တယ်... ဘယ်လို မျိုးလဲ ရှင်းပြလို့ ရမလား မခွန်းဝသန်"
ခွန်းဝသန် တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်သည်။
"ဒီီလိုပါ...ကျွန်မက စိတ်ဆတတယ် စိတ်တိုလွယ်တယ်လေ.. တစ်ခါတစ်ခါ စိတ်ဆိုးပြီ ဆိုလျှင်လည်း စိတ်ထဲက မပါတဲ့ စကားတွေ ပြောတတ်တယ်၊ လုပ်ရပ်တွေကို လုပ်တတ်တယ်..."
YOU ARE READING
🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)
Romanceသာယာမူ အရှိသည့် အိမ်ထောင်ရေး တစ်ခုကို ပိုင်ဆိုင်ထားသည့် စေတမန်သည် သူ့ နှလုံးခုန်သံကို ရပ်တန့်သွားလောက်အောင် လိပ်ပြာငယ်လေးက သူ့နှလုံးသား ရင်ပြင်ပေါ်မှာ တိုးတိုးလေး လာနား သွားသည့် နောက်...