စေ့ရုံလေးသာ ဟဟလေး ပွင့်နေသည့် ခြံတံခါးကြောင့် ခွန်း ဒွိဟတို့ ဖြစ်နေစဉ်မှာပင် အိမ်တံခါးမကြိီးကို ဆွဲဖွင့်ဖွင့်ခြင်း မြင်လိုက်ရသည့် မြင်ကွင်းသည် ခွန်း အား အိမ်မက်ဆိုး တစ်ခုထဲသို့ တွန်းပို့လိုက်သလိုကို တုန်လူပ်ခြောက်ခြားသွားစေသည်။
အရာအားလုံး ၀ရုန်းသုံးကား ပြံကျဲနေသာ ဧည့်ခန်းကျယ်ကြီး။
အိမ်အတွင်းမှ ချောက်ချားစရာကောင်းသော တိတ်ဆိတ်မှုသည် ခွန်း၏ ကျယ်လောင်စွာ မြည်တိီးလိုက်သော နှလုံးခုန်သံကြောင့်သာ ပြိုကွဲသွားသည်။
ခန်းနားစွာ လှပတင့်တယ်နေခဲ့သော အခန်းကြီးက အခုတော့ တစ်စစီ စုတ်ပြဲကြေမွ နေသော ကလေး ဆေးရောင်ခြယ်စာအုပ်များ၏ စာမျက်နှာ များနှင့် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေကာ ပျက်စီးခြင်းများဖြင့် စွန်းထင်းလျက်။
သွေးနီရောင် ကဲ့သို့ ရဲရဲရင့်သော စာလုံးများဖြင့် နံရံများအနှံ့ရေးသွားသည်က
"အချိန်ကျပြီ"
"အချိန်ကျပြီ" ဟု ရေးသားထာသည့် စကားလုံး၏ အဓိပ္ပာယ် ဟာ နံရံ မျက်နှာကျက်များမှ တစ်ဆင့် ခွန်း ၏ စိတ်ဝိညာဉ်ကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
ကြောက်စိတ်များက လျှင်မြန်စွာ ကြီးစိုးလိုက် ပြီး ဦးနှောက်ထဲတွင် ဖြစ်နိုင်ခြေများ အပြေးအလွှား ဖုံးအုပ်သွားသည်။
အတိတ်က ဖြစ်ရပ်တစ်ခုက အရိပ်မဲ ကဲ့သို့ ပြန်လည် ဝင်ရောက်လာသည်။
ဒါကို ဘယ်သူတွေ လုပ်တာလဲ။
ဒါ.. ဒါ... ဒီ အကြောင်းကို တစ်ယောက်ယောက် သိတဲ့ သူပဲ။
မဖြစ်နိုင်ဘူး.။ သူ ေ_ပြီ။ သူ ေ_သွားပြီ။
နံရံပေါ် ခမ်းနားစွာ ချိတ်ဆွဲထားသည့် သူမ၏ ဓာတ်ပုံကြီးကို ဖြုတ်ချထားရင်း သူမနှင့် တစ်ထပ်ရာတည်း တူသော မျက်နှာကို ပိုင်ဆိုင်ထားသည့် သူ၏ ပုံကို ချိတ်ဆွဲထားသည်မှာ ခွန်း နှလုံးသား တစ်ခုလုံးကို ဆွဲဆုတ်ယူလိုက်သကဲ့သို့ သွေးပျက်ခြောက်ချား စရာပင်။
အသက်ကို ခက်ခဲစွာ ရှူနေရသည့် ခွန်း။
တုန်လူပ်နေသည့် ဒူးထောက်အစုံကို ခွေကျမသွားအောင် လက်များက နံရံများကို အားကိုးတကြီး ထိန်းထား လိုက်မိသော်လည်း လက်အစုံက န့ရံဆိီသို့ မရောက် လေဟာနယ်ထဲ၌သာ တွေ့ဆုံရင်း ကူကယ်ယာမဲ့ ကြမ်းပြင်ဆီသို့ ပုံကျသည်။
CZYTASZ
🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)
Romansသာယာမူ အရှိသည့် အိမ်ထောင်ရေး တစ်ခုကို ပိုင်ဆိုင်ထားသည့် စေတမန်သည် သူ့ နှလုံးခုန်သံကို ရပ်တန့်သွားလောက်အောင် လိပ်ပြာငယ်လေးက သူ့နှလုံးသား ရင်ပြင်ပေါ်မှာ တိုးတိုးလေး လာနား သွားသည့် နောက်...