ခြံထဲမှ ဟို တစ်အုပ် ဒီတစ်ရွက်နှင့် ပြန့်ကျဲနေသော သတင်းစာလိပ်များကို ကြည့်ခြင်းအားဖြင့် မောင် အိမ်ကို ပြန်မလာခဲ့ဘူးဆိုတာ ခွန်း၀သန် ရိပ်စားမိသည်။
ကိုရိီယားကို သွားနေသည့် ကာလတစ်လျှောက်လုံးလည်း ဖုန်းတွေ ခေါ်ခဲ့ပေမယ့် ဆက်သွယ်မူ ဧရိယာ ပြင်ပ သို့သာ ရောက်နေသည်။ ခွန်း ပို့ထားသည့် စာတွေလည်း တစ်စောင်မှ ပြန်ထားခြင်း မရှိ။
အမှန်တစ်ကယ် ဆိုလျှင် တစ်လကြာမြင့်မည့် ခရီးကိို နှစ်ပတ်နှင့် အပြီးဖြတ်ကာ ပြန်လာ၇သည်။ ဒီနေ့ ပြန်ရောက်မည် လေယာဉ်ကွင်း လာခေါ်ပါလို့ ပြောသည့် မတ်စေ့တွေလည်း တစ်စောင်မှ တွေ့ပုံမရ။ လေယာဉ်ကွင်းသို့လည်း ရောက်မလာခဲ့ပါ။
အခုထိ မောင်က စိတ်ဆိိုးနေတုန်းပဲလား။
အဝတ်အစားကို ခပ်မြန်မြန် လဲကာ မောင့် ကွန်ဒို အခန်းကို လိုက်သွားတော့လည်း မောင် မရှိနေ။
ခွန်းကို ဒီလို အချိုးမျိုး ချိုးလို့ရမယ် ထင်နေသလား မောင်။ ခွန်းကို ဒီလို လျစ်လျူရူ ထားလို့ ရမယ် ထင်နေသလား။မောင် ကို နေရာ အနှံလိုက်ရှာနေရလောက်အောင် ခွန်းကို အလုပ်ရူပ်သွားစေသည်ကြောင့် ဒေါသတို့ ကျိတ်မျိုချထားရင်း မောင် ရှိမည် ထင်သည့် နောက်ဆုံးသော နေရာသို့ ရောက်လာခဲ့သည်။
"မောင် ရှိိလား..."
သာမန်ထက် ပို၍ တင်းမာနေသော ခွန်း၀သန်၏ လေသံကြောင့် တစ်ရုံးလုံး ပြာပြာသလဲ ဖြစ်သွားရသည်။
ပြဿနာ အကြီးကြီး တတ်နေပြီ ဆိုသော အသိနှင့် တစ်ရုံးလုံး အသက်တောင် မရူရဲတော့။
"မောင်..ရှိလားလို့..မေးနေတယ်လေ... ဘာကြောင် ကြည့်နေတာလဲ...."
"ဟုတ်ကဲ့...မမ... ဦးမန်...မရှိပါဘူး..."
"ဘာ...."
ဒေါသတို့နှင့် တောက်ပနေသည် ခွန်း မျက်လုံးမှ မီးတောက်မီးပွားတွေ လွင့်စင်သွားသကဲ့သို့ အသံမှာလည်း ကြောက်မက်ဖွယ်ရာ ဟိန်းထွက်သွားသည်။
ရီစက်ရှင်မှ ကောင်မလေးကလည်း ငိုချတော့မတတ် တုန်ယင်နေသည့် အသံနှင့်
ŞİMDİ OKUDUĞUN
🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)
Romantizmသာယာမူ အရှိသည့် အိမ်ထောင်ရေး တစ်ခုကို ပိုင်ဆိုင်ထားသည့် စေတမန်သည် သူ့ နှလုံးခုန်သံကို ရပ်တန့်သွားလောက်အောင် လိပ်ပြာငယ်လေးက သူ့နှလုံးသား ရင်ပြင်ပေါ်မှာ တိုးတိုးလေး လာနား သွားသည့် နောက်...