"လိပ်ပြာ... ထွက်ဆိုတဲ့ ကိုး ဆိုတာ.. အဓိကပိုင်ကို ပြောတာ ဟုတ်ပါသလား.."
အနက်ရောင် ၀တ်စုံကလေးကို ခန့်နေအောင် ဝတ်ထားသည့် ရှေ့နေမလေး၏ အသံကြောင့် လိပ်ပြာ ဝေးလွင့်နေသော အတွေးတိုကို ပြန်လည် စုစည်းလိုက်ပြီး ပရိိသတ်ထဲမှ ပိုင်ကို တစ်ချက်လှမ်းကြည့်မိသည်။
"ဟုတ်ပါတယ်... အဓိကပိုင်က ကိုး ပါ... "
"ဒါဆို အခြားသော ကလေးတွေကရော ဘယ်ကို ရောက်သွားပြီလဲ...လိပ်ပြာ အနေနှင့် အားလုံးက သေဆုံးသွား သိထားတဲ့ မိန်းကလေးရော လိပ်ပြာနှင့် ဘာတော်စပ်သလဲ ဆိုတာ ကို ပြောပြပေးပါ"
ပင့်သက်ကို အင်ခနဲ ခက်ခဲစွာ ရူသွင်းလိုက်ရသည့် လိပ်ပြာ မျက်လုံးမှာ မျက်ရည်စတွေက တွဲခိုလာသည်ကို မျက်တောင်လေးများ အလျှင်အမြန် ပုတ်ခက်ရင်း ဖယ်ရှားပစ်လိုက်သည်။
"သေဆုံးသွားတဲ့ သူက... လိပ်ပြာတို့နှင့် အတူတူ နေခဲ့တယ့် ဆယ့်တစ်ပါ..."
တရားခွင် တစ်ခုလုံး၏ မျက်လုံးများက လိပ်ပြာပေါ်သို့ ပြန့်လွင့်လာခဲ့သည်။ အာမေဍ္ဍိတ် သံများနှင့် ပါးစပ် အဟောင်းသား ဖြစ်သွားကြသည့် တရားရုံးထဲမှ လူအများထံမှလည်း ဇာတ်လမ်း တစ်ခုကို ကြည့်နေရသလိို စိတ်ဝင်စားမူက မြင့်တတ်လာသည်။
"ဒါဆိုရင် လိပ်ပြာက ဆယ်တစ့်ကို ပြန်တွေခဲ့တယ်ပေါ့.. ဘယ်တုန်းက ပြန်တွေ့ခဲ့တာပါလဲ"
"တစ်ကယ်တည်း ပြန်တွေ့ခဲ့တာက လိပ်ပြာ မဟုတ်ပါဘူး..ပိုင်ပါ... ပိုင်ရဲ့oversea ရူတင်တစ်ခု သွားရင်းနဲ့ ကော့သောင်းမှာ တွေ့ခဲ့တာပါ.. ဒါပေမယ့် သူက ဆယ့်တစ် မဟုတ်တော့ပါဘူ.."
စကားတို့ကို ဆက်နိုင်စွမ်း မရှိသည့် လိပ်ပြာသည် ပါးထက်မှ မျက်ရည်စများကို ထိန်းမနိုင်စွာ လွှတ်လပ်စွာပင် ကျဆင်းစေလိုက်ပြီး ပိုင်ကို တစ်ချက်လှမ်းကြည့်တော့ ပိုင် ကိုယ်တိုင်လည်း ခေါင်းကို ငုံထားသည်။
ဆိုးရွားတဲ့ ကံကြမ္မာက လိပ်ပြာတို့ကို မျက်နှာစာ မပေးခဲပါဘူး...
"ဆယ်တစ် မဟုတ်ဘူး ဆိုတာ.."
"သူရဲ့ နာမည်က မာယာတဲ့... "
KAMU SEDANG MEMBACA
🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)
Romansaသာယာမူ အရှိသည့် အိမ်ထောင်ရေး တစ်ခုကို ပိုင်ဆိုင်ထားသည့် စေတမန်သည် သူ့ နှလုံးခုန်သံကို ရပ်တန့်သွားလောက်အောင် လိပ်ပြာငယ်လေးက သူ့နှလုံးသား ရင်ပြင်ပေါ်မှာ တိုးတိုးလေး လာနား သွားသည့် နောက်...