🦋 အခန်း(၁၁) 🦋

161 6 0
                                    

ရှက်စိတ်၊ ကြောက်စိတ်၊ သိမ်ငယ်စိတ်တွေနှင့် ထွက်ပြေးခဲ့မိသော အိမ်ကလေးထံသို့ ထပ်မံ ပြန်ရောက်လာချိန်တွင်တော့ လိပ်ပြာ တစ်အိိမ်လုံးကို သေချာလှည့်ပတ် ကြည့်မိိပြီး ဆိုဖာပေါ်မှာ ဝင်ထိုင်လိိုက်မိိသည်။

ပန်းချီကားကြီးတွေနှင့် ခန့်ညားနေသည့် ဧည့်ခန်းကျယ်ကြီး မဟုတ်ပေမယ့်လည်း နေချင်စဖွယ် ပြင်ဆင်ထားသည့် ဧည့်ခန်းလေး။

ခန်းနားသားနာသော အဖိုးတန် ပရိဘောဂတွေ ဆိုသည်ထက် ခေတ်မီပြီး ရှင်းလင်းသည့် အပြင်အဆင်နှင့် ရှင်းရှင်းလေး ထည်ဝါနေသည်။

လူနေကျဲသည့် ဆိတ်ငြိမ် ပတ်ဝန်းကျင်မှ နှစ်ထပ်တိုက်ကလေး ဖြစ်ကာ ခြံကျယ်ကြီးပတ်လည်ရှိပြီး ခြံထဲတွင်တော့ ပန်းရုံလေး ဟိုဒီစစနှင့် လိပ်ပြာ စိတ်ကူးထဲမှ အိမ် ပုံစံမျိုးလေး။

အရင်တစ်ခေါက်လာခဲ့စဉ်က ဖိနပ်တောင် မပါဘဲ ထွက်ပြေးခဲ့ရသည့် ခြံတံခါးကြီးကို တစ်ချက်ကြည့်မိရင်း ကြက်သီးမွေးများက ထလာမိိသည်။

ဦးမာန် ဘာရည်ရွယ်ချက်နှင့် လိပ်ပြာကို ဒီကို ပြန်ခေါ်လာခဲ့သလဲ မသိပေမယ့် ပြန်ရောက်နေသည့် သူမကတော့ လိိပ်ပြာ မလုံချင်ပါ။ အပေါ်ထပ် အခန်းတွေဆီသို့ ကြောက်စိတ်နှင့် လှမ်းလှမ်းကြည့်မိပေမယ့် ဦီးမာန်ကတော့ အေးဆေးစွာပင် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး အအေးခွက် တစ်ခုကို ကိုင်ကာ ပြန်ထွက်လာသည်။

"လိပ်ပြာ.. ဒါလေးသောက်လိုက်..."

ဦးမာန် လှမ်းပေးသည့် အအေးခွက်ကို ယူလိုက်ပေမယ့် မသောက်ဘဲ လက်ထဲတွင်ပဲ ကိုင်ထားရင်း မျက်နှာလေး ချထားလိုက်တာမို့ ဦးမာန်သည် သူမနှင့် ကပ်၍ ဆိုဖာ ခုံပေါ်တွင် ဝင်ထိုင်လိုက်တော့ အိခနဲ ဖြစ်သွားရသည်။

ကြောက်စိတ် နှင့် တစ်ဘက်သို့ ကပ်ရသည့် လိပ်ပြာမှာ ဒီထက် ကပ်စရာ နေရာလည်း မကျန်တော့။

ဦးမာန်သည် လိပ်ပြာ လက်ထဲမှ အအေးခွက်ကို ယူကာ အရှေ့ရှိ စားပွဲ ပုလေးပေါ်သို့ ချရင်း သူမ လက်ကလေးကို ဆုပ်ကိုင်လိုက်တော့ လိပ်ပြာ သိမ့်ခနဲ တုန်တက်သွားမိသည်။

🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)Where stories live. Discover now