🦋 အခန်း (၂၀) 🦋

117 6 2
                                    

ကလေးလေး တစ်ယောက်လို ပြတင်းပေါက်ကလေးမှာ လက်ကလေး ထောက်ရင်း တွေ့သမျှ မြင်သမျှကို အံဩ့နေသည့် လိပ်ပြာ၏ မျက်လုံးလေးတွေက အရောင်လေးတွေ လဲ့လို။

အဲဒီလို မျက်လုံးလေးတွေ နဲ့ သာ သူ့ကို ကြည့်ရင် သူ ဒီတစ်သက်တော့ သေပျော်ပြီ ထင်သည်။

ဒီခရီးမှာ အဓိကပိုင်သည် သူတို့နှင့် အတူ ကား တစ်စီးထဲ မလာနိုင်သည်ကိုပဲ စေတမန် ကျေးဇူးတင်ရမည် ဖြစ်သည်။

သူ၏ ရူတင် ရိုက်ကွင်းလည်း ဒီမြို့မှာ ရှိိနေသဖြင့် ရိုက်မည့် ရက်ကို ရောက်မှသာ လာမည်ဟု ပြောလာသည်နှင့် ဒီ ခရီးက​တော့ လိပ်ပြာလေးကို သူ့၏ အနီးဆုံးမှာ ခေါ်ထားခွင့် ရပြီး အနှောင့်အယှက် မရှိဘဲ သူမနှင့် နှစ်ယောက်တည်း သွားရန် နေရာ အချို့ကိုလည်း ရွေးချယ်ထားပြီိး ဖြစ်သည်။

တည်းရမည့် ဟိုတယ်ရှေ့ကို ရောက်တော့ အသီးသီး ဆင်းသွားကာ check in လုပ်ကြသည်။ ရူတင်ရိုက်ကွင်းသည် နောက်တစ်နေ့ မနက်စောစော စမည် ဖြစ်၍ ဒီနေ့ တစ်နေ့ကုန် အချိန်ရသည်။

ကိုယ့် အစီအစဉ် နှင့်ကိုယ် လည်ပတ် သူများ ရှိသလိို၊ မနက်စောစော ပင်ပန်းမည် ဖြစ်၍ တစ်နေ့ကုန် အိပ်ပစ်မည်ဟု ကျွေးကျော်လာသည့် ဝန်ထမ်းများကလည်း ရှိိသည်။

သူကတော့ ကားတစ်စီိးကို ငှားထားပြီး ဖြစ်ပြီး လိပ်ပြာနှင့် သီးသန့် လျှောက်လည်ရန် အစီအစဉ်တွေကို ကြိုတင် ရေးဆွဲထားပြီး ဖြစ်၏။

"လိပ်ပြာ.. အထုတ်တွေ ချပြီး ဒီနေရာ ကို ပြန်လာခဲ့နော်... ကိုယ် ဒီက စောင့်နေမယ်..."

သူ့ စကားကြောင့် လိပ်ပြာ တစ်ယောက် မလုံမလဲနှင့် ဘေးဘီကိို ဝေ့လည် ကြည့်သည်။

တစ်ယောက်ယောက် ကြားသွားမည်ကို စိုးရိမ်နေသည့် လိပ်ပြာကိုလည်း နားလည်ပါသည်။

ဒါကြောင့်လည်း ခွန်း၀သန်နှင့် ကိစ္စကို အမြန်ဆုံး ပြီးပြတ်အောင် လုပ်ကာ လိပ်ပြာကို အမြန်ဆုံး လက်ထပ်ချင်သည်။

ကိုယ်ချစ်ရသည့် သူကိုတော့ ဘယ်သူကမှ မျက်နှာငယ်အောင် လုပ်ချင်မှာ မဟုတ်ပေမယ့် မတတ်နိုင်သည့် အခြေအနေ တစ်ခုကလည်း ရှောင်လွဲလို့ မရ။

🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)Where stories live. Discover now