"ဟား ဟား ဟား"
တစ်ဟားဟားနဲ့ ဟားတိုက်ရယ်မောနေသည်မှာ ပျော်ရွှင်မူကြောင့် မဟုတ်။ နာကျင်မူကြောင့်လို့လည်း မဆိုချင်။
နာကျည်းမူကြောင့် ဆိုလျှင်ရော။
ခွန်းဝသန်၏ ရယ်မောသံကြောင့် သူမ၏ အရှေ့မျက်နှာချင်းဆိုင်မှ ထိုင်နေသည့် သူဇာနှင့် ခက်နွယ်တို့က မျက်စိ မျက်နှာများ ပြက်ကုန်ကြသည်။
သူတို့ စကားပြောမှားသွားသည် ဆိုတာကိိုလည်း ရိပ်မိဟန်တူ၏။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။
ပုခုံးနှစ်ဖက်ကို လူပ်၍ မျက်နှာကို မော့သွားပြီးမှာ သူဇာ၏ မျက်နှာကို တည့်တည့် ပြန်ကြည့်သည်။
"ကွာရှင်းကြ မလို့လား ဟုတ်လား.. သူဇာ"
သူမ အရှေ့မှ သူဇာကတော့ စကားတို့ ဆွ့န်အနေရင်း ခွန်းဝသန် မျက်နှာကို တည့်တည့် မကြည့်ဘဲ ရှောင်တိမ်းနေသည်။
"ဘာလဲ.. ယောင်္ကျား အိမ်ပြန် မအိပ်တာနဲ့ပဲ... ကွာရှင်းမယ် ဖြစ်ရရောလား..."
ရှေ့က အအေးခွက်ကို သောက်ရင်း ဟန်ပါပါနှင့်ပင် စားစရာများကို တူနှင့် ခပ်ယူလိိုက်သည့် ခွန်းဝသန်ကို အကြောင်သား ငေးကြည့်မိသည်။
သူမကိိုယ် သူမပဲ အထင်ကြီးလွန်းတာလား ဒါမှမဟုတ်လျှင်လည်း မဖြစ်နိုင်တာကို တစ်နေ့ ဖြစ်လာမယ် ဆိုပြီး မိုက်မိုက်မဲမဲ အတင်းစွတ်ယုံကြည်နေသည်လား...။
ခွန်းဝသန် ဆိုသည့် မိန်းမ တစ်ယောက်ကို သူတို့ ဘယ်လိုမှ နားမလည်နိုင်။
သူမမှာ အလှတို့ ရှိသည်။ ပစ္စည်း ဥစ္စာလည်း ပေါကြွယ်ဝပါ၏။
မိဘများ ဆီမှ အမွေဟူ၍ ရရှိခဲသည့် အတွက် စိုင်ကော်လို့ ချုံပေါ်ရောက်ခဲ့ ရသည် ဆိုလျှင်လည်း အခု အခြေအနေအထားနှင့် စေတမန်နှင့်ကွာရှင်းကာ ဥစ္စာ ခွဲလိုက် ကြလျှင်တောင်မှ တစ်သက်စာ အေးချမ်းစွာ နေနိုင်သော ပြည့်ဝမူတိို့ရှိသည်။
သို့ပေမယ့် ထိုအရာများနှင့် ဆန့်ကျင်စွာ အတင်းအဓမ္မ တည်ဆောက်ယူထားသည့် အိမ်ထောင်ရေး တစ်ခု။
YOU ARE READING
🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)
Romanceသာယာမူ အရှိသည့် အိမ်ထောင်ရေး တစ်ခုကို ပိုင်ဆိုင်ထားသည့် စေတမန်သည် သူ့ နှလုံးခုန်သံကို ရပ်တန့်သွားလောက်အောင် လိပ်ပြာငယ်လေးက သူ့နှလုံးသား ရင်ပြင်ပေါ်မှာ တိုးတိုးလေး လာနား သွားသည့် နောက်...