🦋အခန်း (၂၄) 🦋

102 3 0
                                    

"တောက်"

တောက် တစ်ချက်ကို ပြင်းထန်စွာ ခေါက်လိုက်သည့် ပိုင်၏ မျက်နှာကို လိိပ်ပြာ မကြည့်ရဲသည်မို့ ခေါင်းလေးငုံချထားလိုက်သည်

"ပိုင်..."

"မခေါ်နဲ့.... နင်.. ကို ဒီလောက် စော်ကားနေတာ နင် ဘာကြောင့် ငြိမ်ခံနေရတာလဲ... စေတမန် ကရော ဘာကြောင့် ဒီအတိုင်း ငြိမ်နေရတာလဲ..."

လိပ်ပြာကိုသာ မဆွဲခေါ်ခဲ့လျှင် အဲဒီ ရုံးခန်းထဲမှာ ဘာတွေထပ်ဖြစ်လာမည် ဆိုတာကို ပိုင် မတွေးရဲတော့။

ဒေါ်သတကြီးနှင့် ပြောလာသည့် ပိုင်၏ စကားများ၏ အဖြေကို လိပ်ပြာ မသိ။ ပိုင်က ဧည့်ခန်း စားပွဲပေါ်တွင် တင်ထားသော ကင်မရာ ကို သူမ လက်ထဲသို့ ပစ်ထည့်ပေးလိိုက်သည်။

"ကြည့်... နင့် အဲဒီမှာ ကြည့်လိုက်.... "

တစ်ပုံခြင်း ကြည့်လိုက်မိတော့ လိပ်ပြာတို့ နောက်ကို တစ်ကောက်ကောက်လိုက်နေသည့် လူ တစ်ယောက်၏ ပုံများ။ အင်္ကျီ အမဲရောင်နှင့် ဦးထုတ် အမဲကို ဆောင်းထားသည့် သူ။

"တွေ့လား လိပ်ပြာ... နင်တိို့ အခု နောက်ယောင်ခံလိိုက်နေရပြီိ... ခွန်း၀သန် ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာ နင် အသိဆုံး... ငါသာ အဲဒီ လူနောက်ကို ဒီနေ့ သတိထား လိုက် မကြည့်ဘူး ဆိုရင် ဒီနေ့ နင့်ကို ငါ ခွန်း၀သန် လက်ထဲက ဆွဲထုတ်နိုင်မှာ မဟုတ်ဘူး... ပြီးတော့ ငါလည်း ဒါတွေ မလုပ်ချင်တော့ဘူး......"

စားပွဲပေါ်မှာ ပြံကျဲနေသည့် ဓာတ်ပုံ့တွေနှင့် စာရွက်စတွေကို ရည်ညွှန်းပြီး ပိုင် ပြောလိုက်သည်။

ခွန်း၀သန်ကို စိိတ်ဆင်းရဲ သောက ရောက်စေရန် လိပ်ပြာ ခံခဲ့ရ သမျှ အားလုံး ခွန်း၀သန် ပြန်ကာ ခံစားစေရန် ဆိုသည် ရည်ရွယ်ချက်တွေနှင့် သူမ ဆီသို့ ချိန်းခြောက်သည့် ပုံများ၊ စာများ ပို့ခဲ့သည်။

ဦးမန်နှင့် ပက်သက်သည့် ပုံများကို ခွန်း၀သန်ထံသို့ ပထမဆုံး ပေးပို့ခဲ့သည့် အချိန်က ဦးမန်ကို ဆုံးရူံးလိုက်ရပြီလား ဆိုသည် စိုးရိမ်စိတ် ကြောင့် ခွန်း၀သန်၏ ဘ၀မှာ ပထမဆုံးသော ကြောက်ရွံမူကို လိပ်ပြာ မြင်တွေ့ခဲ့ရသည်။

🦋 လိပ်ပြာ လှောင်အိမ်် 🦋 (zawgyi/ Unicode)Donde viven las historias. Descúbrelo ahora