28

1.7K 130 3
                                    

.....မင်းသည်သာ... 🍁🍁🍁...
        ....အပိုင်း (၂၈)....

"ဆရာ..ဒီမှာ.အလောင်းတစ်လောင်းတွေ့တယ်..ဆရာလာကြည့်ပါဦး..."

ထိုပေါက်ကွဲမှုမကြာခင်  တာဝန်ရှိသူများ..အရာရှိများ.ထိုနေရာကိုရောက်လာခဲ့သည်..ရှာဖွေစရာတွေ..သူတို့ဘာသာ..ကြိုးတားပြီးရှာဖွေကျတာကြောင့်..ဂျောင်ဂု..စောင့်ကြည့်ရုံမှတပါးဘာမှမတတ်နိုင်..သူ့မျက်ဝန်းမှာ မျှော်လင့်ချက်နဲ့မျက်ရည်တွေကပြည့်သိပ်နေသည်...ါယွန်းဂီ huyngက. သူ့ကျောပြင်ကိုပွတ်သပ်ကာ..စိတ်လျော့ခိုင်းနေသည်....သူဘယ်လိုမှစိတ်ကိုမလျော့ထားနိုင်ပေ..သူ့ဘဝအတွက်အရေးအပါဆုံးလူမိုလို့..သူအဆုံးရှုံးမခံနိုင်....သူ့မျှော်လင့်ချက်က တာဝန်ရှိသူတစ်ဦးတဲ့စကားသံအောက်မှာ..အရည်ပျော်ကျသွားရသည်..။

"မဟုတ်ဘူး..မဟုတ်ရဘူး..မင်. မဟုတ်ဘူး မောင့်ကို ထားခဲ့လို့မရဘူး မင်!!!!..."

သူအရူးတစ်ယောက်လို..အော်ကာ...တားဆီးထားတဲ့ကြိုးတန်းများကိုကျော်ကာ..ထို့အလောင်းဆီကိုသွားသည်....ထိုနားရောက်တော့..မြင်လိုက်ရတဲ့မြင်ကွင်း.ကြောင့်.သူ့အောက်ကိုထိုင်လျက်သားကျသွားလေသည်....လူရုပ်ကိုပင်မမြင်ရ..အကုန်လောင်ကျွမ်းထားလို့..မဲနေသည်..ဂျောင်ဂု..သူ့စိတ်ကိုဘယ်လိုမှမထိန်းချုပ်နိုင်သလို..သူ့ဘဝကြီးကအမှောင်ကျသွားရသည်....။

"မဟုတ်ဘူး လုံးဝမဟုတ်ဘူး..မင်..မင်းဘယ်မှာလည်း.. မင်..မောင်ခေါ်နေတယ်လေ မင်..အား....မင်...."

ဂျောင်ဂု...ထိုင်နေရာမှထကာ...ဂျီမင်းနာမည်ကိုခေါ်ကာ..ဟိုပြေးဒီပြေးရှာဖွေနေမိသည်..ထိုစဥ်...။

"ဒီမှာ. ဆွဲကြိုးလေးတစ်ကုံး.."

ထိုအသံကြောင့်...ထိုနေရာကိုအလျင်မြန်သွားယူကြည့်လိုက်တော့...သူ..သူ့အပိုင်လေးကိုသူပေးထားတဲ့..ဆွဲကြိုးလေး..သွားပြီ..သူ့မျှော်လင့်ချက်က လုံးဝမဲ့သွားရသည်...ဆွဲကြိုးလေးကို..ကိုင်လျက်သား.သူဒူးထောက်ကျသွားရသည်..ခေါင်းကိုငိုက်စိုက်ကျကာ..သူငိုကြွေးနေမိသည်...။

"ဒါအိမ်မက်မဟုတ်လား..မင်..
မောင်အိမ်မက်မက်နေတာမလား...
ဟုတ်တယ် မောင်အိမ်မက်မက်နေတာ...
မောင့်အပိုင်လေးက..မောင့်ရင်ခွင်ထဲမှာ အမြဲရှိနေတာလေနော်...နော်.အား........မင်...မောင်ရင်တွေကွဲရပါပြီကွာ....မောင့်ဆီကိုပြန်လာခဲ့ပါ...မင်......"

မင်းသည်သာ.🍁🍁🍁Where stories live. Discover now