13uni zg

3.2K 185 4
                                    

...မင်းသည်သာ...🍁🍁🍁...
        ....အပိုင်း (၁၃)

အဆိပ်...

မင်းဆီလာမယ့်..လမ်းမှာဘာတွေ..ဘယ်လိုအဆိပ်တွေရှိရှိ...
မင်းရှိတဲ့နေရာကိုငါအရောက်လာခဲ့မှာ..တနည်းပြောရရင်..မင်းကိုချစ်လို့..အဆိပ်တတ်မယ်ဆိုရင်တောင်..ငါပျော်ပျော်ကြီးအဆိပ်တတ်ခံလိုက်မယ်....
တခုပဲ..ငါ့ကိုမင်းလက်ကမ်းကြိုပေးနော်...။

🍁🍁🍁🍁🍁

ဟင့်အင်းမောင်..ငါ့ကိုအ့လိုမျက်လုံးတွေနဲ့မကြည့်နဲ့လေမောင်..မင်းထင်သလိုမဟုတ်ဘူးလေ..ငါကမျက်နာများတဲ့လူမဟုတ်ဘူးလေမောင်....။

သူ့ကိုစူးစိုက်ကြည့်နေတဲ့  ဂျောင်ဂု မျက်ဝန်းမှ စကားလုံးတွေကြောင့်..ဂျီမင်းဘာစကားမှမပြောနိုင်ပဲ..ခေါင်းကိုသာတွင်တွင်ရမ်းပြစ်မိသည်.။.မျက်ဝန်းမှ မျက်ရည်လေးများသည်လည်း..သူ့ပါးပေါ်ကို  ခစားလာကျချေပီ..။.ကျဆင်းလာတဲ့မျက်ရည်တွေက သုတ်လို့မနိုင်ဖစ်လာတာကြောင့်..ဂျီမင်း.ဂျောင်ဂုနဲ့ထယ်ကို..တချက်မျှသာ ဝေ့ကြည့်ပြီးပြေးထွက်လာခဲ့မိသည်...။​သူပြေးထွက်လာတာနဲ့ ကောင်းကင်က မိုးဟာ..အသိမပေးပဲ..ရွာချလာခဲ့သည်........။

"ဂျီမင်း..မပြေးနဲ့.."

ပြေးထွက်သွားတဲ့ ဂျီမင်းနောက်ကို လိုက်ရန်ခြေလှမ်းပြင်နေတဲ့ ထယ့်ကို ဂျောင်ဂုနောက်ကနေ  လက်ကိုစောင့်ဆွဲထားလိုက်သည်...။

"ဒီမှာ မင်းနေရာမင်းနေရင်..ကောင်းမယ်နော်..မင်းလုပ်ပုံတွေဒီထပ်လွန်လာရင်..ငါအဆိုးမဆိုနဲ့တော့နော်.."

"မင်းက ဘာကောင်မို့..ဘာကောင်မို့..ငါ့ကို အမိန့်လာဆန်နေရတာလည်းဟင်..ခွပ်.."

ထယ်သူ့ကိုဆွဲထားတဲ့ဂျောင်ဂုလက်ကို  စောင့်ရုန်းပီး ဂျောင်ဂုအင်္ကျီကော့လံစကို ဆွဲကိုင်ကာ  မှေးရိုးဆီကို အားနဲ့ထိုးချလိုက်သည်...။ဂျောင်ဂုလည်း..သူ့အသားနာသည်နဲ့..ထယ့်ကိုပြန်ထိုးလေသည်...။တစ်ယောက်နဲ့တစ်ယောက် မိုးရေထဲမှာ..မောနေကျလေသည်...။ဂျောင်ဂု ထယ့်ရင်ဘတ်ကိုစောင့်တွန်းလိုက်တာကြောင့် ထယ်ယောင်းခန္ဓာကိုယ်လေးက ကားလမ်းပေါ်ကိုလှဲကျသွားရလေသည်.။

မင်းသည်သာ.🍁🍁🍁Where stories live. Discover now