12.uni zg..

3.1K 198 7
                                    

.....မင်းသည်သာ...🍁🍁🍁....
     ...အပိုင်း (၁၂)

တရှိုက်မတ်မတ်တမ်းနေသည်မှာ..အချိန်တွေ မည်မျှကြာသွားမှန် း ဂျောင်ဂု  မသိပေ..၊သိလည်းမသိချင်...မောင်လို့..သူခေါ်ခိုင်းတာ မှန်ပေမဲ့...ကြာလိုက်ရတဲ့ အသံချိုချိုလေးကြောင့်.သူ့စကားကိုသူမတည်နိုင်တော့....၊နူတ်ခမ်းဖူးဖူးလေးသည်လည်း  နမ်းလေ နမ်းလေ..မဝ ဖြစ်လေသည်....။.အမုန်းနဲ့သူအစပျိုးခဲ့ပေမဲ့..ခုတော့..သူထိုလူကိုချစ်မိတော့မှာလား...။ထိုစဥ်...သူ့မြင်လွှာမှာပေါ်လာတဲ့..မျက်နာချိုချိူလေးက..သူ့ကို ပြုံးပြနေလေသည်...။ထိုမျက်နာလေးကို မြင်လိုက်မှ ဂျောင်ဂု အနမ်းရေယာဥ်ကျောမှာမျှောနေခဲ့ရာမှ  သူ့ကိုယ်ကြီးဆက်ခနဲ..တုန်သွားရသည်...။တဆက်တည်း..သူနမ်းနေတဲ့..ဂျီမင်း ကိုယ်လေးကို..သူ့ရင်ခွင်ထဲကနေ   တွန်းထုတ်လိုက်မိသည်....။

"နောက်က လိုက်ခဲ့တော့.."

နမ်းနေရင်း  သူ့ကိုတွန်းထုတ်ကာ  ထွက်သွားတဲ့ ဂျောင်ဂုကျောပြင်ကို..ဂျီမင်းနားမလည်စွာ လိုက်ကြည့်နေမိသည်...။သူပဲဇွတ်နမ်း..သူပဲပြန်တွန်းထုတ်သွားတာကြောင့်..ဂျီမင်း ဝမ်းနည်း သွားရသည်....။ဝဲဘက်ရင်အုံလေးကလည်းအနည်းငယ်နာကျင်သွားရသည်။

"ဘာတွေကများ  ထပ်ပီးလွဲချော်သွားရပြန်ပီလည်းမောင်ရယ်...."

ဂျီမင်း...ဂျောင်ဂုအသင့်စောင့်နေတဲ့  ကားဆီကို..လေးလံတဲ့ခြေလှမ်းများနဲ့..လျှောက်လာခဲ့သည်...။
ဘယ်လိုလည်းမောင်ရယ်..ငါကိုခုပဲမျှော်လင့်ချက်တွေပေး..ခုပဲငါ့ကိုတွန်းထုတ်ခဲ့တာလား..ဘယ်တတ်နိုင်ပါ့မလည်းမောင်ရယ်  ငါ့ကံပေါ့...မင်းကိုအပြစ်မတင်ရက်ပါဘူး.။

သူကားပေါ်ရောက်တာနဲ့..ကားက အရှိန်နဲ့စတင်ထွက်ခွာလေသည်...။ကားစတင်ထွက်လာခဲ့ကတည်း..ဂျောင်ဂု စကားတခွန်းမှ မပြောခဲ့သလို...ဂျီမင်းသည်လည်း စိတ်ရှုပ်တွေးနေတဲ့..မောင့် မျက်နာကို  ခိုးခိုးကြည့်ရတာအမော.....။နာကျင်လိုက်တာ..မောင်ရယ်..ငါ့ကြောင့်.မင်းစိတ်ရှုပ်ထွေးနေရပီပေါ့..၊ငါလေ..မင်းကို စမချစ်ခဲ့သင့်ဘူးသိလား....၊ငါ့စိတ်ကိုငါမနိုင်ခဲ့လို့..ဂျီလေးကိုတောင်းပန်နေရတာလည်း..ငါပင်ပန်းတယ်မောင်ရယ်....။

မင်းသည်သာ.🍁🍁🍁Where stories live. Discover now