......မင်းသည်သာ...🍁🍁🍁...
......အပိုင်း.(၄)
"ကလေးငယ်..စားလေကွာ.."
မဆုံနိုင်သေးတဲ့..သံယောဇဥ်ကြိုးကို..ရတဲ့အချိန်လေးမှာ.ရှည်နိုင်သမျှရှည်လာအောင်...ငြိတွယ်သင့်သလောက်ငြိတွယ်လာ အောင်..နမ်းဂျွန်ကြိုးစားရပေမည်။...သူ့ဖြတ်သန်းလာခဲ့တဲ့ဘဝတစ်လျှောက်လုံးမှာ..ဘယ်ပုရိသ..သူစိမ်းကိုမှ..သူ့ရင်မခုန်ဘူးသလို...မျက်လုံးအကြည့်စူးစူးနှင့်လည်းတစ်ခါမှမကြည့်ဖူးခဲ့ပေ..ကလေးငယ်ကိုတော့..သူစတွေ့မိကတည်းက..ငြိတွယ်ရင်ခုန်တာထက်ပို လွန်တဲ့ခံစားချက်ကိုသူခံစားလိုက်ရသည်....။ကံကြမ္မာကပဲ
သူ့ကိုမျက်နှာသာပေးသလားမသိ..ခုကလေးငယ်က..သူနှင့်ရှေ့ မှာထိုင်နေလေပြီ...ဟိုတစ်နေ့တွေ့ဖို့ချိန်းထားတဲ့ကိစ္စမှာလည်း..တစ်ယောက်နှင့်တစ်ယောက်မသိဘဲ..အိမ်တိုင်ရာရောက်လိုက်ပို့ပေးခဲ့သည်။
ထိုနောက်ပိုင်းကမှစလို့..သူနှင့်ဘယ်လိုမှမတည့်ခဲ့သော အဖေ့ကို..ကလေးကိုလက်ထက်ရန် သူခေါင်းငြိမ့်လက်ခံလိုက်သည်။သူ့စကားကြောင့်...တအံ့တသဩဖြစ်သွားတဲ့အဖေက.စကားတစ်ခွန်းကိုဆိုလိုက်လေသည်...။
"အော်..ငါ့သား..ငါ့သား..ခုတော့စျာန်လျှောပြီပေါ့.."
အဖေ့အပြောကိုသူပြုံး၍သာ..နားထောင်မိခဲ့သည်...သည်နေ့လည်း..ကလေးငယ်ကို..ညနေစာကျွေးရန်ခေါ်လာခဲ့ပြီး..အကောင်းဆုံးဆိုတဲ့ဆိုင်မှာ ထိုင်ဖြစ်
ခဲ့ကျသည်.....သူနှင့် မျက်နှာ ချင်းဆိုင်မှာထိုင်နေတဲ့ကလေးငယ်ကိုတစိမ့်စိမ့်ကြည့်ရင်း.သူတသိမ့်သိမ့်ရန်ခုန်နေမိတာကိုတော့..သူမှလွဲပြီး တခြားလူမသိပေ...မှာသမျှလာချတဲ့..ဟင်းအမယ်တွေကို..ကလေးငယ်ပန်းကန်ထဲကိုသာ..သူထည့်ပေးနေမိသည်..သူကတော့ခုထိ..ပါးစပ်ထဲ..ထမင်းတစ်လုပ်တောင်မဝင်သေးပေ....။
"စားများမကောင်းလို့လားဟင်..ကလေးငယ်.."
"မဟုတ်..မဟုတ်ပါဘူး.. စားလို့ကောင်းပါတယ်..ဗိုက်သိပ်မဆာသေးလို့ပါ.."
ဂျီမင်း..သူ့ရှေ့ကနေ..သူ့ကိုတစိမ့်စိမ့်ငေးနေတဲ့..လူကြီးကြောင့်..ဘယ်လိုမှမနေတတ်တော့ပေ..လေးလေးကိုယ်တိုင်ကလည်း..ထိုလူက.မင်းနဲ့လက်ဆက်ပေးမည့်သူ လို့ပြောလိုက်ခြင်းကြောင့်ပို၍ပင်မျက်နှာ ပူနေခြင်းပေ...ထိုလူကြီးကိုမြင်မြင်ချင်း..အကိုကြီးတစ်ယောက်လို..ခင်မင်ပေမယ့်...သူ့ရဲ့

YOU ARE READING
မင်းသည်သာ.🍁🍁🍁
Fanfic"မင်းသည်သာ" ပထမဆုနဲ့... ဒုတိယလူပါ... ပထမလူနဲ့ ပေါင်းဖက်ခွင့်မရပေမဲ့.. မင်းနဲ့တော့ ပေါင်းဖက်ခွင့်ရချင်တယ်... . . jeon jung kook... မောင်ပေးတဲ့.... ဒဏ်ရာတွေကို ကိုယ်ကျေကျေနပ်နပ်နဲ့... လက်ခံပါ့မယ် မောင်ရယ်... တစ်ခုပဲ ကိုယ့်ကိုတော့... သူ့နေရာမှာ အစားမထိ...