.....မင်းသည်သာ...🍁🍁🍁...
....အပိုင်း (၂၇)....ဂျီမင်း..သောနဲ့အစ်ကိုကြီးရဲ့အခြေနေကိုခိုးနားထောင်းနေမိသည်...သူ..သော..ကိုအကုန်လုံးဖွင့်ပြောပြလိုက်ပြီးပြီလေ၊..ပိုပိုသာသာလေးတွေပါထည့်ပြောခဲ့သည်...နားထောင်နေရင်း..သူလိုချင်တဲ့အခြေနေတစ်ခုကိုရောက်လာတာကြောင့်..သူဆက်နားမထောင်တော့ပဲ..ထိုနေရာမှထွက်လာခဲ့သည်...လုံးလောက်ပြီ..ဒီလောက်ဆို..သောနဲ့အစ်ကိုကြီးချစ်သူဖြစ်ပြီ.....
အပြုံးတွေပေါသီစွာနဲ့..ဆေးရုံထဲကထွက်လာခဲ့သည်...ရင်ထဲကကြည်နူးမှုကြောင့်..ဘယ်နေရာကိုကြည့်ကြည့်..လှနေသည်...ကားပိတ်နေတဲ့ကားတန်းကြီးကလည်းလှတာပဲ..အမှိုက်သိမ်းနေတဲ့..လူကြီးတွေကလည်း..လှတာပဲ...ဟော...ကျီကန်းသံ၊ငှက်ပျံသံတောင်.သူ့နားထဲနာဝင်ချိုနေသည်....။ ဂျီမင်းကို..မောင်ကလည်းလာမကြိုနိုင်တာကြောင့်..သူတက္ကစီငှားရန်သာ..ကားရှာနေသည်...။ကားငှားလို့ရမဲ့နေရာကိုရှာရင်းရှာရင်းနဲ့.တစ်နေရာကိုအရောက်..ရုတ်တရပ် လမ်းကွေ့မှာ
ထွက်လာတဲ့ကားက..သူ့ကိုတိုက်မိလေသည်...။ကားကအရှိန်မများပေမဲ့..ဂျီမင်း.နောက်ကိုလန်ကျသွားရလေသည်..။ထိုသို့လန်အကျ..သူ့ခေါင်းမှာပူခနဲဖြစ်
သွားရသည်..မျက်လုံးတွေလည်းပြာဝေလာခဲ့သည်...အစောကဘယ်နေရာကြည့်ကြည့်လှနေတဲ့အရာခမ်းသိမ်းအားလုံးသည်..အမှောင်ဖုံးလွှမ်းသွားရသည်..ထိုသို့အမှောင်မဖုံးခင်..ကားပေါ်ကဆင်းလာတဲ့လူကို.ဂျီမင်း ဝိုးတဝါးမြင်လိုက်ရသည်...။"လီ.ဆို ဟွန်း...."
ထိုနာမည်သာခေါ်နိုင်ပြီး...သူ့ကမ္ဘာအမှောင်ကျသွားရသည်...။
ကြည်လင်နေတဲ့..ကောင်းကင်သည်လည်း..မကောင်းတဲ့အငွေ့သက်ကြောင့်..တဖြေးဖြေး မဲမှောင်လာသည်.....။
လီဆိုဟွန်း..မဲ့ပြုံးနဲ့..ဘေးဘီကိုဝေ့ကြည့်တော့..သူတို့ကိုအာရုံမထားတဲ့လူတွေကြောင့်..သူ့မဲ့ပြုံးကပိုအသက်ဝင်လာသည်...ဂျီမင်းကို..သူ့လက်နဲ့အသာနှိုးကြည့်ပြီးတာနဲ့..သူ့ပခုံးပေါ်ကောက်ထမ်းကာ.ကားဆီကိုခေါ်ဆောင်လာသည်..ကားပေါ်ကိုရောက်တာနဲ့..သူ့ဖုန်းကိုစက်ပိတ်ချလိုက်ကာ....။"ငါဘယ်သူ့အမိန့်မှ နာခံစရာမလိုတော့ဘူး..အဟက်.."
ကားလေးသည်လျှောခနဲပြေးထွက်သွားလေသည်....။

YOU ARE READING
မင်းသည်သာ.🍁🍁🍁
Fanfiction"မင်းသည်သာ" ပထမဆုနဲ့... ဒုတိယလူပါ... ပထမလူနဲ့ ပေါင်းဖက်ခွင့်မရပေမဲ့.. မင်းနဲ့တော့ ပေါင်းဖက်ခွင့်ရချင်တယ်... . . jeon jung kook... မောင်ပေးတဲ့.... ဒဏ်ရာတွေကို ကိုယ်ကျေကျေနပ်နပ်နဲ့... လက်ခံပါ့မယ် မောင်ရယ်... တစ်ခုပဲ ကိုယ့်ကိုတော့... သူ့နေရာမှာ အစားမထိ...