Scene #7 : 昊

4K 614 63
                                    

ဝါဖျော့သည့် မီးရောင်များကြောင့် ထင်ပါ၏ ၊ သိပ်ပြီး မရင်းနှီးသေးကြသည့် လူများက စုဝေးနေပါသည့် ဆိုင်တစ်ခု ဖြစ်နေပါသည့်တိုင် နွေးထွေးဖော်ရွေသည့် အငွေ့အသက်များကိုတော့ ရနေနိုင်ပါသည်။ ကိန်းကြီးခန်းကြီး နိုင်နေသည့် စားသောက်ဆိုင်မျိုး မဟုတ်လေဘဲ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းများနှင့် အတူတူ လာထိုင်နေကျ လမ်းဘေးဆိုင်လေးလိုမျိုး ဖွင့်ထားသည့် ဆိုင်ခန်းမျိုး ဖြစ်ပါသဖြင့် စားရသောက်ရသည်ကိုလည်း စိတ်လက်ပေါ့ပါးစေလေ၏။

ဒီနေ့ ပွဲရှိသည်ကို နောက်ဆုံးမှ သိလေသည့် ကျန်းဟောင့်က ပြင်ဆင်နေရသေးပါသဖြင့် သူနှင့် ဂျီအွန်းက နောက်ဆုံးမှ ရောက်သွားခဲ့ရလေသည်။ ဆိုင်ထဲသို့ ခြေချမိသည်နှင့် သူနှင့် ဂင်မ်ဂျီအွန်းကို လူတိုင်းက ဝိုင်းကြည့်ပြီးနောက် ချက်ချင်းဆိုသလိုပင် နောက်ကျမှ ရောက်လာပါသဖြင့် သောက်ရမည် ဟု အော်ဟစ်ကြကာ လက်ထဲသို့ ဆိုဂျူခွက်များကို လာပြီး ထိုးပေးလျက်သား။

" သောက်ပါ့မယ် ဖြည်းဖြည်းပေါ့ "

ဂျီအွန်းကတော့ ချက်ချင်းပင် ဆိုဂျူခွက်ကို မော့ချလိုက်ပါသည့်တိုင် ကျန်းဟောင့်ကမူ ခွက်ကို ကြည့်လိုက်ပြီးနောက် အနည်းငယ်မျှ တွေဝေနေခဲ့ပါသေး၏။ ထို့နောက်တွင်မူ ဖြစ်ချင်ရာဖြစ် ဆိုသည့် စိတ်ဓာတ်ကို မွေးရင်းဖြင့် ခွက်ကို မော့ချလိုက်သည့်အခါ ပူရှိန်းရှိန်း ဆိုဂျူများက လည်ပင်းတလျှောက်ကို စီးဝင်သွားရှာသည်။ တစ်ကိုယ်လုံး နွေးခနဲ ဖြစ်သွားသည်နှင့်ထပ်တူ ကျန်းဟောင့်အဖို့လည်း တုန်လှုပ်နေသည့် စိတ်တို့က အနည်းငယ်မျှ ပပျောက်သွားရသလို။

ဤဇာတ်ကားအတွက် အရေးပါသူနှစ်ယောက်ဟု ခေါ်လို့ရနိုင်သည့် သူတို့နှစ်ယောက်အတွက်တော့ နေရာက သီးသန့်ဖယ်ထားနှင့်ပြီးသား။ သေချာပေါက်ကို ဆောင်းဟန်ဘင်းနှင့် ဆော့မက်သျူး၏ ဘေး၌ပင်။ ဂင်မ်ဂျီအွန်းကတော့ သေချာပေါက် မက်သျူး၏ ဘေးတွင် ဝင်ထိုင်မည်ဖြစ်ကြောင်းက ပြေးကြည့်စရာတောင် မလိုသည့်အတွက် ကျန်းဟောင့်ဟာ သူ ပတ်ထားသည့် မာဖလာကို ဖယ်လိုက်ရင်း ဆောင်းဟန်ဘင်း၏ ဘေးတွင် ဝင်ထိုင်လိုက်ရသည်။

Starstruck LoveWhere stories live. Discover now