Extra #3 : Contradictions

2.6K 418 23
                                    

ဆောင်းဟန်ဘင်းဟာ အိမ်ထဲသို့ ခြေပြန်ချမိသည်နှင့် ပထမဆုံး လုပ်မိသည်မှာ သက်ပြင်းချမိလိုက်ခြင်းပင်။ အေဂျင်စီနှင့် ဆွေးနွေးရခြင်းမှာ သူ ထင်ထားသည်ထက် ပိုပြီးတော့ ရှည်ကြာခဲ့ပြီး အငြင်းအခုံများလည်း ပိုပြီးတော့ များခဲ့သည် မဟုတ်ပါလား။

အပြင်၌ စိတ်ညစ်လာရသမျှကို အကုန်လုံး လွှတ်ချလိုက်သည့်အခါ မနက်ကတည်းက သူ ခေတ္တမျှ မေ့ဖျောက်ထားခဲ့ရသည့် အတွေးများက ခေါင်းထဲသို့ ပြန်ရောက်လာခဲ့သည်။ အခုထက်ထိ လင်းနေသည့် ဧည့်ခန်းထဲမှ မီးရောင်ဖျော့ဖျော့ကို ကြည့်လိုက်ရုံဖြင့် တစ်ဖက်သားကလည်း သူ့ကို စောင့်ဆိုင်းနေသည်မှာ အသိအသာ။

တံခါးဖွင့်သံကို ကြားရလောက်ပါသည့်တိုင် သူ့နားကို ရောက်မလာပုံကို ထောက်ငှဲ့ကြည့်လိုက်ပါလျှင် ကျန်းဟောင့်က သူ့အတွေးများကြားတွင် သူ မျောနေပြန်ပြီ ထင်ပါ၏။

အနည်းငယ်မျှ လေးပင်နေသည့် ခြေလှမ်းများဖြင့် ဧည့်ခန်းထဲသို့ လျှောက်သွားလိုက်သည့်အခါ ဆိုဖာပေါ်တွင် ခေါင်းအုံးတစ်လုံးကို ဖက်ထားပြီး ဒူးကို ထောင်ကာ ထိုင်နေသည့် ကျန်းဟောင့်က မျက်လုံးလေးများကိုသာ ပင့်လိုက်ရင်းဖြင့် သူ့ကို လှမ်းကြည့်လာခဲ့သည်။ အနည်းငယ်မျှ ဖောင်းမို့နေသော မျက်ခမ်းစပ်များကို မြင်လိုက်ရသည့်အခါ ဟန်ဘင်းက ရင်ထဲ ဆစ်ခနဲ ၊ သေချာပေါက်ကို ငိုထားသည် မဟုတ်ပါလား။

" ငိုစရာ ဘာပါလို့လဲ ဟာနူးလ်ရဲ့ "

စိတ်မကောင်းမှုတို့ ပြည့်နှက်နေသည့် အသံဖြင့် ပြောလိုက်ရင်း ဟန်ဘင်းက သူ့ဘေးတွင် ဝင်ထိုင်လိုက်သည့်အခါ ကျန်းဟောင့်က ဘာစကားမှ မပြောဘဲ သူ့ပခုံးကို လာမှီသည်။ ဟန်ဘင်းကိုယ်တိုင်လည်း သူ့ဘက်တွင် ဖြစ်နေသည့် ကိစ္စများကို ဘယ်ကနေဘယ်လိုမျိုး စပြောရမလဲ ဆိုသည့်အကြောင်းကို တွေးမတတ်ခဲ့။ သို့သည့်တိုင် သူ မပြောပါလျှင် ကျန်းဟောင့်က သေချာပေါက် သူ့ကိုယ်သူပဲ အပြစ်တင်နေလောက်သည် မဟုတ်ပါလား။

" ဟန်ဘင်း.. "

" အွန်း "

" တောင်းပန်ပါတယ် "

Starstruck LoveWhere stories live. Discover now