Action #18 : Starry Sky

5.2K 718 151
                                    

သာမန်အတိုင်း ကုန်ဆုံးကျော်လွန်သွားပါသည့် သာမန်နေ့ရက်များပါပင်။

ဂျီအွန်းကလည်း အခြားဇာတ်ကားတစ်ခုကို ရိုက်ကူးရဖို့ ဖြစ်လာပါသည့်အတွက် ဇာတ်လမ်းတည်းဖြတ်ရေးတွင်လည်း မပါနိုင်တော့လေဘဲ အခြားလူလက်ထဲသို့သာ ဝကွက်အပ်လိုက်ရသည်။ အစကတည်းက ပရော်ဖက်ရှင်နယ် ဆန်လှသည့် အဖွဲ့ဖြစ်ပါသဖြင့် စိုးရိမ်စရာတော့ သိပ်ပြီး မလိုလှပါချေ။

၁၉၅၀ နှောင်းပိုင်းလောက်မှ ဇာတ်ကြောင်းကို ရိုက်ကူးရမည့် ဇာတ်ကားဖြစ်နေသည့်အပြင် ဂျီအွန်းကိုယ်တိုင်ကလည်း စစ်မှန်သည့် ခံစားချက်မျိုးကိုသာ ပေးချင်ခဲ့သည့်အတွက် မြို့နှင့် အနည်းငယ်မျှ လှမ်းပြီး ရှုခင်းအင်မတန် လှပါသည့် မြို့ငယ်လေးတစ်ခုတွင် ရိုက်ကူးဖို့အတွက် ရွေးချယ်ထားခဲ့သည်။

တကယ်တမ်းကျ.. ရှောင်ပြေးခြင်း တစ်ခုဆိုလျှင်လည်း မှားမနေခဲ့ပါချေ။ အနည်းဆုံးတော့ နေရာအသစ်အဆန်းထံသို့ ရောက်ပြီး ယခင်နှင့် တူမနေသည့် အရာဝတ္ထုများ ၊ လူပုဂ္ဂိုလ်များကို တွေ့ရပါလျှင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ တည်ဆောက်နေသည့် ကဏ္ဍက ထင်ထားသည်ထက်တော့ အရှိန်မြန်နိုင်လိမ့်မည် မဟုတ်ပါလား။

ဘယ်လိုပဲ အားတင်းပြီးတော့ ပြောခဲ့ပါစေ ၊ သူကလည်း လူတစ်ယောက်ပင် ဖြစ်ခဲ့သည့်အတွက် ချက်ချင်းလက်ငင်းကြီးတော့ မက်သျူးကို မေ့သွားနိုင်လိမ့်မည် မဟုတ်ပါချေ။ သို့သည့်တိုင် အဆက်အသွယ် မရှိပါလျှင် ၊ သူနှင့် ဝေးဝေးလံလံ နေရာသို့ ရောက်နေခဲ့ပါလျှင် ၊ သူ့အငွေ့အသက်များနှင့် မနီးစပ်ခဲ့တော့ပါလျှင် တဖြည်းဖြည်းချင်းဖြင့် တစ်ဖက်သား၏ ဖြစ်တည်မှုက သူ့ဘဝထဲ၌ မှေးမှိန်သွားပါလိမ့်မည်။

ထို့အပြင် အလုပ်ထဲသို့သာ စိတ်နှစ်ထားခဲ့ပါလျှင် သူလည်း အခြားကိစ္စများထံသို့ ရောက်တတ်ရာရာ တွေးနေမိလိမ့်မည်မဟုတ်တော့။

သူ ခရီးမထွက်ရခင် နောက်ဆုံးနေ့၌ ကျန်းဟောင့်က သူ့အိမ်ကို ထမင်းခေါ်ကျွေးလေသည်။ သူ့အိမ်ဆိုသည်ထက် အတိအကျ ပြောရပါလျှင် ဆောင်းဟန်ဘင်း အိမ်ကိုပင်။ အစကမူ ဂျီအွန်းဟာ သူတို့ မှာထားသည့် ဟင်းများကို စားရလောက်သည်ဟု တွေးမိခဲ့ပါသည့်တိုင် အေပရွန်ဝတ်ထားသည့် ဆောင်းဟန်ဘင်းကို မီးဖိုချောင်ထဲ၌ တွေ့လိုက်ရသည့်အခါ တော်တော်လေးကို အံ့သြသွားမိလေ၏။

Starstruck LoveWhere stories live. Discover now