Take #9.5 : Like You

4.4K 679 38
                                    

Recommended Song - I like you / Cho Jungseok

-

ကာရာအိုကေ အခန်းကျယ်ကျယ်တွင် လူ ၁၅ ယောက်ကျော်မျှက စုဝေးနေခဲ့ကြသဖြင့် ငြိမ်သက်ကျသွားသည့် အချိန်ဟူ၍ ရှိမနေခဲ့။ စားပွဲပေါ်တွင်လည်း ဘီယာပုလင်းများ ၊ အာလူးကြော်များအပြင် အခြားသော မုန့်ပေါင်းစုံကလည်း နေရာယူလို့ထားသေးသည်။

ရိုက်ကူးရေး အဖွဲ့ထဲမှ လူများက တစ်ယောက်ပြီးတစ်ယောက် သူတို့စိတ်တိုင်းကျ သီချင်းများကို ထည့်ပြီး သီဆိုနေခဲ့ကြလေ၏။ ကီးကြောင်သူကလည်း ကြောင် ၊ သံစဥ်မမှန်သူကလည်း မမှန် ဖြစ်နေခဲ့ပါသည့်တိုင် လူတိုင်းက ပျော်နေခဲ့ကြသည်ဖြစ်လေ၍ အထူးတထွေတော့ စိတ်ညစ်စရာ မရှိခဲ့။

ဂင်မ်ဂျီအွန်းကမူ ‌ထောင့်တစ်နေရာတွင် ထိုင်နေပြီး ဖုန်းကို တစ်ချက် ထုတ်ကြည့်မိလိုက်သည်။ ဖုန်းထဲ၌မူ သူ ကျန်းဟောင့်ထံသို့ ပို့ထားသည့် စာက အခုထက်ထိ ဖတ်ပြီးကြောင်း ပေါ်မလာသေးခဲ့။ ပုံမှန်ဆိုလျှင် ကျန်းဟောင့်က အရက်မသောက်နိုင်သောကြောင့် မူးတာနှင့် အိပ်တတ်သော်ငြား ဆောင်းဟန်ဘင်းက ခေါ်သွားသည့်အတွက် တစ်ခုခု ဖြစ်သွားလိမ့်မည်ကို ဂျီအွန်းက စိုးရိမ်ရသည်ပင်။

" ဂျီအူးဟျောင်း ဘာလို့ ဖုန်းပဲ ခဏခဏ ကြည့်နေတာလဲ "

ဘေးနားတွင် ထိုင်နေသည့် မက်သျူးက အာလူးကြော်တစ်ချောင်းကို အချဥ်ရည်ထဲသို့ နှစ်လိုက်ကာ ပါးစပ်ထဲသို့ ထည့်လိုက်ရင်းဖြင့် သူ့ကို လှမ်းကြည့်ကာ ပြောလာခဲ့၏။ ဂျီအွန်းဟာ ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် အပူအပင်သိပ်မရှိလေသည့် မျက်နှာထားမျိုးဖြင့်သာ ပြန်ဖြေလိုက်လေ၏။

" မဟုတ်ပါဘူး ၊ ဟာအို့ကို အခြေအနေမေးထားတာ ပြန်မဖြေသေးလို့ ၊ ကြည့်ရတာ.. အိပ်ပျော်သွားပြီထင်တယ် "

" အွန်း.. ဟန်ဘင်းဟျောင်းက ခေါ်သွားတာဆိုတော့ အဆင်ပြေမှာပါ "

ဂျီအွန်းက မက်သျူး၏ မျက်နှာကို သုံးစက္ကန့်ကျော်မျှ စိုက်ကြည့်မိလိုက်သည့်အခါ မက်သျူး၏ လည်ပင်းက ရဲတောက်နေခဲ့ကြောင်း မြင်လိုက်ရသည်။ ထိုအခါမှသာ သူတို့စားပွဲပေါ်တွင် ရှိနေသည့် ဘီယာပုလင်းများ၏ တစ်ဝက်ကျော်လောက်က အကုန်လုံး မက်သျူး၏ အစာအိမ်ထဲသို့ ဝင်သွားခဲ့ကြောင်း သူ ပြန်သတိရသွားရ၏။

Starstruck LoveWhere stories live. Discover now