Take #13 : Tangled

4.4K 635 137
                                    

ယနေ့ဟာ သူတို့ ရိုက်ကွင်း၏ နောက်ဆုံးရက်ပင်။

ရိုက်ကူးရေးအဖွဲ့ဝင်များအားလုံးဟာ ရိုက်ကွင်းပိတ်သိမ်းမှုကို ဂုဏ်ပြုဖို့ရာအတွက် အဓိကဇာတ်‌ဆောင် နှစ်ယောက်ထံသို့ နှင်းဆီပန်းစည်းလှလှလေးများကို ပေးခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံများလည်း အများကြီး ရိုက်ကူးခဲ့ကြလေ၏။ ဆောင်းဟန်ဘင်းနှင့် ‌ဆော့မက်သျူးအပြင် အခြားသော သရုပ်ဆောင်များကလည်း ဤရိုက်ကူးရေး သုံးလအတောအတွင်း သူတို့ကို ဂရုစိုက်ပေးခဲ့ပါသဖြင့် ကျေးဇူးတင်ပါကြောင်း အသီးသီး လိုက်နှုတ်ဆက်နေခဲ့ကြသည်။

ကျန်းဟောင့်ကိုလည်း လူအတော်များများက အခုလိုမျိုး အလုပ်တွဲလုပ်ခဲ့ရပါသဖြင့် ဂုဏ်ယူမိပါကြောင်း ၊ နောက်လည်း အခြားသော ဇာတ်လမ်းတွဲများတွင် ပြန်ဆုံချင်ပါကြောင်း လာနှုတ်ဆက်ခဲ့ပါသဖြင့် သူကိုယ်တိုင်လည်း ဝတ်ကျေတန်းကျေသာ ပြန်ပြီးတော့ ခေါင်းညိတ်ပြမိပါသည့်တိုင် ခေါင်းထဲ၌ နေရာယူထားခဲ့သည်မှာ အခြားသော အတွေးများ။

ပြောမရပါချေ ၊ ဒီဇာတ်လမ်းတွဲအတွက် သူ့အတွက်တော့ ပထမဆုံးနဲ့ နောက်ဆုံး ဇာတ်လမ်းတွဲလည်း ဖြစ်သွားနိုင်သည်ပင်။ အနုပညာလောကထဲ၌ ကျင်လည်ဖို့အတွက် ကျန်းဟောင့်ထံ၌ ယုံကြည်ချက်မရှိပါချေ။

" အဖွဲ့လိုက်ဓာတ်ပုံ ရိုက်ကြမယ် "

အော်ခေါ်သံတစ်ချက်ကြောင့် ကျန်းဟောင့်က နေရာမှ ထပြီး လူတိုင်း စုဝေးနေသည့် နေရာသို့ လျှောက်သွားရလေ၏။ အစကမူ သူက ဘယ်နေရာတွင် ရပ်သင့်ကြောင်း မသိဘဲ တွေဝေနေပါသည့်တိုင် မက်သျူးက ခပ်သွက်သွက်ဖြင့်ပင် " ဟာအိုဟျောင်း " ဟု လှမ်းခေါ်ရင်း သူ့လက်ကို လှမ်းဆွဲလိုက်ပါသဖြင့် ကျန်းဟောင့်ကလည်း ငှက်မွေးလေးတစ်ချောင်းလိုပင် ပေါ့ပေါ့ပါးပါးဖြင့် သူ့ဘေးနားသို့ ရောက်သွားရသည်။

" ရိုက်တော့မယ်နော် ၁ ၂ "

ဘာပို့စ်လုပ်ရမည်မှန်း မသိခဲ့ပါသည့် ကျန်းဟောင့်က ဒီအတိုင်း လက်နှစ်ဖက်ကို သူ ဝတ်ထားသည့် အနွေးထည်ထဲသို့သာ ထည့်ထားမိလိုက်၏။ မက်သျူးကမူ ဟန်ဘင်းနှင့် အတူတူ ပို့စ်ပေးခဲ့ပြီးနောက် လက်နှစ်ချောင်းကို ထောင်ထားရင်းဖြင့် သူ့လက်ကို လာချိတ်လေသည့်အခါ ကျန်းဟောင့်လည်း ပြုံးပြီး ပြန်ကြည့်မိလိုက်သည်။

Starstruck LoveWhere stories live. Discover now